Monday 13 May 2013

မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု

Photo: မောင်တောဘေး နတ်မြစ်ထဲက ဖြစ်ရပ်တစ်ခု။
Monday, May 13, 2013

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

အဲဒါကတော့ မောင်တောမြို့ဘေးက စီးဆင်းနေတဲ့ နတ်မြစ်အတွင်းဖက်ပိုင်း မြစ်ဝက (၂၂)မိုင်ဝေးတဲ့ ကုန်တွင်းပိုင်းရွာတစ်ရွာဖြစ်တဲ့ ငါးခူရကျေးရွာမှာ မုန်တိုင်းဒီရေတွေ ၀င်လာ တာ့ ရေ(၁၂)ပေလောက် ရုတ်တရက် လျပ်တပြက်ရေကြီးသလို မြင့်တက်လာခဲ့မှုကြောင့် အဲဒီတုံးက ဘင်္ဂါလီတွေကိုစောင့်ဖို့ နတ်မြစ်ဘေးမှာ တာဝန်ချထားတဲ့ နစကအဖွဲ့ဝင် (၂၀)ခန့်ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ပုံကတော့ မုန်တိုင်းဝင်တော့ မုန်တိုင်းလမ်းကြောင်းရဲ့ ညာဖက်ခြမ်းမှာကျနေတဲ့ မောင်တောမြို့ ကမ်းခြေတွေကို မုန်တိုင်းဒီရေတွေ ၀င်လာပါတယ်။ နတ်မြစ်ဝရောက်တော့ မြစ်အတွင်းကို အရှိန်အဟုန်နဲ့ ဆန်တက်သွားကြပါတယ်။ မြစ်အတွင်းပိုင်းကို မြစ်ဝက (၂၂)မိုင် လောက် ဆန်တက်လာအပြီးမှာ အထက်ကဆင်းလာတဲ့ရေတွေနဲ့ မျက်နှာချင်းဆိုင် ဆုံမိပြီးတော့ (၁၂)ပေ လောက်မြင့်တဲ့ ရေတွေရုတ်တရက် မြင့်တက်လာခဲ့တာဘဲ ဖြစ်ပါတယ်။ Inland Flooding ဆိုပါတော့။ နောက်ပိုင်း မုန်တိုင်းဒီရေခန့်မှန်းတဲ့ Model တွေလုပ်တော့ ဒါကို Estuary Effect လို့ခေါ်ပါတယ်။

အလားတူ အဖြစ်အပျက်မျိုး မကြုံရလေအောင် အခုလည်း နတ်မြစ်ဘေး မှာ နေထိုင်ကြ တဲ့ ပြည်သူတွေကို သက်ဆိုင်ရာများက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ပေးထားဖို့လိုပါ လိမ့်မယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News  ကို like လုပ်ထားပါ
လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်(၂၀)ခန့်ဖြစ်တဲ့ (၂-၅-၁၉၉၄) ရက်နေ့တုံးက ဘင်္ဂလားပင်လယ်အော် ထဲက ဆိုင်ကလုန်းမုန်တိုင်းတစ်လုံးဟာ စစ်တကာင်းမြို့နဲ့မောင်တောမြို့အကြားကဖြတ်ပြီး ကုန်းတွင်းကို ၀င်ရောက်ခဲ့ဘူးပါတယ်။ အဲဒီတုံးက ကျွန်တော်ခေါင်းဆောင်ပြီး ကွင်းဆင်းလေ့လာရေး ဆင်းခဲ့ကြပါတယ်။ အဲဒီတုံးကအတွေ့အကြုံလေးတစ်ခုကို သတိရလာမိပါတယ်။

အဲဒါကတော့ မောင်တောမြို့ဘေးက စီးဆင်းနေတဲ့ နတ်မြစ်အတွင်းဖက်ပိုင်း မြစ်ဝက (၂၂)မိုင်ဝေးတဲ့ ကုန် တွင်းပိုင်းရွာတစ်ရွာဖြစ်တဲ့ ငါးခူရကျေးရွာမှာ မုန်တိုင်းဒီရေတွေ ၀င်လာတာ့ ရေ(၁၂)ပေလောက် ရုတ် တရက် လျပ်တပြက်ရေကြီးသလို မြင့်တက်လာခဲ့မှုကြောင့် အဲဒီတုံးက ဘင်္ဂါလီတွေကိုစောင့်ဖို့ နတ်မြစ်ဘေးမှာ တာဝန်ချထားတဲ့ နစကအဖွဲ့ဝင် (၂၀)ခန့်ဟာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

ဖြစ်ပုံကတော့ မုန်တိုင်းဝင်တော့ မုန်တိုင်းလမ်းကြောင်းရဲ့ ညာဖက်ခြမ်းမှာကျနေတဲ့ မောင်တောမြို့ ကမ်းခြေတွေကို မုန်တိုင်းဒီရေတွေ ၀င်လာပါတယ်။ နတ်မြစ်ဝရောက်တော့ မြစ်အတွင်းကို အရှိန်အဟုန်နဲ့ ဆန်တက်သွားကြပါတယ်။ မြစ်အတွင်းပိုင်းကို မြစ်ဝက (၂၂)မိုင် လောက် ဆန်တက်လာအပြီးမှာ အထက်ကဆင်းလာတဲ့ရေတွေနဲ့ မျက်နှာချင်းဆိုင် ဆုံမိပြီးတော့ (၁၂)ပေ လောက်မြင့် တဲ့ ရေတွေ ရုတ်တရက် မြင့်တက်လာခဲ့တာဘဲ ဖြစ်ပါတယ်။ Inland Flooding ဆိုပါတော့။ နောက်ပိုင်း မုန်တိုင်းဒီရေခန့်မှန်းတဲ့ Model တွေလုပ်တော့ ဒါကို Estuary Effect လို့ခေါ်ပါတယ်။

အလားတူ အဖြစ်အပျက်မျိုး မကြုံရလေအောင် အခုလည်း နတ်မြစ်ဘေး မှာ နေထိုင်ကြ တဲ့ ပြည်သူတွေ ကို သက်ဆိုင်ရာများက ကြိုတင်ကာကွယ်မှုတွေ ဆောင်ရွက်ပေးထားဖို့လိုပါ လိမ့်မယ်။

မောင်ထွန်းလွင် (မိုးလေ၀သ)

No comments:

Post a Comment