Sunday 7 April 2013

အမေရိကန် နိုင်ငံသား ၈၀၀၀ ကို ရွေးချယ်၍ Google အင်တာနက်မျက်မှန် ရောင်းချမည်

Photo: အမေရိကန် နိုင်ငံသား ၈၀၀၀ ကို ရွေးချယ်၍ Google အင်တာနက်မျက်မှန် ရောင်းချမည်
Sunday ,April 07, 2013

ယခုနှစ် အကုန်ပိုင်းအထိ ဈေးကွက်ထဲ ရောက်ရှိလာဖို့ရန် သေချာမှုမရှိသည့် Google Glass အင်တာနက် မျက်မှန်အား အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုရွေးချယ်၍ ယခုလပိုင်းအတွင်း အစောဆုံး ရောင်းချသွားရန် Google က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။ ၎င်းအင်တာနက် မျက်မှန်ပုံကြမ်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း အချောသပ် ဖန်တီးသူ  Developer များက စိတ်ကျေနပ်သည့် အတိုင်းအတာအထိ ပြုလုပ်ကြရာတွင် နှောင့်နှေးမှု ရှိနေခြင်းကြောင့် ဈေးကွက်အတွင်း ရောက်ရှိရန် ကြန့်ကြာနေရသည်။ ခန့်မှန်းမှုများအရ လာမည့်နှစ် အစောပိုင်းအထိပင် ဈေးကွက်အတွင်း၌ ရောင်းချမည့် အစီအစဉ်မှာ ဖြစ်လာနိုင်ဖွယ် မသေချာသေးကြောင်း သိရပြီး ယခု Google မှ စမ်းသပ်ထုတ်လုပ်ထားသည့် ဗားရှင်းကို သာ အစောဆုံး ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

 

နာမည်ကျော် Foxcomm စက်ရုံတွင် ထုတ်လုပ်နေပြီဖြစ်သော ယင်းမျက်မှန် အမျိုးအစားများကို ကံထူးသူ အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုသာ ရွေးချယ်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် မျက်မှန်ကို ရရှိရန် ဒေါ်လာ ၁၅၀၀ ပေးရမည်ဖြစ်သည်။ Google အနေဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်သည့် လက်ပတ်နာရီကို ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထွက်ပေါ်လာခဲ့သည်။ ယင်းအချက်များကြောင့် ၂၀၁၄ ခုနှစ်အတွင်း Google ၏ နည်းပညာ ထုတ်ကုန်ပစ္စည်း ဖန်တီးမှုဆိုင်ရာ ပစ်မှတ်မှာ ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များသာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေသည်။ Google Glass ဝယ်ယူရန် ရွေးချယ်ခံရသူများ အနေဖြင့် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို စသည့်မြို့များသို့လည်း လည်ပတ်ခွင့်ရရန် စီစဉ်ပေးသွားမည် ဖြစ်သည်။
zz

goldmyanmarယခုနှစ်အကုန်ပိုင်းအထိ ဈေးကွက်ထဲ ရောက်ရှိလာဖို့ရန် သေချာ မှုမရှိသည့် Google Glass အင်တာနက် မျက်မှန်အား အမေရိကန်နိုင်ငံ သား ၈၀၀၀ ကိုရွေးချယ်၍ ယခုလပိုင်းအတွင်း အစောဆုံး ရောင်းချ သွားရန် Google က တရားဝင် ထုတ်ဖော် ပြောကြားလိုက်ပြီဖြစ်သည်။ ၎င်းအင်တာနက် မျက်မှန်ပုံကြမ်းကို ၂၀၁၂ ခုနှစ်ကတည်းက စတင်မိတ်ဆက်ခဲ့ခြင်း ဖြစ်သော်လည်း အချောသပ် ဖန်တီးသူ Developer များက စိတ်ကျေနပ်သည့် အတိုင်းအတာအထိ ပြုလုပ်ကြ ရာတွင် နှောင့်နှေးမှု ရှိနေခြင်းကြောင့် ဈေးကွက်အတွင်း ရောက်ရှိရန် ကြန့်ကြာနေရသည်။ ခန့်မှန်းမှုများအရ လာမည့်နှစ်အစောပိုင်းအထိပင် ဈေးကွက်အတွင်း၌ ရောင်းချမည့် အစီအစဉ်မှာ ဖြစ် လာနိုင်ဖွယ် မသေချာသေးကြောင်း သိရပြီး ယခု Google မှ စမ်းသပ်ထုတ်လုပ်ထားသည့် ဗားရှင်းကို သာ အစောဆုံး ရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

နာမည်ကျော် Foxcomm စက်ရုံတွင် ထုတ်လုပ်နေပြီဖြစ်သော ယင်းမျက်မှန် အမျိုးအစားများကို ကံထူးသူ အမေရိကန်နိုင်ငံသား ၈၀၀၀ ကိုသာ ရွေးချယ်၍ ရောင်းချပေးသွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများ အနေဖြင့် မျက်မှန်ကို ရရှိရန် ဒေါ်လာ ၁၅၀၀ ပေးရမည်ဖြစ်သည်။ Google အနေဖြင့် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်သည့် လက်ပတ်နာရီကို ထုတ်လုပ်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့် ရက်သတ္တပတ်က သတင်းထွက်ပေါ်လာခဲ့သည်။ ယင်းအချက်များကြောင့် ၂၀၁၄ ခုနှစ်အတွင်း Google ၏ နည်းပညာ ထုတ်ကုန်ပစ္စည်း ဖန်တီးမှုဆိုင်ရာ ပစ်မှတ်မှာ ဝတ်ဆင်နိုင်သည့် ကွန်ပျူတာ စနစ်များသာ ဖြစ်နိုင်ကြောင်း ခန့်မှန်း သုံးသပ်မှုများလည်း ရှိနေသည်။ Google Glass ဝယ်ယူရန် ရွေးချယ်ခံရသူများ အနေဖြင့် နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို စသည့်မြို့များသို့လည်း လည်ပတ်ခွင့်ရရန် စီစဉ်ပေး သွားမည် ဖြစ်သည်။
zz

goldmyanmar

No comments:

Post a Comment