Friday 17 October 2014

မဲပေးရာတွင် ပွင့်လင်းစေမည့် စနစ်ကျင့်သုံးရန် ဦးရွှေမန်းပြော

သို့သော် ၎င်းက မည်သည့်အချိန်တွင် စတင်အသုံးပြုမည်ကို တိတိကျကျ မပြောကြားသော်လည်း စမ်းသပ် မဲပေးမှုများကိုမူ ပြုလုပ်ခဲ့သည်။ လွှတ်တော်တွင်း မဲခွဲဆုံး ဖြတ်ရာတွင် မဲများပျောက်ဆုံးခြင်း၊ ကျန်နေခဲ့ခြင်း များကို ထင်ထင်ရှားရှားသိမြင်စေရန်ဟုလည်း ဆိုသည်။
“တချို့က သံသယရှိနေကောင်း ရှိနေနိုင်ပါတယ်” ဟု ပြောသည်။ ယင်းစနစ်ကျင့်သုံးပါက ထောက်ခံမဲ၊ ကန့်ကွက်မဲ၊ ကြားနေမဲများသည် တီဗီဖန်သားပြင်ပေါ်တွင် ပေါ်နေမည်ဖြစ်သောကြောင့်မဲ မပျောက်ဆုံး တော့ဘဲ ပွင့်လင်းမြင်သာလာမည်ဟု ဆိုသည်။
အမည်မဖော်လိုသူ ကိုယ်စားလှယ်တစ်ဦးက ကိုယ်စားလှယ်အချို့သည် အကြောင်းအရာတစ်ခုကို မဲပေး ရာတွင် စက်ခလုပ်ကို နှစ်ကြိမ် နှိပ်မိခြင်း၊ ၎င်းတို့ထောက်ခံသည်၊ ကန့်ကွက်သည်ကို အခြားသူများသိမည် ကို စိုးရိမ်ခြင်းများရှိသည်ဟု ဆိုသည်။

သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်တွင် အကြောင်းအ ရာ တစ်ခုခုကိုဆုံးဖြတ်ပါက မည်သူကထောက်ခံ၊ ကန့်ကွက်၊ ကြားနေ သည်ကိုလေ့လာခွင့်ရ မည့်စနစ်ဖြစ် ၍ ကြိုဆိုသည်ဟုပြောသည်။
လွှတ်တော်တွင်း မဲပေးရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် Open Voting စနစ်ကို ကျင့်သုံးရန် သတ်မှတ် ဆောင်ရွက်မည်ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက အောက်တိုဘာ ၁၆ ရက်က ပြောကြား သည်။ “ပြည်သူ့လွှတ်တော်မှာ စက်ခလုတ်အသုံးပြုပြီး Open Voting ပေးဖို့သတ်မှတ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
မဇ္ဈိမ

No comments:

Post a Comment