Tuesday 12 March 2013

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်စေသင့်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင် အကြံပြု စီမံကိန်းဆန္ဒပြမှုကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓာတ် ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့သည်ဟု အပြီးသတ် အစီရင်ခံစာတွင် ဖော်ပြ

 

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ စုံစမ်းစစ်ဆေး ချက်များအရ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော်လည်း ထိုအားနည်းချက်များသည် ပြင်ဆင်နိုင်သည့် ကိစ္စများဖြစ်သောကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ နိုင်ငံတကာ ဆက်ဆံရေး ရှုထောင့်မျိုးစုံ ကို ခြုံငုံ စဉ်း စားပြီး ပြုပြင်ရန်အကြံပြုချက်များအားအကောင်အထည်ဖော်ဆောင်ရွက်စေလျက်လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက် ဆောင်ရွက်စေသင့်ကြောင်း မတ် လ ၁၂ ရက်နေ့ထုတ် နိုင်ငံပိုင် သ တင်း စာ များ၌ ဖော်ပြခဲ့ သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် အကြံပြု ခဲ့သည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်ခဲ့သည့်ကိစ္စ ရပ်များမှာ ဒေသခံလူထုသည် မြေယာသိမ်း ဆည်းမှုနှင့်ပတ်သက်၍ထိုက်သင့်သည့် လျော်ကြေး မရရှိခြင်းထိုက်သင့်သော အလုပ်အကိုင် အခွင့် အလမ်း များ မရရှိခြင်းတို့ကြောင့် ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း မြေယာသိမ်းဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာမှု မရှိခဲ့ခြင်းနှင့် ၀န်ထမ်းအချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှု မရှိခြင်းကြေင့် ပြဿနာများပိုမိုကြီးထွားလာခဲ့ကြောင်း၊ထိုအခြေအနေတွင်ဒေသပြင်ပအဖွဲ့အစည်းများ ရောက် ရှိလာကာ ဆန္ဒပြမှုများ အရှိန်မြင့်ခဲ့ကြောင်း ကော်မရှင်၏ အစီရင်ခံစာ တွင်ဖော်ပြထားသည်။

လက်ပံတောင်းတောင် စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့် ဖြစ်စဉ်တွင် ရဲတပ် ဖွဲ့သည် ဖော့စဖောရပ်ဓာတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ကြောင်း၊ မြန်မာနိုင်င ရဲတပ်ဖွဲ့ အနေဖြင့် ယင်းမီး ခိုးဗုံး မျိုးကို ယာယီ အဆောက်အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်း မရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်း မရှိကြောင်း၊ ထိုသို့ သိရှိခြင်း မရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း မလိုလားအပ်သော မီးလောင် ဒဏ်ရာများရဟန်းသံဃာနှင့်လူပုဂ္ဂိုလ်အချို့တွင်ရရှိခဲ့ခြင်းဖြစ်ကြောင်းအပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထား သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နံနက်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း များ အား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှအင်အားသုံး နှိမ်နင်းခဲ့ရာသံဃာတော်အပါး ၉၀ ကျော်နှင့်လူပုဂ္ဂိုလ်အချို့ မီးလောင် ဒဏ်ရာများ ရရှိခဲ့ရာ လက်ရှိအချိန်ထိ ထိုင်းနိုင်ငံ ထိုင်းအစိုးရ ဆေးရုံတွင် သံဃာတစ်ပါး၊ စစ်ကိုင်း တိုင်း ဒေ သကြီးရှိ သီတဂူအာယုဒါန ဆေးရုံတွင် သံဃာတော် ခြောက်ပါးနှင့် မုံရွာ ဇောတိက ရာမ ကျောင်းတိုက် တွင် ဆေးလိမ်း ဆေးသောက် ကုသမှု ခံယူလျက်ရှိသည့် သံဃာတော် ၈၇ ပါး ကျန်ရှိနေသေးကြောင်း ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့ ဦးဆောင်သံဃာ ဆရာတော် ဦးဝိမလက မတ်လ ၁၁ ရက်ညပိုင်းက မိန့်ကြားခဲ့သည်။

လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အပြီးသတ် အစီရင်ခံစားအား နိုင်ငံတော်သမ္မတထံ မတ်လ ၁၁ ရက်နေ့ ညနေပိုင်းက တင်သွင်းခဲ့ပြီး ယင်းအစီရင်ခံစာအား အကောင်အထည်ဖော် ဆောင် ရွက်ရန် ကော်မတီတစ်ရပ်ကို နိုင်ငံတော်သမ္မတရုံး အမိန့်ကြော်ငြာစာ အမှတ် ၂၈/၂၀၁၃ ဖြင့် ဖွဲ့စည်းပေးခဲ့ သည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းစုံစမ်းစစ်ဆေးရေး ကော်မရှင်၏အစီရင်ခံစာကိုအကောင်အထည်ဖော် ဆောင် ရွက်မည့် ကော်မတီအား အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ရာ မြန်မာဝမ်ပေါင် ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်တို့မှ တာဝန်ရှိသူများ ပါဝင်ခဲ့ကြောင်းလည်း သိရသည်။


 




No comments:

Post a Comment