Friday 7 March 2014

ပျော်ဘွယ်မြို့နယ် အနောက်ဘက်ပိုင်း ကျေးရွာများတွင် တံတား လေးစင်း တည်ဆောက်မည်

မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ်မြို့နယ် အတွင်းရှိ ကျေးလက်ဒေသများ လမ်းပန်းဆက်သွယ်ရေး လွယ်ကူစေရေး အတွက် မိုးရာသီအမီ တံတားလေးစင်း တည်ဆောက် ပေးနေကြောင်း မန္တလေးတိုင်း ဒေသကြီး ပျော်ဘွယ် အမှတ် (၂) မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဦးက ပြောကြားသည်။

အဆိုပါ တံတား လေးစင်း တည်ဆောက် ရေးတွင် တံတားဆောက်သော ငွေမှာ ပြည်ထောင်စု လွှတ်တော်မှ ပေးသော ရန်ပုံငွေ သိန်း ၁၀၀၀ နှင့် မဆိုင်ဘဲ တိုင်းဒေသကြီး အစိုးရမှ ချထားပေးသော ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေနှင့် ကျေးရွာ ဒေသခံများ စုပေါင်း ထည့်ဝင် ငွေများသာ ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။

ပျော်ဘွယ်မြို့နယ် အနောက်ဘက်ရှိ သီးပင်ချောင်း တံတားသစ် အတွက် တိုင်းဒေသကြီးမှ ချပေးသော ရန်ပုံငွေ သိန်း ၂၅၀ နှင့် ဒေသခံများ ထည့်ဝင်ငွေ သိန်း ၁၀၀ စုစုပေါင်း သိန်း ၃၅၀၊ တောတွင်းလှ တံတားကို တိုင်းဒေသကြီးမှ ရန်ပုံငွေ သိန်း ၃၀၊ ကျေးရွာလူထု ထည့်ဝင်ငွေသိန်း ၁၂၀၊ လွှတ်တော် ကိုယ်စားလှယ် လှူဒါန်းငွေ သိန်း ၅၀ စုစုပေါင်း သိန်း ၂၀၀၊ ကြက်သွန်ခင်း တံတားကို တိုင်းဒေသကြီးမှ ရန်ပုံငွေ သိန်း ၃၀၊ ပြည်သူလူထု ထည့်ဝင်ငွေ သိန်း၁၅၀၊ လွှတ်တော် ကိုယ်စားလှယ် လှူဒါန်းငွေ သိန်း ၇၀ စုစုပေါင်း သိန်း၂၅၀ နှင့် သဲကန် တံတားသစ် ကိုလည်း တိုင်းဒေသကြီးမှ ချပေးသော ရန်ပုံငွေ သိန်း ၃၀၊ ပြည်သူလူထု ထည့်ဝင်ငွေ သိန်း ၁၇၀၊ လွှတ်တော် ကိုယ်စားလှယ် လှူဒါန်းငွေ သိန်း ၅၀ စုစုပေါင်း သိန်း ၂၅၀ အကုန်ကျခံ၍ တည်ဆောက်နေကြောင်း၊ ကျေးရွာ ဒေသများရှိ အုပ်ချုပ်ရေးမှူး ရုံးများထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment