Monday 15 June 2015

ကိုပါအမေရိကဖလားတွင် အာဂျင်တီးနား သရေကျ၊ ချန်ပီယံ ဥရုဂွေး နိုင်ပွဲရ

ကိုပါအမေရိက ဖလားပြိုင်ပွဲတွင် ၂၂ နှစ်ကြာဗိုလ် မစွဲနိုင်မှု အဆုံးသတ်ရန် ရည်ရွယ် ထားသည့် မက်ဆီ ဦးဆောင်သော အာဂျင်တီးနားသည် အုပ်စုအဖွင့်ပွဲ၌ ပါရာဂွေးနှင့် ၂-၂ ဂိုးစီသရေကျခဲ့ပြီး မက္ကဆီကိုမှာ ဘိုလီးဗီးယားနှင့် သရေကျကာ လက်ရှိချန်ပီယံ ဥရုဂွေးတစ်သင်း သာ ဂျမေကာကို ၁-၀ ဂိုးဖြင့်ကပ် နိုင်ပြီး သုံးမှတ်ရရှိခဲ့သည်။တနင်္ဂနွေ နံနက်အစောပိုင်း ကိုပါအုပ်စုဖွင့်ပွဲတွင် အာဂျင်တီး နားက ပါရာဂွေးကို အဂူရို၏အဖွင့် ဂိုး၊ မက်ဆီ၏ ပင်နယ်တီတို့ဖြင့် ဦးဆောင်ခဲ့ပြီးမှ ဒုတိယပိုင်းတွင် ဗဲလ်ဒက်စ်၊ ဘာရီရို့စ်တို့အား ချေ ပဂိုးများပေးလိုက်ရ၍ အနိုင်မှ သ ရေကျခဲ့ခြင်းဖြစ်သည်။


‘‘ကျွန်တော်တို့ ဒုတိယပိုင်း မှာ ဘောလုံးကို ပိုကိုင်ထားသင့်ပြီး ပွဲကို ထိန်းချုပ်ထားသင့်ပါတယ်။ အဲဒါ ချို့ယွင်းချက်ဖြစ်ခဲ့တယ်။ ကျွန်တော်တို့ ပထမပိုင်း ကစားပုံကောင်းတယ်။ ဒုတိယပိုင်းမှာတော့ အိပ်ပျော်သွားကြတယ်’’ ဟု ပွဲအပြီးတွင် မက်ဆီက ပြောသည်။

အာဂျင်တီးနားသည် ယခုအ ခါ ချန်ပီယံဥရုဂွေးနှင့်ပွဲကို အာရုံ စိုက်ရတော့မည်ဖြစ်ပြီး အနိုင်ရမှ ဖြစ်မည်ဟု ၎င်းကဆိုသည်။ နည်းပြ မာတီနိုကလည်း မထိန်းချုပ်နိုင်၍ သရေကျခဲ့သည်ဟု ဆိုသည်။

အာဂျင်တီးနားအတွက် အ  ဖွင့်ဂိုးကို ပထမပိုင်း ၂၉ မိနစ်တွင် ပါရာဂွေးနောက်ခံလူ ဆမ်မူဒီယို ၏ အမှားကို အခွင့်ကောင်းယူပြီး အဂူရိုက သွင်းခဲ့ခြင်းဖြစ်သည်။

ထို့နောက် ဒီမာရီယာကို ဆမ်မူဒိုကပင် လှဲချ၍ရသည့် ပင် နယ်တီကို ၃၆ မိနစ်တွင်  မက်ဆီ က အပိုင်ကန်သွင်းပေးပြီး ဦး ဆောင်ခဲ့သည်။

သို့သော် ဒုတိယပိုင်း မိနစ် ၆၀ တွင် ပါရာဂွေးတောင်ပံ လူ ဗဲလ်ဒက်စ်က အာဂျင်တီးနားကွင်း တစ်ခြမ်းကို တစ်သင်းလုံးဖိကစား နေစဉ် ၂၅ ကိုက်အကွာမှဂိုးသမား ရိုမီကိုကိုကျော်ပြီး ကန်သွင်းကာ ပထမဂိုးယူခဲ့သည်။

ထို့နောက် ပက်စတိုရီ၊ မက် ဆီတို့ ထိုးဖောက်ချက်များ ဂိုးမရ ခဲ့ဘဲ ပွဲပြီးခါနီး ၉၀ မိနစ်တွင် ဆန်တာခရုဇ်နေရာသို့ ၇၉ မိနစ်က အစားဝင်လာခဲ့သော တိုက်စစ်မှူး ဘာရီရို့စ်က အနိမ့်ဘော ကန်သွင်းပြီး ချေပဂိုးရခဲ့ခြင်းဖြစ် သည်။  ပြိုင်ပွဲ၏ ပုံမှန်ပါဝင်နေကျ ဖိတ်ခေါ်ဧည့်သည် အသင်းဖြစ် သည့် မက္ကဆီကိုမှာ ဘိုလီးဗီးယား နှင့်ပွဲတွင် အခွင့်အရေးများရခဲ့ သော်လည်း ဂိုးမရှိသရေ ဖြစ်ခဲ့ကာ နောက်ခံလူ ကပ္ပတိန် မား ကွက်ဇ်မှာလည်း ခြေထောက် ဒဏ်ရာရခဲ့၍ အုပ်စုပွဲများအားလုံး လွဲချော်တော့မည်ဖြစ်ရာ အသင်း အတွက် နစ်နာခဲ့ရသည်။

ဆွာရက်ဇ်ပါဝင်နိုင်ခြင်း မရှိ သည့် ဥရုဂွေးမှာခံစစ်တောင့်တင်း ခဲ့သည့် ဂျမေကာကိုအသာရရန် ကြိုးစားခဲ့ပြီး ကာဗာနီအပိုင်တစ် ဂိုး လွဲချော်ခဲ့ရသည်။

ထို့နောက် ဒုတိယပိုင်း ၅၂ မိနစ်တွင်မှ ရိုဒရီဂွက်ဇ်က ဂျင် မင်နက်ဇ်ပေးပို့မှုမှတစ်ဆင့် တစ် လုံးတည်းသောအနိုင်ဂိုးကို သွင်း ယူနိုင်ခဲ့သည်။

—Ref: AFP/Goal

No comments:

Post a Comment