Sunday 13 October 2013

တရားမျှတမှု မရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာ ကွယ်ပေး ရမည့်အချက် ပါဝင်သည့် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေ ပြဋ္ဌာန်း

တရားမျှတမှုမရှိသည့် မြေယာသိမ်းဆည်းခြင်းများမဖြစ်ပေါ်စေရန် ကာကွယ်ပေးရမည့်အချက် ပါဝင် သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွား မြှင့်တင်ရေးဥပဒေကို အောက် တိုဘာ ၁၂ ရက်က သမ္မတဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည်။
ဦးဆောင်အဖွဲ့သည် တောင်သူလယ်သမားများ လိုအပ်သည့်သွင်းအားစုများ ရရှိစေရေးနှင့် မြေယာနှင့် သက်ဆိုင်သော တည်ဆဲဥပဒေများနှင့်အညီ အကျိုးခံစားခွင့်ရရှိစေရေးအတွက် ဆောင် ရွက်ပေးခြင်း ၊ တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်သည့် ကောက်ပဲသီးနှံများ သင့်တင့်မျှတ သည့် ဈေးနှုန်းနှင့် ဈေးကွက်ရရှိရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ တည်ဆဲဥပဒေများနှင့် ညီညွတ်မှု မရှိသော တရားမျှတမှု မရှိသည့် မြေယာသိမ်းဆည်းခြင်းများ မဖြစ်ပေါ်စေရန် ကာကွယ်ပေးခြင်း၊ လယ် ယာလုပ်သားများ၏ ရထိုက်သောအခွင့်အရေးများအား အပြည့်အ၀ရရှိစေရန် ကူညီဆောင် ရွက် ပေးခြင်း များကို ဆောင်ရွက်ပေးရမည်ဟု အဆိုပါ ဥပဒေ တွင် ဖော်ပြထားသည်။

အဆိုပါ ဦးဆောင်အဖွဲ့ ဖွဲ့စည်းခြင်းကို ပြည်ထောင်စုအစိုးရ၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး တို့ကို ဦးဆောင်စေပြီး သင့်လျော်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ တောင်သူ လယ် သမားများအား ကိုယ်စားပြုသော အဖွဲ့အစည်းများနှင့် သင့်လျော်သော အခြားအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရမည်ဟု ဥပဒေတွင် ပါရှိသည်။

အဆိုပါ ဥပဒေ ပြဋ္ဌာန်းချက်အရ ဦးဆောင်အဖွဲ့ အနေဖြင့် တောင်သူလယ်သမားများ၏ အခွင့်အရေး များနှင့် လယ်ယာမြေ ပိုင်ဆိုင်ခွင့်လုံခြုံစိတ်ချရေးတို့နှင့် စပ်လျဉ်း၍ တောင်သူလယ်သမားများအား ကူညီဆောင်ရွက်ပေးခြင်းနှင့် အကာအကွယ်ပေးခြင်း၊ လယ်ယာထုတ်ကုန် စီမံခန့်ခွဲရေး အဖွဲ့က တင်ပြသော ၀ယ်ယူမည့် ကောက်ပဲသီးနှံ အမျိုးအစားနှင့် ၀ယ်ယူမည့်အစီအစဉ်တို့ကို စိစစ် ၍ ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြခြင်းများကိုလည်း ဆောင်ရွက်ရမည်ဖြစ်သည်။

အဆိုပါ ဥပဒေတွင် တောင်သူလယ်သမားဘက်မှ အလိုရှိသည့် လယ်ယာ ထွက်ကုန်များအပေါ် အနိမ့် ဆုံးဈေးနှုန်း သတ်မှတ်ဝယ်ယူပေးရေး မပါဝင်လာဘဲ ယင်းအပေါ် တောင်သူလယ်သမားများနှင့် မြေယာ လုပ်သားများ သမဂ္ဂဥက္ကဋ္ဌ ဦးသန်းစိုးက ယင်းကဲ့သို့ ၀ယ်ယူခြင်းမပြုပေးပါက စီးပွားရေးလုပ်ငန်းရှင်ကြီး များသာ အကျိုးများနေဦးမည်ဖြစ်ပြီး နိုင်ငံတကာဈေးနှုန်းနီးပါး သတ်မှတ်ဝယ်ယူပေးရန် လို အပ်ကြောင်း ပြောကြားခဲ့သကဲ့သို့ ဦးဆောင်အဖွဲ့တွင် မြန်မာပြည်အနှံ့အပြားက လယ်ယာမြေ သိမ်း ဆည်းခံရတဲ့ ပြဿနာတွေအပေါ် လိုက်ပါဖြေရှင်းပေးနိုင်တဲ့သူတွေ ပါဖို့လိုတယ်ဟုလည်း သုံး သပ်ပြောကြား ခဲ့ သည်။

Eleven Media Group

No comments:

Post a Comment