Friday 19 June 2015

မဲစာရင်းကြည့်ရှုရေး အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းမည်

ဇွန်လ ၂၂ ရက်တွင် ထုတ်ပြန်ကြေညာမည့် ရခိုင်ပြည် နယ်ရှိ အခြေခံမဲဆန္ဒရှင်စာရင်းများအား ပြည်သူများကြည့်ရှုရန် အသိပညာပေးလုပ်ငန်းကိုအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအောင်မြကပြောသည်။
‘‘အခြေခံမဲဆန္ဒရှင် စာရင်း မထုတ်ပြန်ခင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေ ပူးပေါင်းပြီးတော့ အသိပညာပေး တာ၊ လက်ကမ်း စာစောင်တွေ ဖြန့်ဝေတာ၊ ပိုစတာတွေနဲ့ အသိ ပေးတာ၊ အသံချဲ့စက်နဲ့ လှည့် လည်ကြေညာတာတွေ ပြုလုပ် သွားမှာဖြစ်ပါတယ်’’ဟု ဦးအောင် မြကပြောသည်။

ရခိုင်ပြည်နယ်တွင် လာမည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့်ပါတီများက ကြိုတင်ပြင်ဆင် မှုများကို စတင်ဆောင်ရွက်နေကြ သော်လည်း ဆန္ဒမဲပေးမည့် ပြည်သူအများစုမှာ ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိတ်ဝင်စားမှု မရှိ သလောက် နည်းပါးနေကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာရေးအဖွဲ့များကဆိုသည်။

‘‘၂၀၁၀ ရွေးကောက်ပွဲတုန်း ကလည်း ကိုယ်ကြိုက်တဲ့ပါတီမရှိ တဲ့အတွက် ဆန္ဒမဲမပေးခဲ့ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာလည်း မဲပေးဖို့ ဆန္ဒမရှိ ဖြစ်နေပါသေး တယ်။ အဓိကကတော့ အလုပ်တစ်ခုဘယ်လိုရမလဲဆိုတာကိုပဲ စိတ်ဝင်တစားလေ့လာနေပါတယ်’’ဟု ဥပဒေပညာဘွဲ့ဖြင့် ကျောင်းပြီးထားသူ အသက် (၂၄)နှစ်အရွယ် လူငယ်တစ်ဦးက ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကောက် ယူထားသည့် စာရင်းများအရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၄  သိန်းကျော်ရှိနေပြီး မိမိကိုယ်တိုင် ဆန္ဒမဲပေးခြင်းဖြင့်  မိမိတို့၏  အနာဂတ်ကို ပုံဖော်နိုင်မည်ဖြစ်ကြောင်း မောင်တောခရိုင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြောကြားသည်။
7 day

No comments:

Post a Comment