Sunday 11 January 2015

အမေရိကန်ရှိ ပြတိုက်တစ်ခုတွင်ပြသရန် ပျူခေတ်ဆင်းတုတော်များ လာရောက်ငှားရမ်း

အမေရိကန်နိုင်ငံ၊ နယူး ယောက်မြို့ရှိ Asia Society Museum တွင် ခင်းကျင်းပြသရန် ပျူခေတ်ဗုဒ္ဓဆင်းတု တော်များကို ဇန်န၀ါရီ ၁၀ရက် ပြတိုက်တာဝန်ရှိသူများက လာရောက်ငှားရမ်းသယ်ဆောင်သွားကြောင်း သရေခေတ္တရာပြတိုက်မှ သိရသည်။

‘‘ဒီကနေ ဗုဒ္ဓဆင်းတုတော် လေးဆူနဲ့ ကြေးခေါင်းလောင်း တစ်လုံးငှားရမ်းသွားတယ်။ တခြားမြို့တွေက ရှေး ဟောင်းယဉ် ကျေးမှုအမွေအနှစ်တွေလည်းပါ မယ်လို့ သိရတယ်’’ဟု သရေခေတ္တရာပြတိုက်မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

အဆိုပါပျူခေတ်ဗုဒ္ဓဆင်းတု တော်များကို ယဉ်ကျေးမှုဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် Asia Society Museum တွင် သုံးလခန့်ကြာ အပူဇော်ခံ ပြသသွားမည်ဖြစ် ကြောင်း သိရသည်။

သရေခေတ္တရာပြတိုက်မှငှား ရမ်းသွားသော ပျူခေတ်ဆင်းတု တော်များမှာ ကြေးဆင်းတုတော် တစ်ဆူ၊ အုတ်ခွက်ဘုရားတစ်ဆူ၊ သပိတ်ပိုက်ဗုဒ္ဓဆင်းတုတော်တစ်ဆူ၊ ကျောက်သားဆင်းတုတော် တစ်ဆူနှင့် ကြေး ခေါင်းလောင်း တစ်လုံးဖြစ်ကြောင်း ရှေးဟောင်းဌာနမှ သိရသည်။

7Day DAILY

No comments:

Post a Comment