Sunday 27 July 2014

အကောက်ခွန်မဲ့ ပစ္စည်း ဆယ်ရက်အတွင်း ကျပ်သန်း ၁၈၀ ကျော်ဖိုး ဖမ်းမိ

ရန်ကုန်-အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၊ ဆိပ်ကမ်းနှင့် နိုင်ငံတစ်ဝန်း ရှိ အကောက်ခွန်နယ်မြေအသီး သီးတွင် ၁၀ ရက်အတွင်း ခွင့်ပြု ချက်မပါဘဲ တင်သွင်းလာသည့် အကောက်ခွန်မဲ့ ပစ္စည်း ကျပ် သန်း ၁၈၀ ကျော်ဖိုးအထိ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီး ဌာနမှ သတင်းရရှိသည်။

ယခု ဖမ်းဆီးရခဲ့သည့် အ ကောက်ခွန်မဲ့ ပစ္စည်းများမှာ ဇူ လိုင် ၁၀ ရက်မှ ၂၀ ရက်အတွင်း ဖြစ်ပြီး ကျပ် ၁၈၅ ဒသမ ၈ သန်းဖိုးရှိသည်။

‘‘အပြည်ပြည်ဆိုင်ရာ လေ ဆိပ်နဲ့ ဆိပ်ကမ်းတွေကို လက်ရှိ အချိန်မှာ ပညာပေးကာလအနေ နဲ့ စစ်ဆေးပြီး ဖမ်းဆီးနေပါတယ်။ သြဂုတ်လ ၁ ရက်ကစပြီး အရေး ယူတဲ့ကာလဖြစ်သွားတဲ့အတွက် ပစ္စည်းတွေကို ဖမ်းဆီးမယ့်အပြင် လူကိုပါ အရေးယူသွားတာမျိုး တွေ လုပ်သွားမယ်’’ ဟု အ ကောက်ခွန်ဦးစီးဌာန အကြီးတန်း အရာရှိတစ်ဦးက ပြောသည်။

အကောက်ခွန်ဦးစီးဌာနအ နေဖြင့် ဇူလိုင် ၁ ရက်မှ ၁၀ ရက် အတွင်း အကောက်ခွန်မဲ့ ပစ္စည်း ကျပ် ၄၁ သန်းဖိုး ဖမ်းဆီးရမိခဲ့ပြီး ယခု ဆယ်ရက်အတွင်းကျပ် ၁၈၅ သန်း ဖမ်းဆီးရမိခဲ့သည့်အတွက် ၁၄၄ သန်းဖိုး ပို၍ ဖမ်းမိခဲ့ကြောင်း စာရင်းများတွင် ဖော်ပြထားသည်။

၂၀၁၄ ခုနှစ် ဇွန်လအတွင်း ကလည်း အကောက်ခွန်မဲ့ပစ္စည်း များကို ကျပ် ၃၇၄ ဒသမ ၂၃ သန်းအထိ ဖမ်းဆီးရမိခဲ့ကြောင်း အကောက်ခွန်ဦးစီးဌာန၏ စာရင်း များတွင် ဖော်ပြထားသည်။

7Day Daily

No comments:

Post a Comment