Monday 14 April 2014

ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို

Photo: ကော်စတာ၏ ဒဏ်ရာ စိုးရိမ်စရာ မရှိကြောင်း ဆီမြွန်နီ ငြင်းဆို
Monday, April 14, 2014

တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကို မက်ဒရစ် နည်းပြ ဒီယေဂို ဆီမြွန်နီက ငြင်းဆိုခဲ့သည်။

ကော်စတာသည် အက်သလက်တီကို အတွက် ဒုတိယဂိုး သွင်းယူချိန်တွင် ဘယ်ဘက်ဂိုးတိုင်နှင့် တိုက်မိခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမား အနေဖြင့် ပြင်းထန်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဆီမြွန်နီက အတည်ပြုခဲ့သည်။

ထို့အပြင် အက်သလက်တီကိုကလည်း ကံကောင်းလွန်းသည့် ဒီယေဂို ကော်စတာသည် ဂိုးတိုင်နှင့် ထိခိုက်မိခဲ့ပြီးနောက် ဒဏ်ရာ တစ်ခုသာ ရရှိခဲ့ကြောင်း တရားဝင် Twitter account မှတစ်ဆင့် ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့နောက် ဆီမြွန်နီက “ဒီယေဂိုရဲ့ အခြေအနေက ကောင်းပါတယ်။ ဒီဒဏ်ရာက သူ့အတွက် ဘာမှ မပြေပလောက်ပါဘူး” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး ဂီတာဖေးနှင့် ပွဲစဉ်တွင် အသင်း၏ ပရော်ဖက်ရှင်နယ် ခြေစွမ်းနှင့် ပတ်သက်၍ အံ့အားသင့်မိကြောင်း ဆီမြွန်နီက ချီးကျူးခဲ့သည်။

“ဆုဖလား ရရှိဖို့က ကျွန်တော်တို့ရဲ့ ခြေစွမ်းအပေါ် မူတည်တယ်ဆိုတာကို ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီအယူအဆကို လက်ကိုင်ထားဆဲပါ။ ဆုဖလားရဖို့ဆိုတာ ရည်မှန်းချက်၊ စိတ်အားထက်သန်မှု၊ ကြိုးစားအားထုတ်မှု အထူးသဖြင့် အသင်းရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားတို့အပေါ်မှာ မူတည်ပါတယ်။ ဂီတာဖေးနဲ့ ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲပါ။ ဒါပေမဲ့ ကစားသမားတွေဟာ အရေးပါတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထားတာတွေ ဖြစ်ဖို့ နောက်ထပ် ၅ ပွဲပဲ ကစားရပါတော့မယ်။ ဒါကြောင့် ကျွန်တော်တို့ အယ်ချီနဲ့ ကစားရမယ့် ပွဲကို အာရုံစိုက်နေပါတယ်” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar
တနင်္ဂနွေနေ့က ဂီတာဖေးကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပွဲတွင် ဒဏ်ရာရရှိခဲ့သည့် ဒီယေဂို ကော်စတာ၏ အခြေအနေသည် စိုးရိမ်စရာ မရှိကြောင်း အက်သလက်တီကိုမက်ဒရစ် နည်းပြ ဒီယေဂိုဆီမြွန်နီ က ငြင်းဆိုခဲ့သည်။
ကော်စတာသည် အက်သလက်တီကိုအတွက် ဒုတိယဂိုး သွင်းယူချိန်တွင် ဘယ်ဘက်ဂိုးတိုင်နှင့် တိုက်မိ ခဲ့သောကြောင့် ဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရသော်လည်း အသက် ၂၅ နှစ်အရွယ် ကစားသမား အနေဖြ င့် ပြင်း ထန်သည့် ဒဏ်ရာ ရရှိခဲ့ခြင်း မရှိကြောင်း ဆီမြွန်နီက အတည်ပြုခဲ့သည်။

ထို့အပြင် အက်သလက်တီကိုကလည်း ကံကောင်းလွန်းသည့် ဒီယေဂို ကော်စတာသည် ဂိုးတိုင်နှင့် ထိခိုက် မိခဲ့ပြီးနောက် ဒဏ်ရာ တစ်ခုသာ ရရှိခဲ့ကြောင်း တရားဝင် Twitter account မှတစ်ဆင့် ထုတ်ဖော် ပြော ကြားခဲ့သည်။

ထို့နောက် ဆီမြွန်နီက “ဒီယေဂိုရဲ့ အခြေအနေက ကောင်းပါတယ်။ ဒီဒဏ်ရာက သူ့အတွက် ဘာမှ မပြော ပလောက် ပါဘူး” ဟု ဆိုခဲ့သည်။

ဆက်လက်ပြီး ဂီတာဖေးနှင့် ပွဲစဉ်တွင် အသင်း၏ ပရော်ဖက်ရှင်နယ် ခြေစွမ်းနှင့် ပတ်သက်၍ အံ့အား သင့်မိကြောင်း ဆီမြွန်နီက ချီးကျူးခဲ့သည်။

“ဆုဖလား ရရှိဖို့က ကျွန်တော်တို့ရဲ့ ခြေစွမ်းအပေါ် မူတည်တယ်ဆိုတာကို ကျွန်တော် အမြဲ ပြောခဲ့ပါတယ်။ လက်ရှိမှာလည်း ဒီအယူအဆကို လက်ကိုင်ထားဆဲပါ။ ဆုဖလားရဖို့ဆိုတာ ရည်မှန်းချက်၊ စိတ်အား ထက် သန်မှု၊ ကြိုးစားအားထုတ်မှု အထူးသဖြင့် အသင်းရဲ့ နှိမ့်ချတတ်တဲ့ စိတ်ထားတို့အပေါ်မှာ မူတည်ပါတယ်။ ဂီတာဖေးနဲ့ ပွဲမှာ ကျွန်တော်တို့ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဒီပွဲဟာ ခက်ခဲတဲ့ ပွဲပါ။ ဒါပေမဲ့ ကစား သမားတွေဟာ အရေးပါတဲ့ ရလဒ်ကို ရယူနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ရည်မှန်းထား တာတွေ ဖြစ် ဖို့ နောက်ထပ် ၅ ပွဲပဲ ကစားရပါတော့မယ်။ ဒါကြောင့် ကျွန်တော်တို့ အယ်ချီနဲ့ ကစားရမယ့် ပွဲကို အာရုံ စိုက်နေ ပါတယ်” ဟု ဆီမြွန်နီက ပြောကြားခဲ့သည်။

Ref: Goal
Soccer Myanmar

No comments:

Post a Comment