Saturday 23 August 2014

လေကြောင်းလိုင်းအခက်အခဲကြောင့် အီဘိုလာသွေးအဖြေစစ်ဆေးရန် အိန္ဒိယဓာတ်ခွဲခန်းသို့ ပို့ဆောင်နိုင်ခြင်းမရှိသေးဟုဆို


အီဘိုလာရော ဂါသံသယလူနာ၏ သွေးအဖြေအား အိန္ဒိယနိုင်ငံရှိ ဓာတ်ခွဲခန်းသို့ပေးပို့ နိုင်ရန်မှာ လေကြောင်းလိုင်းအခက် အခဲရှိနေခြင်းကြောင့် သြဂုတ် ၂၂ရက် အထိ မပေးပို့နိုင်သေးကြောင်း ကျန်း မာရေးဝန်ကြီးဌာန၊ ဗဟိုကူးစက်ရော ဂါတိုက်ဖျက်ရေးဌာနမှ ဒုတိယညွှန် ကြားရေးမှူး ဒေါက်တာထွန်းတင်က ပြောသည်။''သွေးအဖြေပို့ဖို့အတွက်ကို ဒီ နေ့မနက် (သြဂုတ် ၂၂ရက်)အထိ အကြီးအကျယ်ညှိနှိုင်းဆောင်ရွက် နေရဆဲဖြစ်ပါတယ်။ ခရီးသည်တင် လေကြောင်းလိုင်းတွေက ဒီလိုပစ္စည်း တွေကိုမတင်ရဘူးလို့ အပြည်ပြည် ဆိုင်ရာ လေကြောင်းပို့ဆောင်ရေး အဖွဲ့အစည်းတစ်ခုဖြစ်တှဲု့ဗွှဗ က သတ်မှတ်ညွှန်ကြားထားတော့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကလဲ ကြားထဲက နေပြီးတော့ ဝင်ညှိပေးနေပါတယ်။ ဘယ်လိုပုံစံနဲ့ သယ်ဆောင်သင့်တယ် ဆိုတာကှိုဗွှဗ က ဆုံးဖြတ်လိမ့် မယ်''ဟု ဒေါက်တာထွန်းတင်က ထပ်မံပြောသည်။အဆိုပါ သွေးအဖြေအား ယူ ဆောင်ထားပြီး မည်သည့်လေယာဉ် ပေါ်သို့ တင်ဆောင်ရမည်ကို စောင့် ဆိုင်းလျက်ရှိကြောင်း၊ အိန္ဒိယနိုင်ငံအ စိုးရအဖွဲ့အစည်း၊ ဓာတ်ခွဲခန်းမှလည်း စစ်ဆေးခွင့်စသည့် ခွင့်ပြုစာများ လည်း တောင်းထားပြီးဖြစ်ကြောင်း သိရသည်။

''ဒီပစ္စည်းကို လေယာဉ်ပေါ် တင်ဖို့တစ်ခုတည်းပဲ အခက်အခဲ ဖြစ်နေတာ။ တချို့မီဒီယာတွေမှာ ဘယ်နေ့သွေးအဖြေထွက်မယ်ဆို တာတွေက ပို့လိုက်ပြီထင်ပြီး ရက် တွက်ပြီးတော့ ပြောကြတာပါ''ဟု ဆိုသည်။
လေကြောင်းဖြင့် ပို့ဆောင်ခွင့် ရရှိရန်အတွက် IAFA ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ ဗဟိုရုံးချုပ်မှ စာ ထုတ်၍ ညှိနှိုင်းနေကြောင်း မြန်မာနိုင် ငံတစ်ခုတည်းသာမက မည်သည့်နိုင် ငံတွင်မဆို ယင်းပစ္စည်းအား ခရီး သည်တင်လေယာဉ်များမှ တင် ဆောင်ခွင့်မရှိကြောင်း သိရသည်။
အီဘိုလာ သံသယလူနာ၏ လက်ရှိကိုယ်အပူချိန်မှာ ပုံမှန်အခြေ အနေရှိနေပြီး ကျန်းမာရေးတိုးတက် ကောင်းမွန်လာပြီဖြစ်ကြောင်းသိရ သည်။
''တကယ်တမ်း အီဘိုလာရော ဂါဆိုရင်တော့လဲ သူ့ရဲ့ရောဂါဖြစ်ပွား တဲ့အနေအထားတွေ ရောဂါလက္ခ ဏာတွေက ပိုပိုပြီးတော့ ဆိုးလာမှာ ပေါ့။ ကုသမှုအောင်မြင်တယ်ဆိုရင် တော့လဲ တစ်မျိုးပေါ့။ အဲဒါဆိုရင် ရောဂါလက္ခဏာတွေ သက်သာလာ မယ်။ ကုသမှုမအောင်မြင်သေးဘူး ဆိုရင်လဲ ရောဂါလက္ခဏာ ပိုဆိုးလာ မယ်ပေါ့''ဟု ယင်းကဆက်လက်ပြော သည်။
ယင်းလူနာသက်သာပျောက် ကင်းသွားမည်ဆိုပါက သွေးအဖြေ လွှာယူ၍ လူနာသည် အီဘိုလာ ရောဂါဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုသည် ကို ဆုံးဖြတ်ပေးနိုင်ရန် လိုအပ်သေး ကြောင်း သိရသည်။
''သွေးအဖြေပို့ဖို့အတွက်ကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက် နေပါတယ်။ အဲဒီပစ္စည်းကို လေ ကြောင်းလိုင်းပေါ်တင်လို့ရပြီဆို တာနဲ့ ဘယ်တော့အဖြေရမယ်ဆို တဲ့ရက်ကို တွက်လို့ရပြီ၊ ဟိုဘက်မှာ ကအဆင်သင့်ပဲ၊ စာတွေလဲ ပို့ပြီး သွားပြီ၊ ဓာတ်ခွဲခန်းကိုလဲ ဆက်သွယ် ပြီးပြီ'' ဟုဒေါက်တာထွန်းတင်က ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူး စက်ဖြစ်ပွားနေသောနိုင်ငံများ၊ အ ထူးသဖြင့်(အနောက်အာဖရိကနိုင် ငံများ)သို့ သွားရောက်ခဲ့သူများ (သို့မ ဟုတ်) နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန်အီဘိုလာရောဂါလူနာ အား တိုက်ရိုက်ပြုစုကုသထိတွေ့ ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်းတိရစ္ဆာန်များအား ထိတွေ့ ကိုင်တွယ်သူများတွင် ဖျားခြင်း၊ အား အင်ချည့်နဲ့ခြင်း၊ ကြွက်သားများ နာ ကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ အန်ခြင်း၊ အ ရည်ဝမ်းသွားခြင်း စသည်တို့ဖြစ် တတ်ကြောင်း သိရသည်။
''ဒီလူနာက အဓိကကတော့ ငှက်ဖျားရောဂါဖြစ်နေတယ်။ အဲဒီ တော့ အီဘိုလာမဖြစ်ဖို့တော့များ တယ်။ အခုငှက်ဖျားရောဂါကုသလို့ လဲ သက်သာနေပြီးဆိုတော့ ကျွန် တော့်အထင် သိပ်ပြဿ နာမရှိလောက် ပါဘူး'' ဟု မြန်မာနိုင်ငံ ဆရာဝန်အ သင်း(ရန်ကုန်)မှ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာရဲမြက ပြောသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါပိုး သည် အသည်းနှင့်ကျောက်ကပ်များ၊ ပျက်စီးနိုင်သဖြင့် ခန္ဓာကိုယ်အတွင်း နှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့် အသက်အန္တရာယ်ဖြစ်နိုင်ကြောင်း၊ ရောဂါပိုးရှိသောသူ (သို့မဟုတ်)တိ ရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ဓာကိုယ်မှ ထွက်သော အရည်တို့နှင့် တိုက်ရိုက် ထိတွေ့ကိုင်တွယ်ခြင်း၊ အဆိုပါသွေး နှင့်ခန္ဓာကိုယ်မှ အရည်များ ထိတွေ့ ထားသော အရာဝတ္ထုများနှင့် ထိတွေ့ ကိုင်တွယ်ခြင်းတို့မှ ကူးစက်နိုင် ကြောင်း သိရသည်။
MTZ

No comments:

Post a Comment