Monday 13 May 2013

သံလုံးကောင် ကူးစက်ခံရမှုက အ၀လွန်ခြင်းနှင့် အခြားဇီဝရုပ်ဖြစ်ပျက်မှု မမှန် သည့် ရောဂါအချို့အား တိုက်ထုတ်နိုင်

Photo: သံလုံးကောင် ကူးစက်ခံရမှုက အ၀လွန်ခြင်းနှင့် အခြားဇီဝရုပ်ဖြစ်ပျက်မှု မမှန် သည့် ရောဂါအချို့အား တိုက်ထုတ်နိုင်
Monday, May 13, 2013

မေရီလန်းဆေးတက္ကသိုလ် မှ လေ့လာသူများက ကြွက်များတွင် သံလုံးကောင်ကူးစက်မှုခံထားရခြင်း က အ၀လွန်ခြင်းကို တိုက်ထုတ်နိုင် ရုံသာမက ယင်းနှင့်ဆက်စပ်နေသော ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့အား ပိုမို ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၂ဘီလီယံခန့်မှာ သံလုံးကောင် ကူးစက်မှုခံရလျက်ရှိကြောင်း သိရသည်။

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သံလုံးကောင်ကူးစက်ခံရမှု တဖြည်းဖြည်းလျော့နည်းလာပြီး အခြားသောခုခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက်သည့်ရောဂါများ ဖြစ်ပွားမှုမြင့်တက်လာသည်။ ထို့ကြောင့် ယခုလက်ရှိ၌ သံလုံးကောင်အား ဓာတ်မတည့်မှု၊ နာတာရှည် အာရုံကြောများ ချို့ယွင်းလာသော ရောဂါတစ်မျိုး၊(MULTIPLE SCLEROSIS) အူမှ တုံ့ပြန်မှု လွန် ကဲ့သည့်ရောဂါ (Inflammatory bowel disease)တို့၌ ကုသရန် စမ်းသပ်အသုံးပြုလျက်ရှိသည်။ ယခု လေ့လာမှု၌ ကြွက်များကို စမ်းသပ်ခဲ့ရာ ၁၀ရက်အတွင်း ၎င်းတို့ ကိုယ်အလေးချိန်၏ ၁၃ရာခိုင်နှုန်း ခန့်လျော့ကျသွားကြောင်း တွေ့ရသည်။

ထို့ပြင် သွေးတွင်းသကြားဓာတ် ပမာဏပါကျဆင်းလာစေပြီး ဆီးချိုဖြစ်ပွားမှုလျော့နည်းစေကာ အသည်းပေါ်မှ အဆီများကိုလည်း ၂၅%ခန့် လျော့နည်းစေပြီး အသည်း အဆီဖုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေနိုင်ကြောင်း သိရသည်။ ထို့ ထက်သာမက သံလုံးကောင်ကူးစက် ခံရခြင်းက ကူးစက်ခံရသူ၏ခုခံအား စနစ်တွင် Th-2 ဆဲလ်နှင့် Type 2 cytokines တို့အား မြင့်တက်စေပြီး ယင်းက ကူးစက်ရောဂါများကို တား ဆီးပေးနိုင်ကာ ရောင်ရမ်းခြင်းကို လည်း လျော့ကျစေနိုင်သည်ဟု သိရ သည်။

အ၀င်း
Ref: MNT

Health Updates Journal
နောက်ဆုံးရ သတင်းတွေကို အချိန်နှင့် တပြေးညီ တစ်နေရာထဲမှာ သိချင်ရင် Myanmar Online News ကို like လုပ်ထားပါ
မေရီလန်းဆေးတက္ကသိုလ် မှ လေ့လာသူများက ကြွက်များတွင် သံလုံးကောင်ကူးစက်မှုခံထားရခြင်း က အ၀လွန်ခြင်းကို တိုက်ထုတ်နိုင် ရုံသာမက ယင်းနှင့်ဆက်စပ်နေသော ဇီဝရုပ်ဖြစ်ပျက်မှုမမှန်ခြင်းတို့အား ပိုမို ကောင်းမွန်စေကြောင်း တွေ့ရှိခဲ့သည်။ လေ့လာချက်များအရ ကမ္ဘာတစ်ဝန်း၌ လူဦးရေ ၂ဘီလီယံ ခန့်မှာ သံလုံးကောင် ကူးစက်မှုခံရလျက်ရှိကြောင်း သိရသည်။ ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သံလုံးကောင်ကူးစက်ခံရမှု တဖြည်းဖြည်းလျော့နည်းလာပြီး အခြားသောခုခံအားစနစ်က မိမိကိုယ်ကို ပြန်တိုက် သည့်ရောဂါများ ဖြစ်ပွားမှုမြင့်တက်လာသည်။ ထို့ကြောင့် ယခုလက်ရှိ၌ သံလုံးကောင် အား ဓာတ်မတည့်မှု၊ နာတာရှည် အာရုံကြောများ ချို့ယွင်းလာသော ရောဂါ တစ်မျိုး၊ (MULTIPLE SCLEROSIS) အူမှ တုံ့ပြန်မှု လွန် ကဲ့သည့်ရောဂါ (Inflammatory bowel disease)တို့၌ ကုသရန် စမ်းသပ်အသုံးပြုလျက်ရှိသည်။ ယခု လေ့လာမှု၌ ကြွက်များကို စမ်းသပ်ခဲ့ရာ ၁၀ရက်အတွင်း ၎င်းတို့ ကိုယ်အလေးချိန်၏ ၁၃ရာခိုင်နှုန်း ခန့်လျော့ကျသွားကြောင်း တွေ့ရသည်။

ထို့ပြင် သွေးတွင်းသကြားဓာတ် ပမာဏပါကျဆင်းလာစေပြီး ဆီးချိုဖြစ်ပွားမှုလျော့နည်းစေကာ အသည်းပေါ်မှ အဆီများကိုလည်း ၂၅%ခန့် လျော့နည်းစေပြီး အသည်း အဆီဖုံးရောဂါဖြစ်ပွားမှု ကို လျော့ကျစေနိုင်ကြောင်း သိရသည်။ ထို့ ထက်သာမက သံလုံးကောင်ကူးစက် ခံရခြင်းက ကူးစက်ခံရသူ၏ခုခံအား စနစ်တွင် Th-2 ဆဲလ်နှင့် Type 2 cytokines တို့အား မြင့်တက်စေပြီး ယင်းက ကူးစက်ရောဂါများကို တား ဆီးပေးနိုင်ကာ ရောင်ရမ်းခြင်းကို လည်း လျော့ကျစေနိုင်သည်ဟု သိရ သည်။

အ၀င်း
Ref: MNT
Health Updates Journal

No comments:

Post a Comment