Friday 17 May 2013

ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်းသို့ ဝင်ရောက် တိုက်ခတ် ၁၂ ဦး သေဆုံး

အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းမဟာစင်သည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းကမ်းရိုးတန်း ဒေသသို့ ဝင်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံ ၁၂ ဦး သေဆုံးပြီး နေအိမ်တဲပေါင်း သောင်းနှင့်ချီ၍ပျက်စီးကာ လူပေါင်းတစ်သန်းခန့်မှာ ၎င်းတို့၏ အရပ်ဒေသအား စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ တောင်ပိုင်းသို့ မေ ၁၆ ရက်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ရာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆ဝ နှုန်းခန့် ရှိကြောင်း သိရသည်။
အဆိုပါဆိုင်ကလုန်း မုန်တိုင်းမဟာစင်ကြောင့် ဘင်္ဂလားဒေ့ရှ်၊ မြန်မာနှင့် အိန္ဒိယနိုင်ငံ အရှေ့ ဆိုင်ကလုန်း မုန်တိုင်း မဟာစင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းသို့ ဝင်ရောက်တိုက်ခတ် ၁၂ ဦးသေဆုံး မြောက်ပိုင်း ရှိ ပြည်သူပေါင်း ၈ဒသမ ၂ သန်းခန့်မှာ အတိ ဒုက္ခများနှင့် ရင်ဆိုင်ရမည် ဖြစ်ကြောင်း ကုလသမဂ္ဂက အစောပိုင်းတွင် သတိပေးချက် ထုတ်ပြန် ထားခဲ့သည်။
အိန္ဒိယ နိုင်ငံရှိ ပြည်နယ် အများစုတွင်လည်း မုန်တိုင်း သတိပေးချက်များ ထုတ်ပြန် ခဲ့ပြီး ဒေသခံ ပြည်သူ များ အနေဖြင့်ဆိုးရွားလှသော ရာသီဥတုဒဏ်ကို အန်တုရင်ဆိုင်နိုင် ရန်ကြိုတင် ပြင်ဆင်မှု များ ဆောင်ရွက်ထားကြရန် တိုက်တွန်း နှိုးဆော်ခဲ့ကြောင်း သိရသည်။ မိုးလေဝသ ခန့်မှန်းသူ ပညာရှင် များ၏ အဆိုအရ အဆိုပါ မုန်တိုင်းသည် မေ ၁၆ ရက်မှစ၍ ၂၄ နာရီ အတွင်း အားပျော့ပျက်ပြယ် သွား မည်ဖြစ်ကြောင်း သိရသည်။ From...မြ၀တီ

No comments:

Post a Comment