Saturday 7 March 2015

ကျောင်းသားသပိတ် ထောက်ခံဆန္ဒပြခြင်းအပေါ် အကြမ်းဖက်ဖြိုခွဲမှု NLD ဆွေးနွေးရန်ရှိ

လက်ရှိဖြစ်ပွားနေသည့် ကျောင်းသားဆန္ဒပြမှုများအပေါ် အင်အားသုံး အကြမ်းဖက်ဖြိုခွဲနေ မှုများနှင့် ပတ်သက်၍ ယနေ့ (မတ် လ ၇ ရက်) တွင် ပြုလုပ်မည့် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ် အမှုဆောင် ကော်မတီ(CEC) အစည်းအဝေး တွင် ဆွေးနွေးရန်ရှိကြောင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီ ၀င်တစ်ဦးကပြောသည်။
NLD ၏ ယခုပြောကြားချက် မှာ သပိတ်များအကြမ်းဖက်ဖြိုခွင်း ခံရခြင်းနှင့် ပတ်သက်၍ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က မတ်လ ၆ ရက်စွဲဖြင့် ထုတ်ပြန်သည့် ပါတီသဘော ထားကြေညာ ချက်နောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

‘‘NLD က အရင်ကတည်းက ပြောခဲ့တဲ့ စကားတွေပါ။ NLDက ကိုယ်တိုင်ခံခဲ့ရသူ။ အကြမ်းဖက် မှုတွေ၊ အင်အားသုံးဖြေရှင်းတာ တွေကို အားမပေးပါဘူး။ အခု ထုတ်ပြန်မပြောလည်း ဒါက NLD ရဲ့ ရပ်တည် ချက်ပဲ။ ထုတ်ပြန် ချက်ကတော့ ချက်ချင်းထုတ်ပြန် လို့မရဘူး။ CEC အစည်းအဝေး မှာ ညှိနှိုင်းပြီး တင်ပြသူရှိရင် ထုတ်ပြန်မှာပါ’’ဟု NLDပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ ၀င်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်သည့် ဒေါ်နန်းခင် ထွေးမြင့်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်ပါ ၀င်သည့် ယင်းဗဟိုအလုပ်အမှု ဆောင်ကော်မတီ အစည်းအဝေး ကို တစ်ပတ်ခြားတစ်ခါပြုလုပ် ခြင်းဖြစ်၍ မတ်လ ၆ ရက်အထိ ပါတီ၏ သဘောထားထုတ်ပြန် ချက်တစ်စုံတစ်ရာ မထုတ်ပြန်နိုင် သေးခြင်းဖြစ်ကြောင်း၊ ယခုလာ မည့် အစည်းအဝေးတွင် စီအီးစီ တစ်ဦး မဟုတ်တစ်ဦးက ယခုအရေးကိစ္စကို တင်ပြပြီး ညှိနှိုင်းကာ ထုတ်ပြန် မည့် အလားအ လာရှိကြောင်း ၎င်းကဆိုသည်။
ပြည်ခိုင်ဖြိုးပါတီ၏ ကြေညာချက်တွင် အင်အားသုံးဖြေရှင်း ဆောင်ရွက်မှုကို မထောက်ခံ ကြောင်း၊ လတ်တလောဖြစ်ပေါ် နေသော ဖြစ်စဉ်များအပါအ၀င် မည်သည့်ဖြစ်စဉ်များတွင်မဆို ပါတီအနေဖြင့် အင်အားသုံးပါ ၀င်ဆောင် ရွက်ခြင်းမပြုရန် သက်ဆိုင်ရာ တိုင်း/ပြည်နယ် ပါတီ အ ဆင့်ဆင့်များသို့ ပါတီ ဌာနချုပ်က ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ တွေ့ဆုံညှိနှိုင်းအဖြေရှာပြီး ပူး ပေါင်းဆောင်ရွက်ရေးကို မဖြစ်မနေလုပ်ဆောင်ရန် တိုက်တွန်း ကြောင်း ပါဝင်သည်။
ရန်ကုန် မြို့လယ်ကောင် တွင် သပိတ်မှောက်ကျောင်းသား များအား ထောက်ခံဆန္ဒပြသော ကျောင်းသားများကို ရဲတပ်ဖွဲ့နှင့် လက်မောင်းတွင် ‘‘တာဝန်’’လက် ပတ်အနီပတ်ထားသော အရပ် ၀တ်များက ရိုက်နှက်ဖြိုခွင်း ခဲ့ပြီး ၈၈ မျိုးဆက်(ငြိမ်း/ပွင့်)မှ မနီ လာသိန်းအပါအ၀င် သုံးဦးနှင့် ဆန္ဒပြကျောင်းသား ငါးဦး စုစု ပေါင်း ရှစ်ဦးကို ဖမ်းဆီးခေါ် ဆောင်သွား ခဲ့သည်။ ယင်းနောက် မတ်လ ၆ ရက် နံနက်တွင် ပြန် လည်လွှတ်ပေးခဲ့ သည်။
၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းက မတ်လ ၅ ရက် ညနေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသော ကျောင်းသားများအား တာဝန် လက်ပတ်အနီပတ်ထားသည့် အရပ်ဝတ် လုံခြုံရေးများက ရိုက်နှက် ဖြို ခွင်းဖမ်းဆီးမှု အပေါ် ရှုတ်ချပြီး ၎င်းတို့ကို တာဝန်ပေးသူအား ဖော်ထုတ်ပေးရန်နှင့် တွေ့ဆုံဆွေးနွေးဖြေရှင်းပေးရန် တောင်းဆိုခဲ့ သည်။
7Day Daily

No comments:

Post a Comment