Tuesday 15 April 2014

စကားများရန်ဖြစ်ရာမှ ဓါးနှင့်ထိုးခဲ့၍ သေဆုံး

ရန်ကုန်၊ ဧပြီ ၁၄
၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ
ရပ်ကွက်နေ မလွင်လွင်ငြိမ်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ
အောင်ဇော်မိုးမှာ အေးရွာရပ်ကွက်၊ သီတာအေးဘုန်းကြီးကျောင်းအနောက်
လမ်း၌ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
မောင်ဖြစ်သူအား ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို
တွေ့ရှိရပါသည်။ ဖြစ်စဉ်အားစုံစမ်းရာ မောင်ဖြစ်သူ အောင်ဇော်မိုးနှင့် တစ်ရပ်ကွက်တည်းနေ
အောင်မျိုး၊ (၃၀)နှစ်၊ အေးရွာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူတို့သည် ကလေးများရန်ဖြစ်သည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်စဉ် အောင်မျိုးမှ
အသင့်ပါလာသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Photo: စကားများရန်ဖြစ်ရာမှ ဓါးနှင့်ထိုးခဲ့၍ သေဆုံး

ရန်ကုန်၊ ဧပြီ ၁၄

၁၄.၄.၂၀၁၄ရက်နေ့ ၁၇၀၀ အချိန်ခန့်တွင် ကြည့်မြင်တိုင်မြို့နယ်၊ အေးရွာ
ရပ်ကွက်နေ မလွင်လွင်ငြိမ်းမှ ၎င်းသည် နေအိမ်တွင်ရှိနေစဉ် မောင်ဖြစ်သူ
အောင်ဇော်မိုးမှာ အေးရွာရပ်ကွက်၊ သီတာအေးဘုန်းကြီးကျောင်းအနောက်
လမ်း၌ ဓါးထိုးခံရကြောင်းကြားသိရသဖြင့် သွားရောက်ကြည့်ရှုခဲ့ရာ
မောင်ဖြစ်သူအား ၀ဲရင်အုံထိုးသွင်းဒဏ်ရာ(၁)ချက်ရရှိထားသည်ကို
တွေ့ရှိရပါသည်။

ဖြစ်စဉ်အားစုံစမ်းရာ မောင်ဖြစ်သူ အောင်ဇော်မိုးနှင့် တစ်ရပ်ကွက်တည်းနေ
အောင်မျိုး၊ (၃၀)နှစ်၊ အေးရွာရပ်ကွက်၊ ကြည့်မြင်တိုင်မြို့နယ်နေသူတို့သည် ကလေးများရန်ဖြစ်သည့်ကိစ္စနှင့်ပတ်သက်၍စကားများရန်ဖြစ်စဉ် အောင်မျိုးမှ
အသင့်ပါလာသော အရိုးအသွား(၈)လက်မခန့်ရှိ ဓါးဦးချွန်ဖြင့်ထိုးခဲ့သဖြင့် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

ယင်းကဲ့သို့ မောင်ဖြစ်သူ အောင်ဇော်မိုးအား ဒဏ်ရာရရှိအောင်ပြုလုပ်ခဲ့သူ
အောင်မျိုး ကိုအရေးယူပေးရန်တိုင်တန်းခဲ့၍ ကြည့်မြင်တိုင်မြို့နယ်၊ စက်ဆန်း
နယ်မြေ ရဲစခန်း(ပ)၁၀၁/၂၀၁၄၊ ပြစ်မှုပုဒ်မ-၃၂၆ ဖြင့် အမှုဖွင့်အရေးယူ
ဆောင်ရွက်ခဲ့ပါသည်။

အမှုမှဒဏ်ရာရရှိသူ အောင်ဇော်မိုးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်စဉ် ၁၇၃၀ အချိန် သေဆုံးသွားသဖြင့် ပြစ်မှုပုဒ်မ-၃၂၆ မှ ၃၀၂ သို့ပြောင်းလဲ
စစ်ဆေးကာ ပြစ်မှုကျူးလွန်သူ အောင်မျိုးအား ဖမ်းဆီးစစ်ဆေးလျက်ရှိ
ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment