Thursday 4 April 2013

သံတွဲ ဆန္ဒပြပွဲ ခွင့်ပြုချက် ပယ်ချခံရ၊ ခေါင်းစဉ်ပြောင်း၍ ထပ်တင်


   ကြာသပတေးနေ့၊ ဧပြီလ ၀၄ ရက် ၂၀၁၃ ခုနှစ် ၁၂ နာရီ ၂၆ မိနစ်

စစ်တွေ(မဇ္ဈိမ)။ ။ ရခိုင်အမျိုးသမီးများ ဘဝလုံခြုံမှု ရှိစေရေးအတွက် ဧပြီလ ၄ ရက်နေ့ သံတွဲ တွင် ပြုလုပ်ရန်စီစဉ်ထားသည့် ဆန္ဒပြပွဲအား မြို့နယ်မှပယ်ချလိုက်သဖြင့် ခေါင်းစဉ် ပြောင်း၍ ယနေ့ ခွင့်ပြုချက် ထပ်တင်လိုက်ကြောင်း ဦးဆောင်စီစဉ်သူများက ဆိုသည်။

မတ်လ ၂၉ ရက်နေ့က သံတွဲမြို့နယ် ရဲမှူးထံ တင်ပြထားသည့် ဆန္ဒပြခွင့်ကို “ဧပြီ ၂ ရက်နေ့မှာ ပယ်ချ တယ်။ ပယ်ရတဲ့အကြောင်းရင်းက ယခင်တောင်းဆိုထားတဲ့ စီရင်ချက်ချဖို့ နှောင့်နှေးနေတဲ့အမှု ၁၁ မှုကို တရားရုံးကအားလုံးစီစဉ်ထားပြီး ဖြစ်တယ်။ ရခိုင်အမျိုးသမီးတဦး မုဒိမ်းကျင့်ခံရတဲ့ အမှုကိုလည်း ဧပြီလ ၈ ရက်နေ့မှာ စီရင်ချက်ချတော့မယ်လို့ မြို့နယ်ရဲ တပ်ဖွဲ့မှူး ဦးထွန်းရွှေက ပြောပါတယ်။ ဒါနဲ့ ကျနော်တို့ အစည်းအဝေးထိုင်ပြီး တောင်းဆိုချက်တွေကို ပြောင်းလဲခဲ့တယ်” ဟု သံတွဲလူမှုကွန်ယက်မှ ဦးမြင့်မိုး က ပြောသည်။

ဧပြီလ ၉ ရက်နေ့တွင် ဆန္ဒပြခွင့်ရရန်ထပ်မံတင်ပြထားကြသည်။ တရားဥပဒေ စိုးမိုးရေး အပါအဝင် ၊ ကျေးရွာ လုံခြုံရေး၊ ဧည့်စာရင်း စစ်ဆေးရေးနှင့် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေ အကောင် အထည် ဖော်ရေးဟူ၍ အချက် ၄ချက်ပါဝင်ကြောင်း စီစဉ်သူများက ဆိုသည်။

ထိုဆန္ဒပြပွဲတွင် လူ ၂၀၀ ခန့်ပါဝင်မည်ဟု ဆိုသည်။
From...Mizzima - News in Burmese
 

No comments:

Post a Comment