Thursday 14 November 2013

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများက စီးပွားရေးအတွက် များစွာ အရေးကြီးသော်လည်း ပြန့်ကျဲနေသည့် SMEs များကို စာရင်းကောက်ယူရာတွင် အခက်အခဲများရှိနေ

ခန့်မှန်းခြေအားဖြင့် မြန်မာနိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်းကျော် ရှိနေပြီး တိုင်းပြည်စီးပွားရေးအတွက် များစွာ အရေးကြီးသော်လည်း ပြန့်ကျဲနေသည့ှ်SMEs များကို စာရင်းကောက်ယူရာတွင် အခက်အခဲများ ရှိနေကြောင်း သတင်းရရှိသည်။ " SMEs တွေနဲ့ ပတ်သက်ပြီး စာရင်းကောက်ရတာ အရမ်းခဲယဉ်းနေပါတယ်။သူတို့က ဘယ်အလုပ်တွေ လုပ်တယ်။ ဘာလုပ်ငန်းတွေ လုပ်တယ်ဆိုတာကို မှတ်ပုံတင်နဲ့ လိုင်စင်ကိစ္စတွေလုပ်ဖို့ စာရင်းကောက်ယူရတာ ရှိပါတယ်။ ဒါနဲ့အတူ တစ်ဖက်ကလည်း ပြည်တွင်းပြည်ပ ၀ယ်လိုအားများတဲ့ ကုန်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမှုကို ကွင်းဆက်ပေးမိဖို့အတွက် Claster SMEs တွေ ဆောင်ရွက်ပေးဖို့ ရည်ရွယ်နေတာ ရှိပါတယ်။ ဒါပေမဲ့ ပြန့်ကျဲနေတဲ့ SMEs တွေကို စနစ်တကျမလုပ်နိုင်ရင် တိုင်းပြည်တိုးတက်ဖို့ အလားအလာ မရှိပါဘူး။ အဲဒါကြောင့် ကလပ်စတာတွေ စုဖွဲ့ပြီးတော့ နိုင်ငံခြားက သွင်းအားစုတွေကို သွင်းတာပဲဖြစ်ဖြစ် စုပြီး လုပ်မယ်ဆိုမှ ထိရောက်မှာပါ။ ဒါကြောင့် ဒီလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေကို သိဖို့လိုအပ်ပါတယ်"ဟု အသေးစား လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရပ်များကို လိုက်ပါဆောင်ရွက်ပေးနေသော Eco Echo Journal အယ်ဒီတာချုပ်ဖြစ်သူ ဦးဇော်သန်းက ပြောကြားသည်။
ငွေချေးတဲ့ အပိုင်းမှာလည်း အာမခံမတင်ဘဲနဲ့ ချေးလို့ရအောင် ထောက်ခံပေးမယ့် အဖွဲ့အစည်း တစ်ခုကနေပြီးတော့ စီမံဆောင်ရွက်ပေးဖို့ အစီအမံရှိတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး တစ်ခုနဲ့တစ်ခု ဆက်စပ်ဆောင်ရွက်တဲ့ နေရာမှာ အားနည်းနေတာတွေ ရှိပါတယ်။ ဌာနဆိုင်ရာတွေက ပေါင်းစပ်ပြီး တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်တဲ့နေ့မှာ . . .

"နောက်တစ်ခုက စွန့်ပစ်ပစ္စည်းတွေနဲ့ ပတ်သက်တာပါ။ အရည်ရော အစိုင်အခဲရော ဘယ်လို စွန့်ပစ်မလဲဆိုတဲ့ ကိစ္စပါ။ ပြီးတော့ လူ့စွမ်းအား အရင်းအမြစ်တွေ SMEs နဲ့ ပတ်သက်ပြီး ပြုစုပျိုးထောင်ပေးဖို့ ဆောင်ရွက်စရာတွေ ရှိပါတယ်။ စုစုပေါင်း လုပ်စရာ အစီအမံ ၁၄ ခုရှိတယ်လို့ ပြောပါတယ်။ ငွေချေးတဲ့ အပိုင်းမှာလည်း အာမခံမတင်ဘဲနဲ့ ချေးလို့ရအောင် ထောက်ခံပေးမယ့် အဖွဲ့အစည်း တစ်ခုကနေပြီးတော့ စီမံဆောင်ရွက်ပေးဖို့ အစီအမံရှိတယ်။ ဒါပေမဲ့ တိုင်းဒေသကြီး တစ်ခုနဲ့တစ်ခု ဆက်စပ်ဆောင်ရွက်တဲ့ နေရာမှာ အားနည်းနေတာတွေ ရှိပါတယ်။ ဌာနဆိုင်ရာတွေက ပေါင်းစပ်ပြီး တကယ်လို့များ ဖြစ်နိုင်မယ်ဆိုရင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်တဲ့နေ့မှာ ဘယ်အလုပ်တွေ လုပ်တယ်ဆိုတာတွေ ရရင်တော့ မှတ်ပုံတင် လုပ်ငန်းအတွက် အဆင်ပြေသွားမှာပါ"ဟု ပြောကြားသည်။

လက်ရှိ အခြေအနေတွင် SMEs Law မှာ ရေးဆွဲနေဆဲ ဖြစ်ကြောင်းလည်း သိရသည်။

"အခု SMEs Law ကို ရေးဆွဲနေပါတယ်။ ဒီလိုရေးဆွဲတဲ့ နေရာမှာ အခြားနိုင်ငံရဲ့ အတွေ့အကြုံတွေကို လေ့လာရတာလည်း ရှိပါတယ်။ SMEs အတွက် အဓိက တာဝန်ရှိတာကတော့ စက်မှု(၁)၀န်ကြီးဌာနပေါ့။ ကျွန်တော်တို့ ဆွေးနွေးနေပါတယ်။ Draft ကတော့ ဆွေးနွေးပြီးတာ တော်တော်ကြာပါပြီ။ Public Sector က Stakeholder တွေ နဲ့လည်း ဆွေးနွေးပြီးပါပြီ။ လွှတ်တော်မှာလည်း အချေအတင် ဆွေးနွေးခဲ့ပြီးပြီ။ မျှော်မှန်းထားတာကတော့ လာမယ့် လွှတ်တော်မှာ အတည်ပြုနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ ဒီဥပဒေရှိမှာပါ။ ဒီဥပဒေ မရှိဘဲနဲ့လည်း SMEs တွေကို အားပေးဖို့ဆိုတာ တော်တော် ခက်ပါတယ်။ ဒါကြောင့် အရေးကြီးတဲ့ ဥပဒေတစ်ရပ်အနေနဲ့ ဦးစားပေး လုပ်ဆောင်နေပါတယ်" ဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆိုသည်။

Eleven Media Group

No comments:

Post a Comment