Tuesday 9 June 2015

အမေရိကန် ခရီးစဉ်မြင်ကွင်းတွေ ထည့်သွင်းရိုက်ကူးထားတဲ့ Snare အဖွဲ့ရဲ့ လိုက်ဖ်ရှိုး

အမေရိကန်နိုင်ငံတွင်ဒီဗီ ဒီရိုက်ကူးခဲ့သည့် သီချင်းတစ်ပုဒ် အပါအ၀င် သီချင်းသစ်များပါဝင် မည့် Snare အဖွဲ့၏ လိုက်ဖ်ရှိုး ဒီ ဗီဒ်ီအခွေကို မကြာမီဖြန့်ချိပေး မည်ဖြစ်ကြောင်း Snare အဖွဲ့မှ နေ၀င်းက ပြောသည်။
‘‘Snare အဖွဲ့ရဲ့ လိုက်ဖ်ရှိုး အခွေဖြန့်ဖို့ရှိတယ်။ အဲဒီအခွေမှာ သီချင်းအသစ်   သုံး၊ လေးပုဒ် လောက်ပါမယ်။ သီချင်းအသစ် တွေအတွက် အမ်တီဗီတွေလည်း ရိုက်နေတယ်။ မိစန္ဒီနဲ့တစ်ပုဒ်ဆို ရင် အမေရိကမှာ ရိုက်လာတယ်’’ ဟု ၎င်းကပြောသည်။Snare အဖွဲ့၏ ပထမဆုံး တစ်ကိုယ်တော် လိုက်ဖ်ရှိုးဖျော် ဖြေပွဲကို ၂၀၁၄ က ပြုလုပ်ခဲ့ပြီး ယင်း လိုက်ဖ်ရှိုးပွဲကျင်းပစဉ်က မ ပါဝင်ခဲ့သည့် သီချင်းအသစ်များ ကိုပါ ယခုဒီဗီဒီအခွေ၌ ထည့်သွင်း  ထားခြင်းဖြစ်သည်။

ယင်းအခွေကို အောက်တို ဘာလနောက်ဆုံးထား၍ ထွက်ရှိ နိုင်ရန် စီစဉ်နေပြီး သီချင်းစုစု ပေါင်း ၁၅ ပုဒ်ခန့်ပါဝင်မည်ဟု ၎င်းက ဆိုသည်။
လိုက်ဖ်ရှိုးခွေဖြန့်ချိပြီးပါက ၎င်းတို့၏ တတိယတစ်ကိုယ်တော် ခွေထွက်ရှိမည်ဖြစ်ပြီး ယင်းအခွေ အတွက်လည်း စတင်ပြင်ဆင်နေ ပြီဟု နေ၀င်းကပြောသည်။
လတ်တလော အနုပညာ လှုပ်ရှားမှုအနေဖြင့် ပြည်တွင်း ဖျော်ဖြေပွဲများ ဆက်တိုက်ပြုလုပ်  ရန်အစီအစဉ်ရှိသည်ဟု နေ၀င်း ကပြောသည်။
Snare အဖွဲ့သည် ပြီးခဲ့ သည့် မေလအတွင်း အမေရိကန်နိုင်ငံသို့သွားရောက်ဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး ယင်းခရီးစဉ်သည် ၎င်းတို့အတွက် ပျော်ရွှင်စရာခရီးစဉ်တစ်ခု ဖြစ်ကာ ပရိသတ်အားပေးမှုလည်း ရရှိခဲ့ကြောင်း   နေ၀င်းက ပြော သည်။
7 day

No comments:

Post a Comment