Wednesday 16 April 2014

ငြိမ်းချမ်းရေး ခရီးလမ်းပေါ်က အဖျက်သမား KIA

Photo: ငြိမ်းချမ်းရေး ခရီးလမ်းပေါ်က အဖျက်သမား KIA

ဧပြီလ ၁၆ ရက် ၂၀၁၄ ခုနှစ်

နိုင်ငံတစ်ခု ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အခြေခံတဲ့ အကြောင်းအချက်အလက် Activity တွေများစွာ ရှိနေပေမဲ့ ဒါတွေ အားလုံးဟာ   နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆိုတဲ့ Main Point သုံးခုအောက်က ခွဲထွက်သွားတဲ့ Branch တွေဘဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ တိုင်းပြည်ကို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူ အစိုးရရဲ့ မှန် ကန်တဲ့ Bureaucracy စနစ် နဲ့ အဲဒီစနစ်အပေါ်မှာ ပြည်သူအားလုံးက ပူးပေါင်းပါဝင် လိုက်နာကျင့်သုံးမှ ရမယ်ဆိုတာကို နားလည်ခဲ့ကြတဲ့အတွက် အကောင်းဆုံးအုပ်ချုပ်မှုစနစ်လို့ အများလက်ခံထားတဲ့ Democracy (ပြည်သူဗဟိုပြု) အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး Develop ဖြစ်အောင် ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။

Democracy စနစ်ကိုကျင့်သုံး အုပ်ချုပ်တယ်ဆိုတဲ့ နေရာမှာလဲ ကိုယ်နိုင်ငံရဲ့  တည်နေရာ၊ မြေ အနေအထား စတဲ့ Geography ဆိုင်ရာအချက်အလက်များ၊ ယဉ်ကျေးမှု၊ လူမျိုး ၊ နောက်ခံသမိုင်းကြောင်း စတဲ့ အခြေအနေတွေပေါ်မှာမူတည်ပြီး အကိုက်ညီဆုံးဖြစ်အောင် ဥပဒေများ ပြဌာန်းရေးဆွဲပြီး မိမိ တိုင်းပြည်နဲ့ အကိုက်ညီဆုံး Democracy စနစ်ကိုပုံဖော် ကျင့်သုံး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ Democracy စနစ်ကိုကျင့်သုံးတဲ့ နိုင်ငံချင်းတူပေမဲ့ နိုင်ငံတွေမှာ ကွဲပြာတဲ့ Democracy ပုံစံတွေများစွာရှိနေ တာကို တွေ့ ကြရမှာဖြစ်ပါတယ်။

 ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း လက်ရှိအချိန်မှာ နိုင်ငံတကာနည်းတူ အများလိုလားတဲ့ Democracy စနစ်ကို ကျင့်သုံးပြီး တပ်မတော်အစိုးရမှတည် ဒီမိုကရေစီအစိုးရသစ်အဖြစ် ပြောင်းလဲခဲ့ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျောက်လှမ်းလာတာဟာ အခုဆိုရင် ၃ နှစ်ကျော်တဲ့ ကာလကို ရောက်ရှိ လာခဲ့ပါပြီ။ ကျွန်တော်တို့နိုင်ငံဟာ  ပတ်ဝန်းကျင်နိုင်ငံ၊ ကမ္ဘာ့နိုင်ငံများနဲ့ မတူတဲ့ နောက်ခံသမိုင်းကြောင်း ရှိနေခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းအောင် ကြိုးစား နေရဆဲပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်ကလဲ နိုင်ငံတော်ဖွဲ့ဖြိုး တိုးတက်ဖို့ဆိုရင် အဓိက ကျတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်နိုင်မှ စီးပွားရေး၊ လူမှုရေး စတာတွေကို တိုးတက်အောင် concrete တစ်ပြိုင်တည်း လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အခုလက်ရှိ အစိုးရလက်ထက်မှာလည်း အစိုရ ၊ တပ်မတော်တို့ ဟာ ဒီအချက်ကို အဓိက လုပ်ငန်းစဉ်အဖြစ် လိုလိုလားလားနဲ့ အားသွန်ခွန်စိုက် အကောင်အထည်ဖော် လုပ် ဆောင်နေတာကို အားတက်ဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။
 
 ဒီကနေ့ ဒီမိုကရေစီအစိုးရသစ်နဲ့ တပ်မတော်က ဦးဆောင်ပြီး ကျင်းပနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ကျွန်တော်တို့ ပြည်သူတွေဟာ အလွန်ဝမ်းသာပီတီဖြစ်ရပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အမြန်ဆုံး ချုပ်ငြိမ်းပြီး ပတ်ဝန်းကျင်နိုင်ငံများနည်းတူ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတစ်ခုဆီကို သွားဖို့ အင်မတန်လိုလား တောင်းတနေကြတာ ဖြစ်ပါတယ်၊ ဒီငြိမ်းချမ်းရေးဆိုတဲ့ ချိုမြိန်တဲ့ အရသာရှိရှိ ဗန္ဓရ သရက်သီးကြီးကို မြိန်ရည်ယှက်ရည် စားသုံးပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင် အားလုံးက ခွန်အားရှိရှိနဲ့ ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောင်ဖို့ စောင့်စားနေကြတဲ့ အချိန်အခါကောင်း ဖြစ်နေပါပြီ။

 အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့  အဆင့်ဆင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက်မှုတွေကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်မှု ဖြစ်စဉ်တွေဟာ အတော်အတန်အောင်မြင်မှု တွေရရှိနေတာကို တွေ့မြင်နေရပါတယ်။ အခုဆိုရင် တစ်ချိန်က သေနတ်သံ ၊ မိုင်းသံ၊ ဗုံးသံ အကြားရဆုံး နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်မှာ ဒီအသံတွေ လုံးဝမကြားရတော့ဘဲ တစ်ကယ့်ကို ပျော်ရွင်စရာကောင်းပြီး ဒီနယ်မြေမှာရှိတဲ့ ကျေးရွာများမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ပါပြီ၊ KNU အဖွဲ့ရဲ့ ငြိမ်းချမ်းရေးအပေါ် လိုလိုလားလားနဲ့ ပူးပေါင်းပါဝင်ဆောင်ခဲ့မှုတွေကို ကရင်လူထုက အံသြမဆုံး ၀မ်းသား မဆုံး၊ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရပါပြီ၊ KNU အဖွဲ့လိုဘဲ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ထိုးကြဖို့ အသင့်ရှိ နေတဲ့ အခြေအနေကို ရောက်ရှိနပါပြီ။

 တိုင်းရင်းသား လက်နက်ကိုင်အားလုံးက အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် လိုလိုလား လား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပေမဲ့လည် KIA အဖွဲ့ကတော့ အစိုးရရဲ့ ငြိမ်ချမ်းရေး ကမ်းလှမ်းချက်တွေ အပေါ်မှာ လိုလိုလားလားမရှိဘဲ အများပါဝင်လို့သာ မသက်သာလို့ ၀င်ရောက်ဆွေးနွေးတဲ့ သဘောမျိုး ရှိခဲ့ပြီး ၃ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပိုင်းတွေပေါ်မှာ ကန့်လန့်တိုက်ပြီး တရွတ်တိုက် လိုက်ပါနေတာကို တွေ့မြင်နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာလဲ KIA အဖွဲ့ရဲ့  ဖျက်လို့ ဖျက်ဆီးလုပ်ရဲ့တွေကြောင့် အများကြီး နှောင့်နေးနေခဲ့ရပါတယ်။ အခြားတိုင်းရင်းသား လက်နက် ကိုင်များအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ တိကျတဲ့ သဘောတူညီချက်၊ အဖြေတွေ ရရှိပြီး တိုင်းရင်းသာ ပြည်သူများက ၀မ်းသာခဲ့ကြရပါတယ်။ Myamar Peace Center နဲ့ KIA တို့ ငြိမ်းချမ်းရေး အတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် ရေရေရာရာ တစ်ခုမှမရှိခဲ့ဘဲ ဆွေးနွေမှု တိုင်းကို နားစွင့်နေတဲ့ စစ်ဘေးစစ်ဒဏ်ခံ ကချင်လူထုရဲ့ ငြိမ်းချမ်းရေး အိမ်မက်တွေဟာလဲ  အကောင် အထည် ပေါ်မလာခဲ့ပါဘူး။ 

 KIA ရဲ့  တံတားဖျက်၊ လမ်းဖျက်၊ မိုင်းထောင် ဖောက်ခွဲရေး terrorism အကြမ်းဖက် လုပ်ရပ် တွေကြောင့် ကချင်ပြည် နယ်မှာရှိတဲ့ ပြည်သူလူထုဟာ အများကြီး ဒုက္ခရောက်ရှိနေရပါတယ်၊ ကိုယ့်လူမျိုး အချင်းချင်းပေါ်မှာ ငဲ့ကွက်မှုမရှိတဲ့ KIA ရဲ့ မိမိအဖွဲ့အစည်း အာဏာတည်မြဲ ကောင်းစားရေး ၊ လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်ရေး ၀ါဒဆိုးများကြောင့် ကချင်ပြည်နယ်က ပြည်သူ လူထုရဲ့ အသက်အိုးအိမ် တွေ များစွာ ဆုံးရှုံးခဲ့ရပါတယ်။ KIA ရဲ့ အကြမ်းဖက်လုပ်နဲ့ အစွန်းရောက်ဝါဒဟာ တိုက်ပွဲကာလ ၃ နှစ်ကျော်ကြာကာလအတွင်း လုံးဝ ဖုံးကွယ်လို့ မရတော့ဘဲ လွဲမှာတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်ဆိုတာကို ကချင်ပြည်နယ်က ဒေသခံပြည်သူလူထုက အခုအချိန်မှာ ကောင်းစွာ နားလည်သဘောပေါက် သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က Myanmar Peace Center မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုမှာလဲ အခြားတိုင်းရင်းသား လက်နက်ကိုင်အားလုံးက ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေတဲ့ အနေထားမျိုးရှိနေကြပေမဲ့လည်း KIA ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ သဘောထားမရှိတဲ့အတွက် အခြားတိုင်းရင်းလက်နက် ကိုင်တွေက KIA ကို ဆက်လက်ပြီး လက်တွဲခေါ်ဖို့ အတွက် လိုလိုလားလားမရှိကြတော့ဘဲ စဉ်းစားနေတဲ့အခြေအနေကိုရောက် နေပြီဖြစ် ပါတယ်။ အခုလက်ရှိဆောင်ရွက်နေတဲ့ အစိုးရရဲ သန်ခေါင်စားရင်း ကောက်ခံမှုလုပ်ငန်းစဉ်တွေမှာလဲ  KNU အပါအ၀င် အခြားတိုင်းရင်းသား နယ်မြေများမှာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် မှုကြောင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပေမဲ့လဲ KIA နယ်မြေတွေမှာ KIA အဖွဲ့ရဲ့ ဖျက်လို့ဖျက်ဆီး လုပ်ရပ်တွေကြောင့် နယ်မြေအားလုံးမှာ သန်ခေါင်းစာရင်း ကောက်ခံနိုင်ခြင်းမရှိတဲ့အပြင် KIA ရဲ့ အကြမ်းဖက် ခြုံခိုတိုက်ခိုက်မှုတွေကြောင့် သန်ခေါင်းစာရင်းကောက်ခံရေးအဖွဲ့တွေကို လုံခြုံရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တပ်မတော်သား များရဲ့  အသက်တွေ စတေးခဲ့ရပါတယ်။

 KIA အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်က သွားနေတဲ့ Democracy စနစ် အောင်မြင်စွာ ဖော်ဆောင်နိုင်ရေးလုပ်ငန်းများမှာ အခရာအကျဆုံး ငြိမ်းချမ်းရေးခရီးလမ်းပေါ်မှာ အနှောက်အယှက် အဟန့်အတား တစ်ခု ဖြစ်နေတဲ့အပြင် နိုင်ငံတော်ရဲ့ အခြားသော တိုးတက်ရေး ဆောင်ရွက်ချက် လုပ်ငန်း စဉ်တွေအတွက်အလည်း ကြီးမားတဲ့ အနှောက်အယှက်တစ်ခု ဖြစ်နေပါပြီ၊ ဒီလိုအခြေအနေ အချိန်အခါ မှာ ကျွန်တော်တို့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကလဲ ဒီမိုကရေစီအစိုးရသစ်နဲ့အတူ တိုင်းပြည် တိုးတက်အောင် အဖက်ဖက်ကနေ ဆောင်ရွက်ဖို့ အသင့်ဖြစ်နေတဲ့ အချိန်အခါဖြစ်ပါတယ်၊ ဒီလို အခြေအ နေအချိန်အခါကောင်းမျိုးကို ရောက်ရှိနေပါလျက်နဲ့ KIA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အခြားတိုင်း ရင်းသားများနည်းတူ အစိုးရနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မစဉ်း စားဘဲ လက်နက်ကိုင် အကြမ်းဖက် လုပ်ငန်းစဉ်နဲ့ ၀ါဒဆိုးကို ဆက်လက် ကိုင်စွဲထားဦးမယ်ဆိုရင် KIA အဖွဲ့ဟာ ငြိမ်းချမ်းရေး ခရီးလမ်းပေါ်က အဖျက်သမား အဖြစ် ကျန်နေခဲ့မှာ ဖြစ်ပြီး အစိုးရ ၊တပ်မတော်၊တိုင်းရင်းသားညီနှောင်များ၊ ကချင်လူထုနဲ့ ပြည်သူများရဲ့ လက်တွဲဖြုတ်ခြင်းကို မလွှဲမသွေခံရမှာ ဖြစ်ပြီး ကိုယ်တိုင်ဖန်တီးကပြတဲ့ သမိုင်းဆိုး ဇတ်လမ်းနဲ့အတူ ပျောက်ကွယ် သွားမှာဘဲ ဖြစ်ပါတယ်ဆိုတာ အထူသတိပြုနိုင်ဖို့ ရေးသားလိုက်ရပါတယ်။

မောင်ရေချမ်း ( မြစ်ကြီးနား)
နိုင်ငံတစ်ခု ဖွံ့ ဖြိုးတိုးတက်ဖို့ အတွက် အခြေခံတဲ့ အကြောင်းအချက်အလက် Activity တွေများစွာ ရှိနေပေမဲ့ ဒါတွေ အားလုံးဟာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဆိုတဲ့ Main Point သုံးခုအောက်က ခွဲထွက်သွားတဲ့ Branch တွေဘဲဖြစ်ပါတယ်။ ဒီကနေ့ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအများစုဟာ တိုင်းပြည်ကို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးစနစ်၊ အုပ်ချုပ်သူ အစိုးရရဲ့ မှန် ကန်တဲ့ Bureaucracy စနစ် နဲ့ အဲဒီစနစ်အပေါ်မှာ ပြည်သူအားလုံးက ပူးပေါင်းပါဝင် လိုက်နာကျင့်သုံးမှ ရမယ် ဆိုတာကို နားလည်ခဲ့ကြတဲ့အတွက် အကောင်းဆုံးအုပ်ချုပ်မှုစနစ်လို့ အများလက်ခံထားတဲ့ Democracy (ပြည်သူဗဟိုပြု) အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံးပြီး Develop ဖြစ်အောင် ဆောင်ရွက်နေကြ တာဖြစ်ပါတယ်။
Democracy စနစ်ကိုကျင့်သုံး အုပ်ချုပ်တယ်ဆိုတဲ့ နေရာမှာလဲ ကိုယ်နိုင်ငံရဲ့ တည်နေရာ၊ မြေ အနေအထား စတဲ့ Geography ဆိုင်ရာအချက်အလက်များ၊ ယဉ်ကျေးမှု၊ လူမျိုး ၊ နောက်ခံသမိုင်းကြောင်း စတဲ့ အခြေ အနေတွေပေါ်မှာမူတည်ပြီး အကိုက်ညီဆုံးဖြစ်အောင် ဥပဒေများ ပြဌာန်းရေးဆွဲပြီး မိမိ တိုင်းပြည်နဲ့ အကိုက် ညီဆုံး Democracy စနစ်ကိုပုံဖော် ကျင့်သုံး ဆောင်ရွက်ကြတာဖြစ်ပါတယ်။ Democracy စနစ်ကို ကျင့်သုံး တဲ့ နိုင်ငံချင်းတူပေမဲ့ နိုင်ငံတွေမှာ ကွဲပြာတဲ့ Democracy ပုံစံတွေများစွာရှိနေ တာကို တွေ့ ကြရမှာဖြစ် ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံသည်လည်း လက်ရှိအချိန်မှာ နိုင်ငံတကာနည်းတူ အများလိုလားတဲ့ Democracy စနစ်ကို ကျင့်သုံးပြီး တပ်မတော်အစိုးရမှတည် ဒီမိုကရေစီအစိုးရသစ်အဖြစ် ပြောင်းလဲခဲ့ပြီး ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျောက်လှမ်းလာတာဟာ အခုဆိုရင် ၃ နှစ်ကျော်တဲ့ ကာလကို ရောက်ရှိ လာခဲ့ပါပြီ။ ကျွန်တော် တို့နိုင်ငံဟာ ပတ်ဝန်းကျင်နိုင်ငံ၊ ကမ္ဘာ့နိုင်ငံများနဲ့ မတူတဲ့ နောက်ခံသမိုင်းကြောင်း ရှိနေ ခဲ့ပြီး နှစ်ပေါင်း ၆၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို ချုပ်ငြိမ်းအောင် ကြိုးစား နေရဆဲ ပဲဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရ အဆက်ဆက်ကလဲ နိုင်ငံတော်ဖွဲ့ဖြိုး တိုးတက်ဖို့ဆိုရင် အဓိက ကျတဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင်လုပ်ဆောင်နိုင်မှ စီးပွားရေး၊ လူမှုရေး စတာတွေကို တိုး တက်အောင် concrete တစ်ပြိုင်တည်း လုပ်ဆောင်နိုင်မှာဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်။ အခုလက်ရှိ အစိုးရလက်ထက်မှာလည်း အစိုရ ၊ တပ်မတော်တို့ ဟာ ဒီအချက်ကို အဓိက လုပ်ငန်းစဉ်အဖြစ် လိုလိုလားလားနဲ့ အားသွန်ခွန်စိုက် အကောင်အထည်ဖော် လုပ် ဆောင်နေတာကို အားတက်ဖွယ် မြင်တွေ့ကြရမှာဖြစ်ပါတယ်။

ဒီကနေ့ ဒီမိုကရေစီအစိုးရသစ်နဲ့ တပ်မတော်က ဦးဆောင်ပြီး ကျင်းပနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ ရဲ့ အောင်မြင်မှုတွေကို ကြည့်ပြီး ကျွန်တော်တို့ ပြည်သူတွေဟာ အလွန်ဝမ်းသာပီတီဖြစ်ရပါတယ်။ ကျွန်တော် တို့ ပြည်သူတွေဟာ နှစ်ပေါင်း ၆၀ ကျော်ကြာမြင့်နေပြီဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို အမြန်ဆုံး ချုပ်ငြိမ်းပြီး ပတ်ဝန်းကျင်နိုင်ငံများနည်းတူ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးတစ်ခုဆီကို သွားဖို့ အင်မတန်လိုလား တောင်းတနေကြတာ ဖြစ်ပါတယ်၊ ဒီငြိမ်းချမ်းရေးဆိုတဲ့ ချိုမြိန်တဲ့ အရသာရှိရှိ ဗန္ဓရ သရက်သီးကြီးကို မြိန်ရည်ယှက်ရည် စားသုံးပြီး ပြည်ထောင်စုဖွားတိုင်းရင်းသားညီနောင် အားလုံးက ခွန်အားရှိရှိနဲ့ ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောင်ဖို့ စောင့်စားနေကြတဲ့ အချိန် အခါကောင်း ဖြစ်နေ ပါပြီ။

အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ အဆင့်ဆင့် တွေ့ဆုံဆွေးနွေး ဆောင်ရွက် မှုတွေကြောင့် ငြိမ်းချမ်းရေးလှုပ်ရှားဆောင်ရွက်မှု ဖြစ်စဉ်တွေဟာ အတော်အတန်အောင်မြင်မှု တွေ ရရှိနေ တာ ကို တွေ့မြင်နေရပါတယ်။ အခုဆိုရင် တစ်ချိန်က သေနတ်သံ ၊ မိုင်းသံ၊ ဗုံးသံ အကြားရဆုံး နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်မှာ ဒီအသံတွေ လုံးဝမကြားရတော့ဘဲ တစ်ကယ့်ကို ပျော်ရွင်စရာကောင်းပြီး ဒီနယ်မြေမှာရှိတဲ့ ကျေးရွာများမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို အေးချမ်းစွာ ဆောင်ရွက်နိုင်ခဲ့ပါပြီ၊ KNU အဖွဲ့ရဲ့ ငြိမ်းချမ်းရေးအပေါ် လိုလိုလားလားနဲ့ ပူးပေါင်းပါဝင်ဆောင်ခဲ့မှုတွေကို ကရင်လူထုက အံသြမဆုံး ၀မ်းသား မဆုံး၊ ကျေးဇူးတင်မဆုံး ဖြစ်ခဲ့ရပါပြီ၊ KNU အဖွဲ့လိုဘဲ အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအားလုံးကလည်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို သဘောတူ လက်မှတ်ထိုးကြဖို့ အသင့်ရှိ နေတဲ့ အခြေအနေကို ရောက်ရှိနပါပြီ။

တိုင်းရင်းသား လက်နက်ကိုင်အားလုံးက အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် လိုလိုလား လား ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပေမဲ့လည် KIA အဖွဲ့ကတော့ အစိုးရရဲ့ ငြိမ်ချမ်းရေး ကမ်းလှမ်းချက်တွေ အပေါ်မှာ လိုလိုလားလားမရှိဘဲ အများပါဝင်လို့သာ မသက်သာလို့ ၀င်ရောက်ဆွေးနွေးတဲ့ သဘောမျိုး ရှိခဲ့ပြီး ၃ နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု အပိုင်းတွေပေါ်မှာ ကန့်လန့်တိုက်ပြီး တရွတ်တိုက် လိုက်ပါနေတာကို တွေ့မြင်နေပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့ နေရာမှာလဲ KIA အဖွဲ့ရဲ့ ဖျက်လို့ ဖျက်ဆီးလုပ်ရဲ့တွေကြောင့် အများကြီး နှောင့်နေးနေခဲ့ရပါတယ်။ အခြားတိုင်းရင်းသား လက်နက် ကိုင်များအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ တိကျတဲ့ သဘောတူညီချက်၊ အဖြေတွေ ရရှိပြီး တိုင်းရင်းသာ ပြည်သူများက ၀မ်းသာခဲ့ကြရပါတယ်။ Myamar Peace Center နဲ့ KIA တို့ ငြိမ်းချမ်းရေး အတွက် အကြိမ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပေမဲ့ သဘောတူညီချက် ရေရေရာရာ တစ်ခုမှမရှိခဲ့ဘဲ ဆွေးနွေမှု တိုင်းကို နားစွင့်နေတဲ့ စစ်ဘေးစစ်ဒဏ်ခံ ကချင်လူထုရဲ့ ငြိမ်းချမ်းရေး အိမ်မက်တွေဟာလဲ အကောင် အထည် ပေါ်မလာခဲ့ပါဘူး။

KIA ရဲ့ တံတားဖျက်၊ လမ်းဖျက်၊ မိုင်းထောင် ဖောက်ခွဲရေး terrorism အကြမ်းဖက် လုပ်ရပ် တွေကြောင့် ကချင်ပြည် နယ်မှာရှိတဲ့ ပြည်သူလူထုဟာ အများကြီး ဒုက္ခရောက်ရှိနေရပါတယ်၊ ကိုယ့်လူမျိုး အချင်းချင်းပေါ် မှာ ငဲ့ကွက်မှုမရှိတဲ့ KIA ရဲ့ မိမိအဖွဲ့အစည်း အာဏာတည်မြဲ ကောင်းစားရေး ၊ လက်နက်ကိုင်လမ်းစဉ် မစွန့်လွှတ်ရေး ၀ါဒဆိုးများကြောင့် ကချင်ပြည်နယ်က ပြည်သူ လူထုရဲ့ အသက်အိုးအိမ် တွေ များစွာ ဆုံးရှုံး ခဲ့ရ ပါတယ်။ KIA ရဲ့ အကြမ်းဖက်လုပ်နဲ့ အစွန်းရောက်ဝါဒဟာ တိုက်ပွဲကာလ ၃ နှစ်ကျော်ကြာကာလ အတွင်း လုံးဝ ဖုံးကွယ်လို့ မရတော့ဘဲ လွဲမှာတဲ့ လုပ်ရပ်တွေသာ ဖြစ်တယ်ဆိုတာကို ကချင်ပြည်နယ် က ဒေသခံပြည်သူလူထုက အခုအချိန်မှာ ကောင်းစွာ နားလည်သဘောပေါက် သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က Myanmar Peace Center မှာ ပြုလုပ်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး တွေ့ဆုံ ဆွေးနွေးမှုမှာလဲ အခြားတိုင်းရင်းသား လက်နက်ကိုင်အားလုံးက ငြိမ်းချမ်းရေး စာချုပ်ကို လက်မှတ်ထိုးဖို့ အဆင့်သင့်ဖြစ်နေတဲ့ အနေထားမျိုးရှိနေကြပေမဲ့လည်း KIA ဟာ ငြိမ်းချမ်းရေးကို လိုလားတဲ့ သဘောထားမရှိတဲ့အတွက် အခြားတိုင်းရင်းလက်နက် ကိုင်တွေက KIA ကို ဆက်လက်ပြီး လက်တွဲခေါ်ဖို့ အတွက် လိုလိုလားလားမရှိကြတော့ဘဲ စဉ်းစားနေတဲ့အခြေအနေကိုရောက် နေပြီဖြစ် ပါတယ်။ အခုလက်ရှိဆောင်ရွက်နေတဲ့ အစိုးရရဲ သန်ခေါင်စားရင်း ကောက်ခံမှုလုပ်ငန်းစဉ်တွေမှာလဲ KNU အပါအ၀င် အခြားတိုင်းရင်းသား နယ်မြေများမှာ တိုင်းရင်းသားအဖွဲ့တွေရဲ့ ပူးပေါင်းပါဝင်ဆောင်ရွက် မှုကြောင့် အောင်မြင်စွာ ဆောင်ရွက် နိုင်ခဲ့ပေမဲ့လဲ KIA နယ်မြေတွေမှာ KIA အဖွဲ့ရဲ့ ဖျက်လို့ဖျက်ဆီး လုပ်ရပ်တွေကြောင့် နယ်မြေအားလုံးမှာ သန်ခေါင်းစာရင်း ကောက်ခံနိုင်ခြင်းမရှိတဲ့အပြင် KIA ရဲ့ အကြမ်း ဖက် ခြုံခိုတိုက်ခိုက်မှုတွေကြောင့် သန်ခေါင်းစာရင်းကောက်ခံရေးအဖွဲ့တွေကို လုံခြုံရေး လိုက်ပါ ဆောင် ရွက်ပေးနေတဲ့ တပ်မတော်သား များရဲ့ အသက်တွေ စတေးခဲ့ရပါတယ်။

KIA အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတော်က သွားနေတဲ့ Democracy စနစ် အောင်မြင် စွာ ဖော်ဆော င်နိုင်ရေး လုပ်ငန်းများမှာ အခရာအကျဆုံး ငြိမ်းချမ်းရေးခရီးလမ်းပေါ်မှာ အနှောက်အယှက် အဟန့်အတား တစ်ခု ဖြစ်နေတဲ့အပြင် နိုင်ငံတော်ရဲ့ အခြားသော တိုးတက်ရေး ဆောင်ရွက်ချက် လုပ်ငန်း စဉ်တွေ အတွက် အလည်း ကြီးမားတဲ့ အနှောက်အယှက်တစ်ခု ဖြစ်နေပါပြီ၊ ဒီလိုအခြေအနေ အချိန်အခါ မှာ ကျွန်တော် တို့ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးကလဲ ဒီမိုကရေစီအစိုးရသစ်နဲ့အတူ တိုင်းပြည် တိုးတက်အောင် အဖက်ဖက်ကနေ ဆောင်ရွက်ဖို့ အသင့်ဖြစ်နေတဲ့ အချိန်အခါဖြစ်ပါတယ်၊ ဒီလို အခြေအ နေအချိန်အခါကောင်းမျိုးကို ရောက်ရှိနေပါလျက်နဲ့ KIA အဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို အခြား တိုင်း ရင်းသားများနည်းတူ အစိုးရနဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ မစဉ်း စားဘဲ လက်နက်ကိုင် အကြမ်းဖက် လုပ်ငန်းစဉ်နဲ့ ၀ါဒဆိုးကို ဆက်လက် ကိုင်စွဲထားဦးမယ်ဆိုရင် KIA အဖွဲ့ဟာ ငြိမ်းချမ်းရေး ခရီး လမ်းပေါ်က အဖျက်သမား အဖြစ် ကျန်နေခဲ့မှာ ဖြစ်ပြီး အစိုးရ ၊တပ်မတော်၊တိုင်းရင်းသားညီနှောင်များ၊ ကချင် လူထုနဲ့ ပြည်သူများရဲ့ လက်တွဲဖြုတ်ခြင်းကို မလွှဲမသွေခံရမှာ ဖြစ်ပြီး ကိုယ်တိုင်ဖန်တီးကပြတဲ့ သမိုင်း ဆိုး ဇတ်လမ်းနဲ့အတူ ပျောက်ကွယ် သွားမှာဘဲ ဖြစ်ပါတယ်ဆိုတာ အထူသတိပြုနိုင် ဖို့ ရေးသားလိုက် ရပါတယ်။

မောင်ရေချမ်း ( မြစ်ကြီးနား)
Credit : Kachin Daily News

No comments:

Post a Comment