Wednesday 6 November 2013

သစ်ခိုးထုတ်မှု ကာကွယ်ရန် ရဲတပ်ရင်းနှစ်ရင်းအား သစ်တောသို့ လွှဲပြောင်းရန် စီစဉ်

သစ်ခိုးထုတ် မှုများကို ကာကွယ် နိုင်ရန်အတွက် ရဲတပ်ရင်းနှစ်ရင်းကို သစ်တော ဦးစီးဌာနသို့ လွှဲပြောင်းပေးရန် ဖွဲ့စည်းပုံကျလာပြီဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြော သည်။ သစ်တော ဦးစီးဌာနမှ တာ ဝန်ရှိသူတစ်ဦးက ''ပြည်ထဲရေး ဝန်ကြီးဌာနကတော့ တရားဝင် မလွှဲအပ်သေးပါဘူး။ အင်အား စုဖွဲ့ပုံပြင်ဆင်နေဆဲပဲ ရှိပါသေး တယ်။ အင်အားဘယ်လောက်ပါ မယ်ဆိုတာလဲ မသိသေးပါဘူး။ ဒီလထဲမှာတော့ ရဲဝန် ထမ်း ၁၀၀ ကို သစ်တောနဲ့ပတ်သက်တာတွေ ကို
ရှင်းပြဖို့ သင်တန်းလုပ်ဖို့ရှိပါ တယ်။ သူတို့ကိုတော့ ကာကွယ် ရေးအတွက်ပဲ အသုံးပြုသွားမှာ ပါ''ဟု ပြောသည်။ အဆိုပါရဲများရရှိလာပါက သစ်ခိုးထုတ်လုပ်မှုအများဆုံးနေ ရာများကိုချ ထားပေး သွား မည် ဖြစ်ပြီး လက်ရှိအချိန်တွင် သစ်ခိုး ထုတ်သူများက သစ်တောဝန်ထမ်း များကို တုတ်၊ ဓား၊ လေးခွလက် နက်များဖြင့် ရန်ပြုတိုက်ခိုက်၊ ခြိမ်းခြောက်၊ အနှောင့်အယှက် ပေးသည့်ဖြစ်စဉ်များ ရန်ကုန် တိုင်းဒေသကြီးတွင် ၁ဝကြိမ်၊ ပဲခူး တိုင်းဒေသ ကြီးတွင်လေးကြိမ် စုစုပေါင်း ၁၄ကြိမ်ဖြစ်ပွား ခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ထုတ်ပြန် ချက်များအရ သိရသည်။

သစ်တောဦးစီးဌာန မှတာ ဝန်ရှိသူတစ်ဦးက ''အများစုက တော့ နယ်စပ်ဒေသတွေနဲ့ ရန် ကုန်၊ ပဲခူးဘက်တွေမှာ ထားဖြစ် မယ် ထင်ပါတယ်။ ရန်ကုန်မှာ ထားဖြစ်မှာတော့ သေချာပါတယ်။ ပဲခူးမှာလဲ ထားရမှာပါပဲ။ ရန်ကုန် တိုင်းဒေသကြီး မှာဆို ရင်လဲ အင် အားတိုးချဲ့ပြီး ဖမ်းဆီးနေပေမယ့် လျော့ကျ သွားခြင်းမရှိပါဘူး။ ပုံ သဏ္ဌာန်အမျိုးမျိုးနဲ့ ဝင်နေပါ တယ်။ တချို့က ရှေ့မှာရှေ့ပြေး ကားတွေနဲ့အရင် လာတယ်။ ပြီး မှ သစ်တင်တဲ့ကားလာတယ်။ လူ အင်အားနည်း လို့ကတော့ ပြန်ပြီး တိုက်ခိုက်တယ်။ အဲဒါကြောင့် ကားလေးစီးလောက်နဲ့ ပိတ်ဆို့ ဖမ်းရတယ်''ဟုပြောသည်။

သစ်တောဦးစီးဌာန အနေ ဖြင့် တရားမဝင်သစ်နှင့်သစ်တော ထွက်ပစ္စည်းများကို ခိုးထုတ်နေ ခြင်းများနှင့် ပတ်သက်ပြီး တိုင်း နှင့်ပြည်နယ်အားလုံးမှာ ဧပြီလ မှ စက်တင်ဘာလအထိခြောက် လအတွင် ကျွန်း၊ သစ်မာ၊ တခြား သစ်အပါအဝင် သစ်တန် ချိန် ၁၄၀၃၄ဒသမ၅၇၇၁တန်၊ မီးသွေး (၆၅၁၉ ဒသမ ၅၇)တန်၊ ကား၊ ထော်လာဂျီ၊ ဆိုင်ကယ်၊ စက်လှေ ၇၁၉စီး၊ သစ်စက်အင်ဂျင် ၁၃၅ လုံးတို့ကိုဖမ်းဆီးရမိကြောင်း သစ် တောဦးစီးဌာန၏ထုတ်ပြန်ချက် များအရ သိရသည်။ ယင်းနှင့် ပတ်သက် ပြီး သစ် တောပညာရှင်တစ်ဦးက ''အရင် ကတော့ သစ်တောဝန်ထမ်းတွေ ကိုယ်တိုင် လက်နက်ကိုင်ရတယ်။ အခု ၁၉၈၈ခုနှစ်နောက်ပိုင်းမှာ လက်နက်တွေကို ပြန်အပ်လိုက်ရ တယ်။ သစ်တောကတော့ နေရာ တိုင်းမှာ ခိုးနေတာပဲ။ ထိထိ ရောက် ရောက် လုပ်နိုင်မယ်ဆိုရင်တော့ တိုင်းပြည်အတွက် အများကြီး ကောင်းလာမှာပါ''ဟု ပြောသည်။

အောင်အောင်
Yangon Media Group

No comments:

Post a Comment