Sunday 27 July 2014

လိုင်ဇာညီလာခံဒုတိယနေ့တွင် အပစ်အခတ် ရပ်စဲရေးနှင့် လုပ်ငန်းကော်မတီငါးခုဖွဲ့စည်းနိုင်ရန်ဆွေးနွေး

NCCTထိပ်သီးညီလာခံ ဒုတိယနေ့တွင် တစ်နိုင်ငံလုံးအ ပစ်အခတ်ရပ်စဲရေး စာချုပ်မူ ကြမ်းမှ အပစ်အခတ်ရပ်စဲရေးနှင့် သက်ဆိုင်သည့် အခန်းလေးခန်း လုံးကိုဆွေးနွေးပြီးစီးခဲ့ပြီးလုပ်ငန်း ကော်မတီငါးခုဖွဲ့စည်းရန်လည်း ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။

ညီလာခံဒုတိယနေ့ကို တံခါး ပိတ်ဆွေးနွေးခဲ့ပြီးအခန်း(၂)ဦး တည်ချက်နှင့် ရည်ရွယ်ချက်များ အခန်း(၃)အပစ်အခတ်/ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာကိစ္စ ရပ်များအခန်း(၄)အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင်လုပ်ဆောင်ခြင်းကို ဆွေးနွေးပြီးစီးခဲ့ခြင်းဖြစ်သည်

‘‘မနေ့ကထက်အများကြီး အောင်မြင်တယ်။ အပစ်အခတ် ရပ်စဲရေးဆိုင်ရာကိစ္စရပ်တွေအား လုံးပြီးသွားဖြစ်တယ်’’ဟု NCCT အကြံပေး ပုဂ္ဂိုလ်ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောသည်။

ညီလာခံအတွင်းတစ်နိုင်ငံ လုံးအပစ်အခတ်ရပ်စဲရေးပူးတွဲ စောင့်ကြည့်ရေးကော်မတီ၊ စစ် သည်တော်ကျင့်ဝတ်၊ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ချမှတ်ခြင်း၊ လူသားချင်းစာနာမှုကိစ္စရပ်များ နှင့် တပ်ပိုင်းဆိုင်ရာကိစ္စရပ်များ ပြင်ဆင်ရန်၊ လုပ်ငန်းကော်မတီ ငါးခုကို ဖွဲ့စည်းရန်ဆွေးနွေးခဲ့ကြောင်းလည်းဆိုသည်။

‘‘ဆွေးနွေးရင်းနဲ့ ကောင်းတဲ့ရလဒ်တစ်ခုဖြစ်လာတာက လုပ်ငန်းကော်မတီငါးခုဖွဲ့စည်းဖို့လို အပ်တယ်ဆိုတာဆွေးနွေးရင်းနဲ့ ပါလာတာ’’ဟု ဒေါက်တာဆလိုင်း လျန်မှုန်းဆာခေါင်းကဆက်လက် ဆိုသည်။

ညီလာခံပထမနေ့တွင် သ ဘောထားအမြင်မတူမှုကြောင့်ဦး ဆောင်ကော်မတီသို့ ဆုံးဖြတ်ရန် လွှဲအပ်ခဲ့သောဝေါဟာရအသုံးအ နှုန်း ကိစ္စရပ်များကိုမူ ဆုံးဖြတ်ချက် မချပေးဘဲ စာချုပ်မူကြမ်းအားလုံးဆွေးနွေးပြီးမှသာလျှင် မည်သည့်စကားလုံးကိုထည့်မည်၊ မထည့်မည်ဆုံးဖြတ်သွားမည်ဖြစ်သည်

‘‘စာချုပ်မူကြမ်းကိုအားလုံး ဆွေးနွေးပြီးမှ ဆုံးဖြတ်တာက ပိုကောင်းတယ်ဆိုတဲ့သဘောနဲ့ ထားတာဖြစ်တယ်။မဆုံးဖြတ်နိုင် သေးတာ မဟုတ်ဘူး’’ဟု ဒေါက် တာဆလိုင်းကဆိုသည်။

ညီလာခံကို ကချင်ပြည်နယ်တွင် ကျင်းပနေသည့်အတွက် ဇူလိုင် ၂၇ရက် တနင်္ဂနွေနေ့သည် ခရစ်ယာန်ဘာသာ သဘောသ ဘာဝအတိုင်း အလုပ်များအားလုံး ရပ်နားပြီး ၀တ်ပြုဆုတောင်းမည် ဖြစ်သဖြင့် NCCTထိပ်သီးညီလာခံ ကို ရပ်နားထားမည်ဖြစ်ပြီးဇူလိုင် ၂၈ရက်တွင် ပြန်လည်ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment