Sunday 4 May 2014

NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်

Photo: NDF ပါတီ ကြားဖြတ်ရွေးကောက်ပွဲ တစ်နိုင်ငံလုံး ၁၅ နေရာ ဝင်ပြိုင်မည်
Sunday, May 4, 2014

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံက ပြောကြားသည်။

မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လတစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly
အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) အနေနှင့် တစ်နိုင်ငံလုံး လစ်လပ်မဲဆန္ဒနယ် ၃၀ ကျော်တို့တွင် ၁၅ နေရာခန့် ဝင်ရောက်အရွေးခံမည် ဖြစ်ကြောင်း မန္တလေးတိုင်း NDF ပါတီ လူငယ်တာဝန်ခံ က ပြော ကြားသည်။
မန္တလေးတိုင်းတွင် လစ်လပ် နှစ်နေရာ ရှိနေရာ ခရိုင်အဆင့်တွင်သာ ဝင်ရောက် အရွေးခံမည့် ကိုယ်စား လှယ်လောင်းကို ရွေးချယ်ထားပြီး တိုင်းအဆင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ကိုယ်စားလှယ်လောင်း မရှိသေးကြောင်း ၎င်းကဆိုသည်။

၂၀၁၅ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်နေပြီး ရွေးကောက်ပွဲ မဲဆွယ်ရေးအတွက် သင်တန်းများ ပေးနေကြောင်း၊ ပါတီဝင်အင်အား တစ်သိန်းကျော် ရှိသည့် NDF ပါတီ ပဉ္စမအကြိမ်မြောက် ညီလာခံကို မန္တလေးမြို့တွင် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသွားမည် ဖြစ်ကြောင်း အဆိုပါ ပါတီထံမှ သိရသည်။

အထက်မြန်မာပြည်အတွက် ရည်ရွယ်ကာ မန္တလေးမြို့တွင် ကျင်းပခြင်း ဖြစ်ပြီး ပါတီညီလာခံကို ခြောက်လ တစ်ကြိမ် ကျင်းပလေ့ ရှိသည်။

တိုင်းရင်းသားပါတီ ၁၉ ပါတီတို့ စုပေါင်းဖွဲ့စည်း တည်ထောင်ထားသည့် ဖက်ဒရယ်ပြည်ထောင်စု ပါတီက ယခုနှစ်အတွင်း ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးမြို့နှင့် ရန်ကုန်မြို့ရှိ လစ်လပ် လေးနေရာ တွင် ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ယင်းအပြင် မန္တလေးမြို့ရှိ လစ်လပ်မဲဆန္ဒနယ်တွင် တိုင်းရင်း သား စည်းလုံးညီညွတ်ရေးပါတီက ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ပြီး NLD ပါတီအနေနှင့် ရွေးကောက်ပွဲ ကျင်းပမည့်ရက် တရားဝင် မကြေညာသေးသည့် အတွက် ဝင်ရောက် ယှဉ်ပြိုင်ရေးအတွက် ပြင်ဆင်ထားမှု မရှိသေးကြောင်း အဆိုပါ ပါတီများထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly

No comments:

Post a Comment