Friday 17 October 2014

ဟိမဝန္တာတွင် နှင်းမုန်တိုင်းတိုက်ကာ ဆီးနှင်းပြိုကျပြီး လူ ၃၀ ကျော် သေဆုံး

နီပေါနိုင်ငံ ဟိမဝန္တာတောင်တန်းဒေသတွင် နှင်းမုန်တိုင်းတိုက်ခိုက်ကာ ဆီးနှင်းများ ပြိုကျမှုကြောင့် နိုင်ငံခြားသား ကိုးဦးအပါအ၀င် သေဆုံးသူ ၃၀ ကျော်ရှိသွားပြီဖြစ်ကြောင်းနှင့် ပျောက်ဆုံးနေသူ ၁၀၀ကျော်နှင့် အဆက်အသွယ်မရသေးကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၁၅ရက်က မဇ္ဈိမကိုပြောသည်။
အိန္ဒိယအရှေ့ ကမ်းခြေသို့ ၀င်ရောက် တိုက်ခတ်ခဲ့မွှေနှောက်ခဲ့သည့် ဟွဒ်ဟွဒ်ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် ဟိမ၀န္တာဒေသတွင် ရာသီဥ တုပြင်းထန်ခဲ့ပြီး အန်နာပူနာစက်ဝန်းဒေသရှိ ခရီးသည်အုပ်စုများနှင့် တောင်တက်အဖွဲ့တစ်ဖွဲ့သည် ဆီးနှင်းပြိုကျမှုကို ရင်ဆိုင်ခဲ့ရသည်။
အောက်တိုဘာ ၁၅ ရက်က ရာသီဥတုပြန်လည်ကောင်းမွန်ခဲ့ချိန်တွင် မူစတန်နှင့် မာနန်းခရိုင်များတွင် ကယ်ဆယ်ရေးဝန်ထမ်းများက ခါးထိနက်သည့် နှင်းထုအတွင်းသွားလာကာ ခရီးသွားအုပ်စုမှ လူ ၂၇ဦးကို တွေ့ ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးပြောသည်။

သို့ သော် နှင်းခဲပြိုမှုကြုံတွေ့ ရာဒေသတွင် နိုင်ငံခြားသာ ၁၆၈ဦးရှိနေပြီး ၎င်းတို့ ကို ရှာဖွေနိုင်ရေးအတွက် အာဏာပိုင်များက ဆောင်ရွက်လျက်ရှိကြောင်း ကယ်ဆယ်ရေးအဖွဲ့ ခေါင်းဆောင် ရဲအရာရှိ ဂါနက်ရိုင်ကပြောသည်။

ဒါယူလာဂျီရီတောင်ပေါ် အမြင့်ပေ ၂၆၇၉၅တွင် စခန်းချထားသည့် စလိုဗားကီး ယားတောင်တက်သမားနှစ်ဦးနှင့် လမ်းပြနီပေါသုံးဦးတို့  အောက်တိုဘာ ၁၄ က ပျောက်ဆုံးသွားခဲ့သည်။

“တောင်တက်သမားနှစ်ယောက်နဲ့ လမ်းပြသုံးယောက်တို့ နှင်းပြိုကျမှုအတွင်းမှာ ပျောက် ဆုံးနေပါတယ်” ဟု ဒေသတာဝန်ရှိသူ တူဆီရမ်ဘဟမ်ဒါရီက အေအက်ဖ်ပီသို့ အတည်ပြုသည်။

မူစတန်တွင် ကယ်ဆယ်ရေးရဟတ်ယာဉ်များက လူသေလောင်း၁၂လောင်းကို တွေ့ ရှိခဲ့ရာ ဆီးနှင်းများပိပြီးသေဆုံးနေသည့် အစ္စရေးနှစ်ဦး၊ပိုလန်တစ်ဦး၊ ဗီယက်နမ်တစ်ဦးနှင့် နီပေါလှည်းဆွဲသမားနှင့် လမ်းပြရှစ်ဦးအပါအဝင် အလောင်း၁၂လောင်း ကို တွေ့ ရှိခြင်းဖြစ်သည်။

“ဆိုးဝါးတဲ့ နှင်းပြိုကျမှုဖြစ်ပါတယ်။ နှင်းထုကသုံးပေကျော်အထိရှိနေတယ်” ဟု ရဲအရာရှိ ရိုင်ကပြောသည်။

စစ်တပ်ရဟတ်ယဉ်များ ဖြင့် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်ရာတွင်လည်း တောင်တက်သမား ငါးဦး၏ရုပ်အလောင်းကိုတွေ့ ရှိသည်။
ဆီးနှင်းများ သိပ်သည်းစွာ ကျနေဆဲဖြစ်သောကြောင့် ပျောက်ဆုံးနေသူများကို ရှာဖွေရေးအတွက် ခက်ခဲကြောင်း အခြားအရာရှိတစ်ဦး ကပြောသည်။
mizzima

No comments:

Post a Comment