Thursday 18 June 2015

၂၀၁၆ ခုနှစ်တွင် အမေရိကန်က အသုံးစရိတ် ကြီးမားမှုကို အရှိန်လျှော့မည်

အင်္ဂါနေ့ (ဇွန် ၁၆)က ထုန်ပြန်ခဲ့တဲ့ အစိုးရ စစ်တမ်းတစ်ရပ်အရ ဝင်ငွေဘဏ္ဍာ အထိုက်အလျောက်သာ တိုးတက်မှု ရှိနေသောကြောင့် ခန့်မှန်းခြင်းနှင့် ဘတ်ဂျက်လျာထားခြင်းကို သတိနှင့် ချဉ်းကပ်လုပ်ဆောင်နေရသည့်အတွက် အမေရိကန် အစိုးရသည် ၂၀၁၆ ဘဏ္ဍာနှစ်တွင် အသုံးစရိတ် ကြီးမားမှုကို အရှိန်လျှော့ချရန် စီစဉ်နေသည်။


နိုင်ငံတော် ဘတ်ဂျက်အရာရှိများ၏ အမျိုးသားအသင်း (NASBO) ၏ နှစ်ဝက် စစ်တမ်းအရ ဇူလိုင် ၁ ရက်က အစပြုသည့် ဘဏ္ဍာနှစ်အတွက် အထွေထွေ ရံပုံငွေ အသုံးစရိတ်မှာ ၃ ဒသမ ၁ ရာခိုင်နှုန်းသာ မြင့်တက်လာမည်ဖြစ်၍ ယခုနှစ်အတွက် ခန့်မှန်းထားသည့် ၄ ဒသမ ၆ ရာခိုင်နှုန်းထက် လျော့နည်းနေသည်။

စီးပွားရေး နာလံထမှုတစ်ခုမှာ အသင်းကြီးက မြင်တွေ့ရဖို့ မျှော်လင့်ထားသည်နှင့် နှိုင်းယှဉ်ပါက ဖွံ့ဖြိုးမှုမှာ တောင်တက်သကဲ့သို့ ခက်ခက်ခဲခဲ တက်နေရသေးသည်ဟု NASBO ရဲ့ အမှုဆောင် ဒါရိုက်တာ စကော့ ပက်တီဆန်က အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

ယခုဘဏ္ဍာနှစ်တွင် ခန့်မှန်းထားသည့် ၃ ဒသမ ၇ရာခိုင်နှုန်း တိုးတက်မှုနှင့် နှိုင်းယှဉ်ပါက ၂၀၁၆ ဘဏ္ဍာနှစ်တွင် အရပ်ရပ်ဝင်ငွေမှာ ၃ ရာခိုင်နှုန်းခန့် တိုးမြင့်လာမည်ဟု ခန့်မှန်းထားသည်။ ၂၀၁၄ ခုနှစ် ဘဏ္ဍာနှစ်က ဆုတ်ကပ်မှ လွတ်မြောက်အောင် ရုန်းကန်နေရသည့် ကာလဖြစ်သဖြင့် ဝင်ငွေဘဏ္ဍာမှာ ၁ ဒသမ ၆ ရာခိုင်နှုန်းသာ တိုးတက်မှု ရှိခဲ့သည်။

ဝင်ငွေဘဏ္ဍာဟာ ကြီးထွားလာသည် ဆိုသော်လည်း အထူးသဖြင့် ပင်စင်၊ ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပညာရေးကဲ့သို့ အသုံးစရိတ်များမှာ ကြီးထွားမှုနှင့်အတူ မမြန်ဆန်ပေ။ လိုအပ်နေသည့် အခြေခံ အဆောက်အအုံ စီမံကိန်းများ စုံပုံနေခြင်းကလည်း ရေရှည် ဘတ်ဂျက် လျာထားမှုအပေါ်မှာ ဝန်ပိစေသည်။

၂၀၁၅ နှစ်ဝက် ဘတ်ဂျက်ဖြတ်တောက်မှုကလည်း ၂၀၁၄ ခုနှစ်ထက် ပိုနေသည်။ ဘဏ္ဍာနှစ် ၂၀၁၄ ခုနှစ်က ပြည်နယ် ၈ ခုက ကန်ဒေါ်လာ ၁ ဘီလီယံ ဖြတ်တောက်ခဲ့မှုနဲ့ နှိုင်းယှဉ်ပါက ယခု ဘဏ္ဍာနှစ်တွင် ပြည်နယ်ကြီး ၁၁ ခုက နှစ်ဝက်တွင် ကန်ဒေါ်လာ ၂ ဘီလီယံ ဖြတ်တောက် လျှော့ချ ခဲ့သည်။
mizzima

No comments:

Post a Comment