Tuesday 9 June 2015

မိန်းမဘဝသို့ ကူးပြောင်းထားသူ ဘရုစ်ဂျန်နာကို သားသမီးများက အဖေလို့သာ ခေါ်နေဆဲဖြစ်

ရုပ်သံအကျော်အမော် ကင်ကာဒစ်ရှန်၏ ပထွေးဖြစ်သူ ဘရုစ်ဂျန်နာသည် မိန်းမဘဝသို့ ကူးပြောင်းခဲ့ပြီး နာမည်ကို ကိတ်လန်ဂျန်နာ အဖြစ်ပြောင်းကာ ဇူလိုင်လထုတ် Vanity Fair မဂ္ဂဇင်း မျက်နှာဖုံးတွင် ပါဝင်ခဲ့ပြီး ၎င်းမိန်းမဘဝသို့ ကူးပြောင်းသွားသည့် အကြောင်းကို ကမ္ဘာတစ်ဝှမ်းကို ပထမဆုံးအကြိမ်အဖြစ် ဖွင့်ချပြသခဲ့သည်။


ယခုအခါ ကိတ်လန်ဂျန်နာအကြောင်းကို ယခုသီတင်းပတ်ထုတ် PEOPLE မဂ္ဂဇင်းက မျက်နှာဖုံးတွင် ဖော်ပြခဲ့သည်။ ယခုအခါ ၁၉၇၆ ခုနှစ် အိုလံပစ် ရွှေတံဆိပ်ဆုရှင် ဂျန်နာသည်  မဂ္ဂဇင်းများတွင် လိင်ပြောင်းထားသူ တစ်ဦးအဖြစ် တစ်စေ့တစ်စောင်း ဖော်ပြခြင်းခံနေရသူ တစ်ဦးအဖြစ် ရေးပန်စားလာခဲ့သည်။

“သူမွေးလာကတည်းက ကျွန်မသူ့ကို ဘရုစ်လို့ခေါ်လာတာ။ အခေါ်အဝေါ်ပြောင်းဖို့ အချိန်ယူရဦးမှာပါ။ ဒါပေမဲ့လည်း ကျွန်မ ကျင့်သားရအောင် ပြုမှုနေထိုင်သွားမှာပါ” ဟု  အသက် ၈၈ နှစ်အရွယ်ရှိ မိခင်ဖြစ်သူ အက်စ်သာဂျန်နာက ပြောကြားခဲ့သည်။

"ဒါဟာ သာမာန်သတင်းတစ်ခုပါပဲလို့ ကင်ကာဒစ်ရှန်က ပြောပါတယ်” ဟု ကင်ကာဒစ်ရှန်နှင့်နီးစပ်သည့် သတင်းအရင်းမြစ်က ပြောကြားသည်။ “ကျွန်မ အဖေလို့ပဲ ခေါ်နေတုန်းပါပဲ။ ကျွန်မ ကိတ်လန်နဲ့ ဆက်ဆံရေးဟာ ဘရုစ်ဘ၀ထက်စာရင် အများကြီး ပိုကောင်းလာပါတယ်။ ဒါပေမဲ့ ကျွန်မတို့ မိသားစုဝင်တွေက အခေါ်အဝေါ်ပြောင်းဖို့ အချိန်ယူရဦးမှာပါလို့” ကိတ်လန်၏ သမီးဖြစ်သူ ကက်ဆန်ဒရာက ပြောကြားခဲ့သည်။

"ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုလုပ်ဖို့ အချိန်ယူရသလိုမျိုး ဘရုစ်ဘ၀မှ ကိတ်လန် ဘဝအဖြစ်သို့ ကူးပြောင်းရာမှာလည်း စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေလုပ်ဖို့ အချိန်ယူရဦးမှာပါလို့” KUWTK ထုတ်လုပ်ရေးက ပြောကြားသည်။
mizzima

No comments:

Post a Comment