Sunday 6 September 2015

ဆွံ့အနေသူအား သားမယားကျင့်

ရမည်းသင်း မြို့နယ်တွင် ဆွံ့အနေသူအား သားမယားအဖြစ် ပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲရုံးထံက သိရသည်။
သြဂုတ် (၃၀)ရက်နေ့ နံနက်ပိုင်း အချိန်တွင် မ......(၁၈)နှစ်သည် ရွာထဲသွားသည့် အစ်မဖြစ်သူနောက်သို့ လိုက်သွားရာ တစ်ရွာတည်းနေ ဦး...... (၆၁)နှစ်မှ မ.....(၁၈) နှစ်အား နေအိမ်ပေါ်သို့ အတင်းအဓမ္မ ခေါ်ဆောင်ကာ သားမယားအဖြစ် ပြုကျင့်ခဲ့သည်။

ထိုသို့ဖြစ်ခဲ့သည်ကို မ......(၁၈)နှစ်မှ ၄င်း၏အစ်မဖြစ်သူအား အမူအယာဖြင့် ပြောပြခဲ့သဖြင့် ယခုလ (၃)ရက်နေ့တွင် တိုင်တန်းခဲ့သည်။
အဆိုပါအမှုအား မြို့မစခန်း (ရမည်းသင်း) (ပ)၁၉၅/၂၀၁၅ ပြစ်မှုပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။
The Messenger Media

No comments:

Post a Comment