Sunday 7 April 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို

Photo: နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင် ဂုဏ်ပြုကြိုဆို
Sunday ,April 07, 2013

တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတဦးသိန်းစိန်အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။

 

ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာသို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတအား တရုတ်နိုင်ငံသမ္မတဘက်မှ တက်ရောက်ကြသူများ နှင့် မိတ်ဆက်ပေးသည်။ အလားတူ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူ ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

 

ယင်းနောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။  ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

 

ထို့နောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြသည်။

 

ဆက်လက်၍ နှစ်နိုင်ငံသမ္မတတို့အား ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

နိုင်ငံတော် သမ္မတရုံး
တရုတ်ပြည်သူ့သမ္မတနိုင်ငံ စန်းယမြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အား တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတမစ္စတာရှီကျင့်ဖျင်က ယနေ့ညနေ ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် စန်းယမြို့ရှိ Sheraton ဟိုတယ် မြက်ခင်းပြင်၌ ဂုဏ်ပြု ကြိုဆိုသည်။ ရှေးဦးစွာ နိုင်ငံတော်သမ္မတသည် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကျင်းပရာသို့ ရောက်ရှိလာရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတက ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်သည်။ ထို့နောက် နိုင်ငံတော်သမ္မတအား တရုတ်နိုင်ငံသမ္မတဘက်မှ တက်ရောက်ကြသူများ နှင့် မိတ်ဆက်ပေးသည်။ အလားတူ နိုင်ငံတော်သမ္မတကလည်း ၎င်းနှင့်အတူ ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားသို့ တက်ရောက် လာကြသူများနှင့် ပြန်လည်မိတ်ဆက်ပေးသည်။

ယင်းနောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူကြသည်။ ထိုအချိန်တွင် နိုင်ငံတော်တီးဝိုင်းက ပြည်ထောင်စုသမ္မတြ မန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများကို ဂုဏ်ပြုတီးမှုတ်ကြသည်။

ထို့နောက် နှစ်နိုင်ငံသမ္မတတို့သည် ဂုဏ်ပြုတပ်ဖွဲ့ကိုစစ်ဆေးကြသည်။

ဆက်လက်၍ နှစ်နိုင်ငံသမ္မတတို့အား ဂုဏ်ပြုတပ်ဖွဲ့က အမြန်လျှောက်ဖြင့် ချီတက် အလေးပြုကြသည်။

နိုင်ငံတော် သမ္မတရုံး

No comments:

Post a Comment