Tuesday 12 March 2013

တယ်လီဖုန်းဆင်းကတ်များကို ကျပ်နှစ်သောင်းဖြင့်ရောင်းချမည်ဟု မပြောခဲ့ကြောင်းနှင့် ယင်းထက်ပင်များစွာ ဈေးချိုမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်း ပြောကြား ။



နေပြည်တော်၊ မတ်လ ၁၂

တယ်လီဖုန်းဆင်းကတ်များအား ဧပြီ ၁ရက်မှစ၍ ကျပ်ငွေနှစ်သောင်းဖြင့် ရောင်းချမည်ဟု မိမိပြောကြားခဲ့ သည်ဟု သတင်းဂျာနယ်အချို့ တွင် ဖော်ပြနေခြင်းများမှာ မဟုတ်မှန်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးစိုး သိမ်း က ပြောသည်။
ရန်ကုန်မီဒီယာက ပြည်ထောင်စုဝန်ကြီးနှင့်ဆက်သွယ်မေးမြန်းရာတွင် ဦးစိုးသိမ်းက အထက်ပါအ တိုင်းငြင်း ဆို လိုက်ခြင်းဖြစ်သည်။

`ကျွန်တော်အဲသလိုလုံးဝပြောကြားခြင်းမရှိပါဘူး။ဧပြီ ၁ ရက်မှာ စတင် ရောင်းချပေးမှာ မှန်ပါတယ်။ ဒါပေ မယ့် ကျပ်နှစ်သောင်းနဲ့ရောင်းမယ်လို့ ကျွန်တော် မပြောခဲ့ပါဘူး။ ဘယ်လောက်နဲ့ရောင်းမယ်ဆိုတာ ကျွန်ေ တာ် သိပေမယ့် ပြောခွင့်မရှိပါဘူး။ သက်ဆိုင်ရာ ၀န်ကြီးဌာနကသာ တရားဝင်ကြေညာ ထုတ်ပြန်ပေး မှာဖြစ် ပါတယ်`ဟု ဦးစိုးသိမ်းကပြောသည်။

`တကယ်ရောင်းတဲ့အခါ အခုပြောနေကြတဲ့ ကျပ်နှစ်သောင်း ဆိုတာထက် အများကြီးလျော့နည်းတဲ့ဈေးနဲ့ရောင်းမှာပါ။ထောင်ဂဏန်းမျှသာဖြစ်ပါ လိမ့်မယ်။ အဲသလောက်ပဲ ကျွန်တော်ပြောပြပါရစေ`ဟု ပြည်ထောင်စု ၀န်ကြီးက ဆက်လက်ပြောဆိုသည်။

ref:YMG

No comments:

Post a Comment