Thursday 7 November 2013

သတင်းမီဒီယာဥပဒေမှ ပယ်ဖျက်ထားသော ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ ပြည်သူ့လွှတ်တော် အတည်ပြု

Photo: သတင်းမီဒီယာဥပဒေမှ ပယ်ဖျက်ထားသော ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ ပြည်သူ့လွှတ်တော် အတည်ပြု
Thursday, November 7, 2013

ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ၎င်းတို့ ပယ်ဖျက်ထားသော သတင်းမီဒီယာဥပဒေမှ ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တင်သွင်းခဲ့သော သတင်းမီဒီယာ ဥပဒေပုဒ်မ ၁၂ ပါ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်နှင့် ပုဒ်မ ၃၂ ပါ “ဥပဒေအရ တားမြစ် ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေ သိမ်းဆည်းရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်” ဟူသော မီဒီယာကဏ္ဍအတွက် အရေးကြီးသော အချက်တို့ကို အောက်တိုဘာလ ၁၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်း ကော်မတီက ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

သို့သော် ဥပဒေကြမ်း ကော်မတီ၏ ပယ်ဖျက်မှုကို စာနယ်ဇင်းကောင်စီနှင့် မီဒီယာများက လက်မခံခဲ့ပေ။ ကောင်စီနှင့် မီဒီယာတို့၏ ဝေဖန်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် ထည့်သွင်းခြင်း ဖြစ်သည်။
“စာနယ်ဇင်းကောင်စီက ကန့်ကွက်လို့တော့ မဟုတ်ပါဘူး၊ ဝေဖန်တာတော့ ရှိတယ်၊ ပြန်ကြားရေးနဲ့ ကော်မတီတချို့နဲ့ အစည်းအဝေးလုပ်ပြီး ပြန်ထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးစောလှထွန်းက ဆိုသည်။

ယခုပြန်လည် ထည့်သွင်းထားသော အဆိုပါ ဥပဒေ၏ ပုဒ်မ ၁၂ မှ “ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်မှ “တစ်ခုတည်းသော” ဟူသည့် စာသားကိုမူ ထည့်သွင်းထားခြင်း မရှိပေ။

ယင်းသတင်းမီဒီယာ ဥပဒေကို နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေး အစီအစဉ်များအရ သိရသည်။

The Voice Weekly
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီသည် ၎င်းတို့ ပယ်ဖျက်ထားသော သတင်းမီဒီယာဥပဒေမှ ပုဒ်မနှစ်ခုကို ပြန်လည် ထည့်သွင်း၍ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ကြောင်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ပြောကြားသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက တင်သွင်းခဲ့သော သတင်းမီဒီယာ ဥပဒေပုဒ်မ ၁၂ ပါ “ကောင်စီသည် စာနယ်ဇင်းသမားများနှင့် စပ်လျဉ်း၍ ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင် သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်နှင့် ပုဒ်မ ၃၂ ပါ “ဥပဒေအရ တားမြစ် ပိတ်ပင်ထားပြီး ပြစ်မှုဖြင့် အရေးယူခံရသည့် မီဒီယာဆိုင်ရာ ပစ္စည်းများကို ရှာဖွေ သိမ်းဆည်း ရာတွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေနှင့်အညီ ဆောင်ရွက်ရမည်” ဟူသော မီဒီယာကဏ္ဍအတွက် အရေးကြီးသော အချက်တို့ကို အောက်တိုဘာလ ၁၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ယင်းဥပဒေကြမ်း ကော်မတီက ပယ်ဖျက်ခဲ့ပြီး ဖြစ်သည်။

သို့သော် ဥပဒေကြမ်း ကော်မတီ၏ ပယ်ဖျက်မှုကို စာနယ်ဇင်းကောင်စီနှင့် မီဒီယာများက လက်မခံခဲ့ပေ။ ကောင်စီနှင့် မီဒီယာတို့၏ ဝေဖန်မှုများ ပေါ်ထွက်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည် ထည့်သွင်းခြင်း ဖြစ်သည်။
“စာနယ်ဇင်းကောင်စီက ကန့်ကွက်လို့တော့ မဟုတ်ပါဘူး၊ ဝေဖန်တာတော့ ရှိတယ်၊ ပြန်ကြားရေးနဲ့ ကော်မတီတချို့နဲ့ အစည်းအဝေးလုပ်ပြီး ပြန်ထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ” ဟု ဦးစောလှထွန်းက ဆိုသည်။

ယခုပြန်လည် ထည့်သွင်းထားသော အဆိုပါ ဥပဒေ၏ ပုဒ်မ ၁၂ မှ “ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် အညီ လွတ်လပ်စွာ ဆောင်ရွက်နိုင်သည့် တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်သည်” ဟူသော အချက်မှ “တစ်ခုတည်းသော” ဟူသည့် စာသားကိုမူ ထည့်သွင်းထားခြင်း မရှိပေ။

ယင်းသတင်းမီဒီယာ ဥပဒေကို နိုဝင်ဘာ ဒုတိယပတ်တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် တွင် ဆွေးနွေး အတည်ပြုမည် ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေး အစီအစဉ်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment