Sunday 27 July 2014

ICC ဖလားပြိုင်ပွဲ မန်ယူနိုင်ပွဲဆက်၊ ရီးရဲလ်ရှုံး

Photo: ICC ဖလားပြိုင်ပွဲ မန်ယူနိုင်ပွဲဆက်၊ ရီးရဲလ်ရှုံး
Sunday, July 27, 2014

အမေရိကန်နိုင်ငံ ကိုလိုရာဒိုပြည်နယ် ဒန်းဗားမြို့တွင် ကျင်းပနေသော နိုင်ငံတကာချန်ပီယံများဖလား (ICC) ပြိုင်ပွဲတွင် မန်ချက်စတာယူနိုက်တက်က အီတလီမှ ရိုးမားကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ICC ဖလား အဖွင့်ပွဲတွင် ရွန်းနေက နှစ်ဂိုးသွင်းယူခဲ့ပြီး ကွင်းလယ်လူ မာတာက ၃၉ မိနစ်တွင် မန်ယူအတွက် ဒုတိယဂိုးကိုသွင်းယူခဲ့သည်။ နည်းပြသစ်လက်ထက် ခြေစမ်းပွဲများတွင် မေဂျာလိဂ်ထိပ်သီး အယ်လ်ဂလက်ဇီကို ခုနစ်ဂိုးပြတ် အနိုင်ရပြီးနောက် နှစ်ပွဲဆက် အနိုင်ရခြင်းဖြစ်သည်။
ပထမပိုင်းမှာပင် သုံးဂိုးဖြင့် ဦးဆောင်နေသော မန်ယူကို ရိုးမားက ဒုတိယပိုင်းတွင် ပန်ဂျာနစ်နှင့် တော့တီတို့၏ ချေပဂိုးများဖြင့် ဖိအားပေးခဲ့သော်လည်း မန်ယူက အနိုင်ရလဒ်ထိန်းကစားသွားနိုင်ခဲ့သည်။

ICC ဖလားပွဲ၏ အခြားပွဲစဉ်တွင် အင်တာမီလန်နှင့် ရီးရဲလ်တို့ တစ်ဂိုးစီဖြင့် သရေကျနေခဲ့၍ ပင်နယ်တီကန်သွင်းခဲ့ရာ အင်တာမီလန်က ၃-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဂါးရက်ဘေးလ်၏ ပွဲချိန်ဆယ်မိနစ် အဖွင့်ဂိုးကို အင်တာဘက်မှ မော်ရို အီကာဒီက ၆၉ မိနစ်တွင် ပင်နယ်တီဖြင့် ပြန်ချေပခဲ့သည်။ ပင်နယ်တီကန်သွင်းရာတွင် အင်တာမီလန်က အနိုင်ရခဲ့ခြင်းဖြစ်သည်။

နယူးယောက်မြို့ Red Bull ကွင်း၌ ခြေစမ်းပွဲကစားသော အာဆင်နယ်နှင့် New York Red Bulls တို့ပွဲတွင် အာဆင်နယ်မှာ တစ်ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲအတွက် အနိုင်ဂိုးကို နယူးယောက် ရက်ဘူး တိုက်စစ်မှူး ရိုက်ဖိလစ်က ၃၂ မိနစ်တွင် သွင်းယူခဲ့သည်။

ပရီးမီးယားလိဂ် စပါးအသင်းနှင့် Chicago Fire အသင်းတို့ ခြေစမ်းပွဲတွင် စပါးက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိသွားခဲ့သည်။ စပါးအတွက် အနိုင်ဂိုးများကို ဟယ်ရီကိန်းနှင့် လန်နွန်တို့က ၂၅ မိနစ်နှင့် မိနစ် ၃၀ တွင် သွင်းယူခဲ့ကြသည်။
Ref : Goal

7 Day Daily

No comments:

Post a Comment