Sunday 13 October 2013

ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် လိုက်နာမှု အားနည်းနေမှုကြောင့် ယာဉ်ကြောရှုပ်ထွေး နေသဖြင့် CCTV ကင်မရာဖြင့် စောင့်ကြည့်မည်

Photo: ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် လိုက်နာမှု အားနည်းနေမှုကြောင့် ယာဉ်ကြောရှုပ်ထွေး နေသဖြင့် CCTV ကင်မရာဖြင့် စောင့်ကြည့်မည်
Sunday, October 13, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ခရီးသည်တင် ယာဉ်မောင်း များ အနေဖြင့် ကားမှတ်တိုင်များတွင် ရပ်၊ တင်၊ ချ စနစ် ကျင့်သုံးမှု အား နည်းနေသောကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေသဖြင့် မှတ်တိုင်များတွင် CCTV ကင်မရာများ တပ်ဆင်ပြီး စောင့်ကြည့်သွားရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်ခင်က အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြား သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားမှတ်တိုင်များ၌ ယာဉ်မောင်းများ အနေဖြင့် ရပ်၊ တင်၊ ချ စနစ်ကို လိုက်နာမှု အားနည်းချက်ကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေ သဖြင့် ယခုကဲ့သို့ စောင့်ကြည့်ရန် စီစဉ်နေရခြင်းဖြစ်ကြောင်း သိရသည်။

"ကားမှတ်တိုင်မှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ အခု ရက်ပိုင်း မှာတော့ အရင်ဆုံး အနေနဲ့ မြို့တော်ခန်းမရှေ့က ကားမှတ်တိုင်မှာ စပြီးတပ်သွားမယ်။ တစ်တိုင်းလုံး အနေနဲ့ကတော့ အလုံးရေ ဘယ်လောက် တပ်သွားမလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ CCTV ကင်မရာရဲ့ ဈေးနှုန်းပေါ် တွင် မူတည်ပါတယ်။ အဓိကတော့ ယာဉ်ကြောပိတ်ဆို့တာ လျော့နည်းသွားဖို့ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက် သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင်က အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မ.ထ.သ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က "ကားတွေက မှတ်တိုင်မှာ အကြာကြီး ရပ်နေတဲ့အတွက် ခရီးသည်တွေက အချိန်ကြန့် ကြာတယ်။ လမ်းကြောင်းပေါ်မှာ ကားတွေထပ်တယ်။ မှတ်တိုင် အရှေ့ မှာ ရပ်နေတဲ့ ယာဉ်တွေက မထွက်တဲ့အခါမှာ ကားတန်းက ရှည်ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တယ်။ ဥပမာအားဖြင့် ခရီးသည်တင် ယာဉ်တွေ က အကြာကြီး ရပ်ပြီးတော့ ခရီးသည်ကို စောင့်တဲ့အခါမှာ ကားမှတ် တိုင်နဲ့ လမ်းဆုံလမ်းခွနဲ့ နီးနေတဲ့ ၈ မိုင်တို့ ချော်တွင်းကုန်းတို့ဆိုရင် ကားတွေ အတော်လေး ပိတ်ဆို့နေတာ တွေ့ရတယ်။ ဒါကြောင့် ယာဉ်မောင်းတွေ အနေ နဲ့ ရပ်၊ တင်၊ ချ စနစ်ကို အလေးထားပြီး လိုက်နာသင့်ပါတယ်" ဟု ပြောကြားသည်။ 

Eleven Media Group
ရန်ကုန်တိုင်းဒေသကြီးအတွင်း မောင်းနှင်နေသော ခရီးသည်တင်ယာဉ်မောင်းများအနေဖြင့် ကား မှတ်တိုင် များတွင် ရပ်၊ တင်၊ ချစနစ် ကျင့်သုံးမှုအား နည်းနေသောကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေသဖြင့် မှတ်တိုင်များတွင် CCTV ကင်မရာများတပ်ဆင်ပြီး စောင့်ကြည့်သွားရန် စီစဉ်နေကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် က အောက်တို ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကားမှတ်တိုင်များ၌ ယာဉ်မောင်းများ အနေဖြင့် ရပ်၊ တင်၊ ချ စနစ်ကို လိုက် နာမှု အားနည်းချက်ကြောင့် ယာဉ်ကြောပိုမို ရှုပ်ထွေးနေသဖြင့် ယခုကဲ့သို့ စောင့်ကြည့်ရန် စီစဉ်နေ ရခြင်းဖြစ်ကြောင်း သိရသည်။

"ကားမှတ်တိုင်မှာ CCTV ကင်မရာတွေ တပ်ဆင်ဖို့ စီစဉ်နေပါတယ်။ အခု ရက်ပိုင်း မှာတော့ အရင်ဆုံး အနေနဲ့ မြို့တော်ခန်းမရှေ့က ကားမှတ်တိုင်မှာ စပြီးတပ်သွားမယ်။ တစ်တိုင်းလုံး အနေနဲ့ကတော့ အလုံးရေ ဘယ်လောက် တပ်သွားမလဲဆိုတာ မခန့်မှန်းနိုင်သေးပါဘူး။ CCTV ကင်မရာရဲ့ ဈေးနှုန်းပေါ် တွင် မူတည်ပါတယ်။ အဓိကတော့ ယာဉ်ကြောပိတ်ဆို့တာ လျော့နည်းသွားဖို့ ဖြစ်ပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လမ်းပန်းဆက် သွယ်ရေးနှင့် ပို့ဆောင်ရေးဝန်ကြီး ဦးအောင်ခင် က အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မ.ထ.သ (ဗဟို) ဥက္ကဋ္ဌဖြစ်သူ ဦးလှအောင်က "ကားတွေက မှတ်တိုင်မှာ အကြာကြီး ရပ်နေတဲ့အတွက် ခရီးသည်တွေက အချိန်ကြန့် ကြာတယ်။ လမ်းကြောင်းပေါ်မှာ ကားတွေ ထပ်တယ်။ မှတ်တိုင် အရှေ့ မှာ ရပ်နေတဲ့ ယာဉ်တွေက မထွက်တဲ့အခါမှာ ကားတန်းက ရှည်ပြီးတော့ ယာဉ်ကြောပိတ်ဆို့မှု ဖြစ်တယ်။ ဥပမာအားဖြင့် ခရီးသည်တင် ယာဉ်တွေ က အကြာကြီး ရပ်ပြီးတော့ ခရီးသည်ကို စောင့်တဲ့အခါမှာ ကားမှတ် တိုင်နဲ့ လမ်းဆုံလမ်းခွနဲ့ နီးနေတဲ့ ၈ မိုင်တို့ ချော်တွင်းကုန်းတို့ဆိုရင် ကားတွေ အတော်လေး ပိတ်ဆို့နေတာ တွေ့ရတယ်။ ဒါကြောင့် ယာဉ်မောင်းတွေ အနေ နဲ့ ရပ်၊ တင်၊ ချ စနစ်ကို အလေးထားပြီး လိုက်နာသင့်ပါတယ်" ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment