Saturday 23 August 2014

ဒုတိယမြောက် စီးပွားရေးအချက်အချာနယ်မြေ တည်ဆောက်ခွင့်တင်ဒါ ပြန်လည်စိစစ်ရန် ကုမ္ပဏီတစ်ခုတင်ပြ

ရန်ကုန်၏ ဒုတိယမြောက် စီးပွားရေးအချက်အချာနယ်မြေအဖြစ် အကောင်အထည်ဖော်ရန် လုပ်ကိုင်ခွင့်ရမည့်ကုမ္ပဏီကို တင်ဒါရွေးချယ်ခဲ့မှုနှင့် ပတ်သက်၍ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည့် ကုမ္ပဏီတစ်ခုက ရွေးချယ်မှုကို ပြန်လည်စစ်ဆေးပေးရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သတင်းရရှိသည်။ တင်ဒါရွေးချယ်ရေးအဖွဲ့ကFirst Myanmar Constructionကုမ္ပဏီကို ရွေးချယ်ခဲ့ရာတွင် မြို့တော်စည်ပင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ အားနည်းချက်များရှိခဲ့သောကြောင့် ပြန်လည် စစ်ဆေးပေးရန် တင်ပြထားသည်ဟုPATTKO Global Develop-ment မန်နေဂျင်းဒါရိုက်တာ ဦးတင်လှိုင်က ပြောသည်။ ၂၀၁၃ စက်တင်ဘာ ၉ ရက် တွင် နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့် ဧက ၃၀ ကျော် ကျယ် ၀န်းသည့် အဆိုပါ မြေနေရာကို စီးပွားရေး အချက်အချာနယ်မြေ အဖြစ် အကောင်အထည်ဖော်ရန် အစိုးရက တင်ဒါခေါ်ယူခဲ့ရာ ၁၁ လအကြာတွင် တင်ဒါရွေးချယ် ရေးအဖွဲ့က First Myanmar ကုမ္ပဏီကို ရွေးချယ်ခဲ့ပြီးနောက်တင်ဒါ ၀င်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီတစ်ခုက ပြန်လည် စစ်ဆေးရန် အစိုးရအဖွဲ့နှင့် မြို့တော်စည်ပင်သို့ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
တင်ဒါခေါ်ယူစဉ်က တင်ဒါစည်းမျဉ်းများတွင် တင်ဒါအာမခံကြေးအဖြစ် ဒေါ်လာတစ်သန်း တင်သွင်းရန်၊ လုပ်ကိုင်မည့် ကုမ္ပဏီမှာ ပြည်ပကုမ္ပဏီ သီးသန့်အဖြစ် သော်လည်းကောင်း၊ ပြည်တွင်း နှင့် ပြည်ပကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်း၍သော်လည်းကောင်း တင်ဒါတွင် ၀င်ရောက်ယှဉ်ပြိုင်ရ မည်ဟု စည်းကမ်းချက်များကို နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြ ခဲ့သည်။

First Myanmar ကုမ္ပဏီမှာ တင်ဒါတင်သွင်းရာတွင် ပြည် တွင်းကုမ္ပဏီသာဖြစ်နေခြင်း၊ တင်ဒါ အာမခံကြေးဒေါ်လာ တစ် သိန်းမှာ တင်ဒါတင်သွင်းစဉ်က ပူးတွဲမတင်သွင်းခဲ့ခြင်း၊ တင်ဒါ စစ်ဆေးရေးအဖွဲ့တွင် နည်းပညာ နှင့်ပတ်သက်၍ ကျွမ်းကျင်ပညာ ရှင်များ မပါဝင်ခြင်း စသည်ဖြင့်PATTKO Global Development မန်နေဂျင်းဒါရိုက်တာ ဦးတင်လှိုင်က စွပ်စွဲပြောဆိုခြင်း ဖြစ်သည်။

သို့သော် တင်ဒါအောင်မြင် ခဲ့သည့် First Myanmar ကုမ္ပဏီ မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါက်တာ စုံဟန်က‘‘တင်ဒါ အောင်တာကို အတည်ပြုတဲ့စာ ထွက်ပါပြီ။ ကျွန်တော်တို့ လုပ်ထုံး လုပ်နည်းအတိုင်းလုပ်ပြီး တင်ဒါ စည်းမျဉ်းအတိုင်း ကြည့်ပြီး အစိုးရအဖွဲ့က ပေးထားတာပါ။ အတည်ပြုစာကို သြဂုတ် ၈ ရက် က ရပါတယ်’’ ဟု အထက်ပါတာ ၀န်ရှိသူက 7 Day Daily သို့ပြောသည်။

အဆိုပါ တင်ဒါပွဲသို့ UMG ကုမ္ပဏီ၊ Boston ဆောက်လုပ် ရေးကုမ္ပဏီ၊ ဇေယျာမြန်မာ စီး ပွားရေးကုမ္ပဏီ၊ မြန်မာ့ဂုဏ် ရောင် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးကုမ္ပဏီ၊ First Myanmar ကုမ္ပဏီနှင့် PATTKO Global Development တို့ ၀င် ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

နောက်ဆုံးဆန်ခါတင်စာရင်းတွင် First Myanmar ကုမ္ပဏီ၊PATTKO Global Developm-ent ကုမ္ပဏီနှင့် Boston ဆောက်လုပ်ရေးကုမ္ပဏီတို့ ရွေးချယ်ခံခဲ့ရပြီး First Myanmar ဆောက်လုပ်ရေး ကုမ္ပဏီကို တင်ဒါစစ်ဆေးရေးအဖွဲ့ကရွေးချယ်ခဲ့သည်။

တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီကို ပြန်လည်စစ်ဆေးခြင်း နှင့် တင်ဒါပြန်လည်ရွေးချယ်ရန် အစီအစဉ်ရှိ၊ မရှိ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ မေးမြန်းရာ အဆိုပါကိစ္စကို လတ်တလောပြောကြားပေးနိုင်ဦးမည် မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။

အဆိုပါ ကုမ္ပဏီမှာ သတ် မှတ်ထားသည့် တင်ဒါစည်းမျဉ်း များနှင့် ပြည့်စုံပြီး အဆိုပြုလွှာ တင်သွင်းရာတွင် သတ်မှတ်ထား သည့် မြို့ပြအင်္ဂါရပ်များနှင့် ညီ ညွတ်ပြည့်စုံခြင်း၊ လိုအပ်သည့် အချက်အလက်များ ပြည့်စုံခြင်း တို့ကြောင့် ရွေးချယ်လိုက်ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတင်ဒါစစ်ဆေးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

တင်ဒါအောင်မြင်သွားသည့် First Myanmar ကုမ္ပဏီသည် V-pile Group of Companies လက်အောက်ရှိ ကုမ္ပဏီတစ်ခုဖြစ် ပြီး ပြည်တွင်း၌ လက်ရှိရန်ကုန်မြို့ တော်စည်ပင် သာယာရေးကော် မတီနှင့် ပူးပေါင်းတည်ဆောက် နေသော ဗိုလ်ဗထူးအိမ်ရာ စီမံ ကိန်းကို တည်ဆောက်လျက်ရှိ သည်။ ပန်းလှိုင်ဆေးရုံအပါအ၀င် လှိုင်သာယာမြို့နယ် တစ်ခုလုံးရှိ မဟာဓာတ်အားလိုင်းများ သွယ် တန်းခြင်း စီမံကိန်းများ၊ ဘိလပ် မြေစက်ရုံများတည်ဆောက်ခြင်း၊ အဆင့်မြင့်လုံးချင်း အိမ်ရာများ တည်ဆောက်ခြင်းတို့တွင် အဓိက ရင်းနှီးမြှုပ်နှံထားသည့် ပြည်တွင်း ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် မြန်မာ V-pile အမည်ဖြင့် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများ၌ ပိုင်ရိုက်ခြင်း နည်းပညာတွင် နာ မည်ရသော ကုမ္ပဏီဖြစ်သည်။
7daydaily

No comments:

Post a Comment