Tuesday 12 February 2013

ရခိုင်တိုင်းရင်းသားများသည် NLD ကိုယ်စားပြု ကပြရခြင်းမဟုတ်ဘဲ သွေးစည်းရန်အတွက် ပါဝင်ကပြရခြင်းဖြစ်



AT 0အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော တိုင်းရင်းသားေ ပါင်းစုံက ရိုးရာဓလေ့များဖြင့် ပါဝင်ကပြသီဆိုကြမည့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ရခိုင်တိုင်းရင်းသား များက NLD ကိုယ်စားပြုအနေဖြင့် ပါဝင်ကပြရခြင်းမဟုတ်ဘဲ တိုင်းရင်းသားများအချင်းအချင်း သွေးစည်းကြရန်အတွက်သာ ဖျော်ဖြေကပြရခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်ဓညဝတီကျောင်း၌ အကလေ့ကျင့်နေစဉ် 
ဖေဖော်ဝါရီလ(၁၂)နေ့တွင် ကျရောက်မယ့် (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို NLD က ဦးဆောင်ကျင်းပကာ ရန်ကုန်မြို့ တော်ဝင်နှင်းဆီဟိုတယ်မှာ တိုင်းရင်းသားပေါင်းစုံက ကိုယ့်ရိုးရာဓလေ့များကိုယ်စီဖြင့် ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။
NLD ဦးဆောင်သော (၆၆) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် တိုင်းရင်းသားပေါင်းစုံ ပါဝင်ကပြသီဆိုကြမည့်အထဲအတွင် ရခိုင်တိုင်းရင်းသားများ ပါဝင်ဖျော်ဖြေရသည့် အကြောင်းရင်းနှင့်ပတ်သတ်၍ အကသင်ရာတွင်ပါဝင်သူ ရခိုင်မျိုးချစ်တစ်ဦးက အခုလိုရှင်းပြသည်။
" ကျနော်တို့ သွားရောက်ကပြသွားမယ်ဆိုတဲ့ အကြောင်းအရင်းက ကျနော်တို့က NLD ပါတီအနေနဲ့ ကပြပေးတာမဟုတ်ဘဲနဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ပြည်ထောင်စုထဲမှာ တကယ်ထင်ရှားတဲ့ တကယ်အနောက်တံခါးကို ထင်ထင်ရှားရှား ခုခံကာကွယ်ပေးနေတဲ့ ဆိုတာလေးဖေါ်ပြပေးချင်လို့ပါ။ အဓိကတော့ NLD ကနေ ဦးစီးပြီးတော့ ကျင်းပမှာပါ။ ကျင်းပတဲ့အခါမှာ ဘယ်ပါတီကပဲ ကျင်းပတာပဲဖြစ်ဖြစ် ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေအနေနဲ့ ကျနော်တို့ဟာ ပြည်ထောင်စုမှာနေတဲ့ တိုင်းရင်းသားဖြစ်တဲ့အတွက် ပြည်ထောင်စုမှာရှိတဲ့ ရခိုင်တိုင်းရင်းသားတွေဟာ ကိုယ့်အမျိုးဂုဏ် ဇာတိဂုဏ်ကို ဖေါ်ပြချင်တဲ့ စေတနာသက်သက်နဲ့ သွားရောက်ကပြခြင်း ဖျော်ဖြေခြင်းဖြစ်ပါတယ်။ " ဟု အာရ်ကန်တိုင်းမ်စ်သို့ ပြောသည်။
မြေမျိုလို့ လူမျိုးမပျောက် လူမျိုလို့ လူမျိုးပျောက်မည် ဆိုသည့် စကားနှင့်အညီ တိုင်းရင်းသားပေါင်းစုံ စည်းစည်းလုံးလုံးနှင့် ပြည်ထောင်စုအေးချမ်းရေးအတွက် လက်တွဲလုပ်ဆောင်ကြစေရန် သွေးစည်းကြမယ်ဆိုသော သီချင်းခေါင်းစဉ်ဖြင့် ရခိုင်ရိုင်းရာအကအဖွင့် ပထမဆုံးတွင် သီချင်းသရုပ်ဖော်ဖြင့် သီဆိုကပြသွားမည်ကို သိရသည်။
ဆက်လက်၍ " တကယ်တော့ အခုလောလောဆယ် ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ပဋိပက္ခတွေဟာ ကျနော်တို့ ရခိုင်လူမျိုးတွေကို တစ်ဖက်စောင်းနဲ့ တစ်ဖက်သက်အမြင်နဲ့ ဧည့်သည်က အိမ်ရှင်၊ အိမ်ရှင်က ဧည့်သည် စရိုက်မျိုးဖြစ်နေတဲ့အခါမှာ ကျနော်တို့ ယဉ်ကျေးမှုတွေ ရှေ့အစဉ်အဆက်ကရှိခဲ့တဲ့ ဘာသာစရိုက်ထုံးတမ်းစဉ်လာတွေ ရှေ့အစဉ်အဆက်ဆက်က ရှိခဲ့တယ်ဆိုတာကို ပြည်ထောင်စုနေ့မှာ မျက်ဝါးထင်ထင် မြင်ရမယ့် နေရာဖြစ်တဲ့အတွက် အဲဒီမှာ သွားရောက်ဖျော်ဖြေရခြင်းဖြစ်ပါတယ်။ ကျနော်တို့ ဘာကြောင့် ပါဝင်ဆောင်ရွက်ရတာလည်းဆိုရင် လက်ရှိမှာ အမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်က အမှုးပြုပြီးတော့ ဦးစီးကျင်းပတဲ့အခါမှာ ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မားမားမတ်မတ် မှန်မှန်ကန်ကန် တိုင်းရင်းသားပြည်သူလူထုအပေါ်မှာ ရပ်တည်ပေးတာမရှိဘူးလို့ ကျနော်တို့ ရခိုင်ပြည်နယ်မှာရှိကြတဲ့ ရခိုင်ပြည်သူလူထုတွေဟာ စိတ်ထဲမှာ ခံစားနေရတယ်။ " ဟု ၄င်းလူငယ်က ဆိုသည်။
ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရခိုင်ဓညဝတီကျောင်း၌ ပြည်ထောင်စုနေ့အခမ်းအနားတွင် ပါဝင်ကပြဖို့အတွက် ရခိုင်တိုင်းရင်းသားများ အကလေ့ကျင့်ကာ ကြိုတင်ပြင်ဆင်နေကြကြောင်းနှင့် ၄င်းအခမ်းအနားတွင် ရခိုင်အမျိုးသမီးများ (၁၆)ယောက်က ပါဝင်ကပြဖျော်ဖြေသွားမည်ဟု သိရသည်။
AT 2 


အာရကန်တိုင်းမ်

No comments:

Post a Comment