Monday 14 April 2014

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ နေရာရွှေ့ပြောင်းသည့်လေယာဉ်မှ ရပ်ထားသောလေယာဉ်ကို တိုက်မိ


၁၄.၄.၂၀၁၄ ရက်နေ့ ၀၆၄၀ အချိန် မင်္ဂလာဒုံမြို့နယ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်၊ လေယာဉ် ကွင်းအတွင်း Golden Myanmar Air Way (GMA) လေကြောင်းမှ လေယာဉ်အမှတ် XY-AGT ၊ လေယာဉ်အမျိုးအစား A-320 သည် Push Back ယာဉ်ဖြင့်တွန်း၍နေရာရွှေ့ပြောင်းရန် ဆောင်ရွက်စဉ် ဘီးလိမ့် သွားပြီး လေယာဉ်ဦးပိုင်းဖြင့် အနီးတွင် ရပ်ထားသည့် အပြည်ပြည်ဆိုင်ရာမြန်မာ့လေကြောင်း (MAI)၊ လေယာဉ်အမှတ် XY-AGR ၊ လေယာဉ်အမျိုးအစား A-319 လေယာဉ်၏ ယာဘက်နောက်ပိုင်း တံခါးနေရာအား ၀င်ရောက်တိုက်မိခဲ့ပါသည်။

အဆိုပါလေယာဉ်တိုက်မိမှုကြောင့် GMA လေယာဉ်၏ဦးပိုင်းနှင့် MAI လေယာဉ်၏ ယာဘက် နောက် ပိုင်းတံခါးတို့ပျက်စီးသွားခဲ့ကြောင်း သတင်းရရှိပါသည်။

Yangon Police
 

No comments:

Post a Comment