Monday 15 June 2015

အမေရိကန် လက်ဝှေ့သမား ဒီယွန်တေ၀ီလ်ဒါ ဒဗလျူဘီစီ ဟဲဗီးဝိတ်သရဖူ ကာကွယ်

ဘာမင်ဂမ် (အလာဘားမား)- စနေနေ့က အမေရိကန် အလာဘားမား ဘာမင်ဂန်တွင် ကျင်းပခဲ့သည့် ကမ္ဘာ့လက်ဝှေ့ကောင်စီ WBC ဟဲဗီးဝိတ်စိန်ခေါ်ပွဲ၌ လက်ရှိချန်ပီယံ အမေရိကန် လက်ဝှေ့သမား ဒီယွန်တေဝီလ်ဒါက စိန်ခေါ်သူ တစ်နိုင်ငံတည်းသား အဲရစ်မိုလီနာကို ကိုးချီမြောက်တွင် အလဲထိုးအနိုင်ယူပြီး ပထမဆုံးအကြိမ် သရဖူကာကွယ်နိုင်ခဲ့သည်။ဒီယွန်တေသည် ယခုသရဖူကို ပြီးခဲ့သည့် ဇန်နဝါရီတွင် ကနေဒါလက်ဝှေ့သမား ဘာမန်းစတီဗန်ကို အနိုင်ထိုးသတ်ပြီး ရခဲ့ကာ အမေရိကန်လက်ဝှေ့သမားများထဲတွင် ၂၀၀၇ နောက်ပိုင်း ပထမဆုံး ဟဲဗီးဝိတ်သရဖူ ဆွတ်ခူးနိုင်သူလည်း ဖြစ်ခဲ့သည်။
မိုလီနာသည် ပွဲတွင် ဒီယွန် တေ၏ တိုက်စစ်ကြောင့် လေးချီမြောက်၌ တစ်ကြိမ်၊ ငါးချီမြောက်၌ နှစ်ကြိမ် ကြမ်းပြင်သို့ လဲကျခဲ့သည်။ ထို့နောက် ကိုးချီမြောက်တွင်မူ ဒီယွန်တေ၏ ညာဝိုက် လက်သီးများဖြင့် ဆက်တိုက်ထိုးနှက်ခံရပြီးနောက်လဲကျကာ အရှုံးပေးခဲ့ရခြင်းဖြစ်သည်။

အရပ်အမြင့် ၆ ပေ ၇ လက်မရှိသည့် ဒီယွန်တေသည် ယခုပွဲအနိုင်ကြောင့် ၂၀၀၄ မှစ၍ အခြားကမ္ဘာ့ဟဲဗီးဝိတ် သရဖူများကို ကာကွယ်နိုင်သူ ယူကရိန်းလက်ဝှေ့ကျော် ဗလာဒီမီရ်ကလစ်ရှ်ကိုအား စိန်ခေါ်နိုင်တော့မည် ဖြစ်သည်။

—Ref: AFP/Goal

No comments:

Post a Comment