Friday 17 May 2013

နိုင်ငံရေးအပြောင်းအလဲနဲ့ သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီး

Photo: နိုင်ငံရေးအပြောင်းအလဲနဲ့ သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော်ခရီး

သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘောခရီး ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။

ယင်းသည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်းသည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတဘားရက်အိုဘားမားနှင့် ၀ါရှင်တန်ရှိ သမ္မတအိမ်ဖြူတော်၌ မေ ၂၀ ရက် (တနင်္လာနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံပေးသွား မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့်ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်မလဲ ဆိုသည်ကို လေ့လာသိရှိနိုင်ရန်အတွက် သမ္မတအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံဆွေးနွေးရန် မျော်လင့်စောင့်စားနေပါကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ မြန်မာနိုင်ငံသို့ အမေရိကန် အစိုးရ၏ ဒုတိယသမ္မတ အဆင့်သာ အမြင့်ဆုံး လာရောက်ခဲ့ဖူးပြီး ၎င်းမှာ မြန်မာနိုင်ငံသို့ ၁၉၅၃ ခုနှစ်က လာရောက်ခဲ့သည့် ဒုတိယ သမ္မတရစ်ချက်နစ်ဆင်ဖြစ်ကာ နှစ်ရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်သည်။

စစ်အေးတိုက်ပွဲ အရှိန်မြှင့်နေချိန်မှာ ဘက်မလိုက်နိုင်ငံများ၏ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီး နေ၀င်း ကို အမေရိကန်က အိမ်ဖြူတော်သို့ ဖိတ်ခေါ် တွေ့ဆုံခဲ့ပါသည်။ အလားတူ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကို အကောင်အထည်ဖော်နေသည့် အတွက် ချီးမြှင့်သည့်အနေဖြင့် သမ္မတ ဦး သိန်းစိန်ကို အမေရိကန်က အိမ်ဖြူတော် သို့ ဖိတ်ခေါ်ပြီး တွေ့ဆုံဆွေးနွေးသည်ဟု ယူဆနိုင်သလို တစ်ဖက်တွင်လည်း အာရှ-ပစိဖိတ်ဒေသကို အဓိက အာရုံစိုက်လာသည့် အမေရိကန်အနေဖြင့် ဒေသတွင်းမှာ ကျား တစ်ကောင်ဖြစ်လာနိုင်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်လိုသည့် သဘောဖြင့် ဖိတ်ခေါ်သည်ဟုလည်း ယူဆနိုင်ပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများကို တစ်ဆင့်ပြီးတစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင်ခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော် ခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်လာနိုင်ရုံ သာမက စစ်ရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြင့်တက်လာနိုင်ပြီး နှစ်နိုင်ငံ ပြည်သူများကြား ကူးလူးဆက်ဆံမှုများလည်း တိုးတက်လာနိုင်ပါသည်။

 မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန် (Photo: AFP)
မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် အမေရိကန်သမ္မတ အိုဘားမားနှင့် သမ္မတ ဦးသိန်းစိန် (Photo: AFP)
သမ္မတ ဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ ဖိတ်ကြားချက်အရ အမေရိကန်သို့ အလုပ်သဘောခရီး ရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်သည်။
ယင်းသည် နှစ်ပေါင်း ၅၀ အတွင်း မြန်မာအစိုးရ ခေါင်းဆောင်တစ်ဦး၏ ပထမဆုံး အမေရိကန် အိမ်ဖြူတော် ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

၁၉၆၆ ခုနှစ်တွင် သမ္မတဂျွန်ဆင်၏ ဖိတ်ကြားချက်အရ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေ၀င်း သည် အမေရိကန် အိမ်ဖြူတော်သို့ သွားရောက်ပြီး သမ္မတဂျွန်ဆင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ဖူးသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတဘားရက်အိုဘားမားနှင့် ၀ါရှင်တန်ရှိ သမ္မတအိမ်ဖြူတော် ၌ မေ ၂၀ ရက် (တနင်္လာနေ့)တွင် တွေ့ဆုံဆွေးနွေးမည်ဟု အိမ်ဖြူတော်က ထုတ်ပြန်ထားသည်။

အမေရိကန်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်၊ အရပ်ဘက်လူ့အဖွဲ့အစည်း ခေါင်းဆောင်များ၊ နိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး သမ္မတ ဦးသိန်းစိန်အစိုးရ၏ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်မှုများကို တိုးတက်မှုများ ရှိစေရန် ဆက်လက်ထောက်ခံပေးသွား မည်ဖြစ်ကြောင်း အိမ်ဖြူတော်၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီဖွံ့ဖြိုးရေး၊ ပဋိပက္ခများ ဖြေရှင်းရေး၊ ပြည်သူများ စီးပွားရေး အခွင့်အလမ်းများ ရရှိရေး စသည့် ကျန်ရှိနေသည့် စိန်ခေါ်မှုများကို ဆွေးနွေးရန်နှင့် အမေရိကန် အနေဖြင့် မည်သို့ကူညီနိုင်မလဲ ဆိုသည် ကို လေ့လာသိရှိနိုင်ရန်အတွက် သမ္မတအနေဖြင့် သမ္မတဦးသိန်းစိန်နှင့် တွေ့ ဆုံဆွေးနွေး ရန် မျော် လင့်စောင့်စားနေပါကြောင်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

သမ္မတဦးသိန်းစိန်သည် အမေရိကန် သမ္မတ ဘားရက်အိုဘားမား၏ သမိုင်းဝင် မြန်မာနိုင်ငံခရီးစဉ်အတွင်း သမ္မတအိုဘားမားနှင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၉ ရက် တွင် ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဧည့်ခန်းမ၌ ပထမဆုံး တွေ့ဆုံ ဆွေးနွေးခဲ့ဖူးသည်။

သမ္မတ အိုဘားမား မြန်မာနိုင်ငံသို့ မလာရောက်မီ မြန်မာနိုင်ငံသို့ အမေရိကန် အစိုးရ၏ ဒုတိယသမ္မတ အဆင့်သာ အမြင့်ဆုံး လာရောက်ခဲ့ဖူးပြီး ၎င်းမှာ မြန်မာနိုင်ငံသို့ ၁၉၅၃ ခုနှစ်က လာရောက်ခဲ့သည့် ဒုတိယ သမ္မတရစ်ချက်နစ်ဆင်ဖြစ်ကာ နှစ်ရက်ကြာ လာရောက်ခဲ့ခြင်းဖြစ်သည်။

စစ်အေးတိုက်ပွဲ အရှိန်မြှင့်နေချိန်မှာ ဘက်မလိုက်နိုင်ငံများ၏ ခေါင်းဆောင် တစ်ဦးဖြစ်သည့် မြန်မာနိုင်ငံမှ ဗိုလ်ချုပ်ကြီး နေ၀င်းကို အမေရိကန်က အိမ်ဖြူတော်သို့ ဖိတ်ခေါ် တွေ့ဆုံခဲ့ပါသည်။ အလား တူ မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးပြုပြင်ပြောင်းလဲ မှုများကို အကောင်အထည်ဖော်နေသည့် အတွက် ချီးမြှင့်သည့်အနေဖြင့် သမ္မတ ဦးသိန်းစိန်ကို အမေရိကန်က အိမ်ဖြူတော် သို့ ဖိတ်ခေါ်ပြီး တွေ့ ဆုံဆွေးနွေးသည်ဟု ယူဆနိုင်သလို တစ်ဖက်တွင်လည်း အာရှ-ပစိဖိတ်ဒေသကို အဓိက အာရုံစိုက်လာ သည့် အမေရိကန်အနေဖြင့် ဒေသတွင်းမှာ ကျား တစ်ကောင်ဖြစ်လာနိုင်သည့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်လိုသည့် သဘောဖြင့် ဖိတ်ခေါ်သည်ဟုလည်း ယူဆနိုင်ပါသည်။

မြန်မာနိုင်ငံတွင် သမ္မတဦးသိန်းစိန် အစိုးရ ၂၀၁၁ ခုနှစ် မတ်လက စတက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ဖော်ဆောင်နေသောကြောင့် အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အနောက်နိုင်ငံများသည် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို တစ်ဆင့်ပြီး တစ်ဆင့် ရုပ်သိမ်းနေသလို မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများလည်း တစ်ဖြည်းဖြည်း မြင့်တက်လာခဲ့သည်။

အမေရိကန်သမ္မတ ဘားရက်အိုဘားမား လက်ထက်တွင် အမေရိကန်သည် မြန်မာနိုင်ငံနှင့် ပတ်သက် သည့် ၎င်းတို့၏မူဝါဒကို ပြောင်းလဲခဲ့ပြီး မြန်မာနိုင်ငံနှင့် ထိတွေ့ဆက်ဆံ ဆွေးနွေးသည့် လမ်းစဉ်ကို ကျင့်သုံးလာခဲ့သည်။ အမေရိကန်-မြန်မာ သံတမန် ဆက်ဆံရေးသည် ၁၉၄၇ ခုနှစ်ကတည်းက စတင် ခဲ့သည်။

သမ္မတဦးသိန်းစိန်၏ အိမ်ဖြူတော် ခရီးစဉ်ကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တိုးမြှင့်လာနိုင်ရုံ သာမက စစ်ရေး၊ ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမို မြင့်တက်လာနိုင်ပြီး နှစ်နိုင်ငံ ပြည်သူများကြား ကူးလူးဆက်ဆံမှုများလည်း တိုးတက်လာနိုင်ပါသည်။
From...Eleven

No comments:

Post a Comment