Friday 19 June 2015

Double Cab များ နယ်စပ်မှ တင်သွင်းခွင့် ပြန်လည်ရုပ်သိမ်း

ဇူလိုင် ၁ ရက်မှစ၍ ဒဘယ်ကတ်ယာဉ်များနယ်စပ်မှ တင်သွင်းခွင့်ကို ပြန်လည်ရုပ်သိမ်းလိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာကြီးကြပ်ရေးကော်မတီက ဇွန်လ ၁၈ ရက်တွင် ထုတ်ပြန်ကြေညာသည်။
ပြန်လည်ရုပ်သိမ်းရခြင်းမှာ Brand New တင်သွင်းသူများနှင့် ပင်လယ်ရေကြောင်းမှ တင်သွင်း သူများ၏ ကန့်ကွက်မှုများ၊ တိုင်းရင်းသား လက်နက်ကိုင် တပ် ဖွဲ့များက အခွန်ကောက်သည့် ကိစ္စရပ်များရှိနေ၍ ဖြစ်ကြောင်း အထက်ပါကော်မတီမှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
‘‘အောက်တိုဘာလအတွင်း မှာ ပြန်ခွင့်ပြုဖို့ ခန့်မှန်းထားပါ တယ်။ အခုတော့ ပြန်လည်ညှိနှိုင်းစရာတွေရှိနေသေးတယ်’’ဟု ၎င်း က ဆက်လက်ပြောကြားသည်။
ပြီးခဲ့သည့် မေလအတွင်းက ဒဘယ်ကတ်ယာဉ် (Pick Up) များကို နယ်စပ်လမ်းကြောင်းမှ တင်သွင်းခွင့်ပြုမည်ဟု ကြေညာခဲ့ခြင်း ဖြစ်သည်။

ယခု ဌာနဆိုင်ရာချင်း ပြန်လည်ညှိနှိုင်းရေး ဆက်လက်လုပ်ဆောင်ရန် လိုအပ်လာသော ကြောင့် နယ်စပ်စခန်းများမှ တင် သွင်းမည့် အစီအစဉ်ကို ရုပ်သိမ်း ခြင်းဖြစ်ကြောင်း ယခုထုတ်ပြန် သည့် ကြေညာချက်တွင် ဖော်ပြ ထားသည်။

နယ်စပ်မှ ကားတင်သွင်းခွင့် ပြုမည်ဆိုသောကြောင့် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းကျဆင်းလာခဲ့ကြောင်း ယာဉ်အရောင်းအ၀ယ်သမားထံမှ သိရသည်။ နယ်စပ်ကားတင်သွင်းခြင်းနှင့် Brand New ယာဉ်တင်သွင်းသူများ မသက်ဆိုင်ကြောင်း Capital Auto-motive ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးခင်ထွန်းက ပြောကြားသည်။

‘‘နယ်စပ်သွင်းတယ်ဆိုတာ လည်း အသစ်ပေးသွင်းတာ မ ဟုတ်ဘူး။ ဒါကြောင့် လိုင်းချင်း လည်း မတူဘူး။ ဒီကိစ္စက Brand New Showroom တွေနဲ့ မဆိုင် ဘူး။ အစိုးရကိစ္စရှိလို့ ပိတ်လိုက် တယ်လို့ပဲ မြင်တယ်’’ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ဒဘယ်ကတ် ယာဉ်များ နယ်စပ် တင်သွင်းခွင့်ပြုခြင်းကို စီး ပွားကူးသန်း ၀န်ကြီးဌာနက ရုံးတွင်းစာ အနေဖြင့်သာ ထွက်ပြီး နောက်ပိုင်းမှသာ အတည်ဖြစ်လာခဲ့သည်။ ထိုသတင်းကို ကြိုတင် ကြားသည့် စီးပွားရေးသမားများ အနေဖြင့် ကြိုတင်ဝယ်ယူထား သောကြောင့် နစ်နာမှုများဖြစ်ရ ကြောင်း ကိုအရည်ကြိုက သုံးသပ် သည်။

‘‘အနားကပ်မှ ၀ယ်ရင် ဈေး တက်တတ်လို့ စီးပွားရေးသမား တွေက ကြိုဝယ်ထားလို့ အခုလို မျိုး ဖြစ်တာပါ။ အစိုးရအနေနဲ့သေချာ သုံးသပ်ပြီးမှ လုပ်သင့် တယ်’’ဟု ၎င်းက ဆိုသည်။

စီးပွားကူးသန်းဝန်ကြီးဌာန က စာကပ်ထားသောကြောင့် တင် သွင်းခဲ့ကြောင်း၊ မထုတ်မီကပင် အစိုးရအနေဖြင့် ကြိုတင်စဉ်းစား သင့်ကြောင်း အထက်ပါယာဉ်များ တင်သွင်းရန် စီစဉ်ထားသူတစ်ဦး က ပြောသည်။
7day

No comments:

Post a Comment