Sunday 4 May 2014

အပူရှိန်လွန်ကဲမှုကြောင့် ချောက်မြို့တွင်လူ၁ဝဦးသေဆုံး

မကွေးတိုင်းဒေသကြီးချောက် မြို့တွင်အပူရှိန်လွန်ကဲမြင့်တက်လာခြင်းကြောင့် ယခုရက်ပိုင်းအတွင်း လူ ၁ဝ ဦးခန့်သေဆုံးသွားကြောင်း ချောက်ဒေသခံတစ်ဦးကပြောသည်။''အပူချိန်၄၃ဒီဂရီစင်တီဂရိတ် အထက်မှာရှိ တယ်။ မကျန်းမာတဲ့ လူတွေ၊ အရက်သောက်တဲ့လူတွေ သေကြတယ်။အသက်(၄ဝ)ကျော်နဲ့ (၆ဝ)ကျော်ေ တွပေါ့ '' ဟု၎င်းကပြော သည်။
ချောက်မြို့တွင် ဆေးခန်းဖွင့် ထားသောဆရာဝန်ကလည်းအပူရှိန်ကြောင့်ဖြစ် တည်သော ဝေဒနာ များ နှင့်ပတ် သက်၍''အပူလျှပ်တာတော့ ရောက်မလာဘူး၊ အပူကြောင့်ဖြစ် တာသုံးမျိုးရှိတယ်။ အပူကြောင့် ဗိုက်နာတာ၊ကြွက်သားနာတာ၊ အပူ ကြောင့်နုံးတာနည်းနည်းပါးပါးတွေ့ တယ်။နောက်အပူကြောင့် အဖျား ကြီး ပြီး သတိလစ်သွားတဲ့လူနာတွေတော့ အများကြီးမတွေ့သေးဘူး''ဟု ဆို သည်။ ချောက်ဆေးရုံမှ ဆရာဝန် တစ်ဦးက ''ယခုအပတ်အတွင်း အပူကြောင့် အဖျားကြီးပြီး သတိ လစ်သွားတဲ့ လူနာ သုံးဦးရောက်လာ တယ်လို့ သိရတယ်''ဟုဆိုသည်။

လွန်ခဲ့သောငါးနှစ်ခန့်ကချောက် မြို့ဆေးရုံမှာ အပူရှိန်ကြောင့် လူနာ တွေဆေးရုံမှာ မဆံ့အောင် အထိ ဖြစ် ခဲ့ကြောင်း၊ အသေအပျောက် လဲများခဲ့ကြောင်း၊ မိုးလေဝသ ပညာရှင်များကမြန်မာနိုင်ငံတစ်ဝန်း မှာ ခရမ်း လွန်ရောင်ခြည်လွန်ကဲမှု အဆင့်သို့ ရောက်ရှိနေကြောင်း နေပူထဲမသွားကြ ရန်သွား ရင် လည်း နေရော င်ခြည် မထိအောင် လုံခြုံ စွာဝတ်ဆင်ဖို့ သတိပေးတိုက်တွန်း နှိုးဆော်ထားကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment