Monday 14 October 2013

လျော်ကြေးထုတ်ယူမထားသော မြေယာများပေါ် ၀မ်ပေါင်ကုမ္ပဏီက ခြံစည်းရိုးခတ်နေမှုကို ဒေသခံတောင်သူများ တားဆီးရာမှ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့မှု ဖြစ်ပွား

T-14-10
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် တောင်သူများနှင့် ရဲတပ်ဖွဲ့ဝင်များ တင်းမာမှု ဖြစ်ပွားနေ စဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သိမ်းဆည်းခံခဲ့ရသော လယ်ယာမြေများ အတွက် လျော်ကြေးငွေထုတ် ယူခြင်း မပြုလုပ်ခဲ့သော ယာမြေများပေါ်တွင် မြန်မာ-၀မ်ပေါင် ကုမ္ပဏီမှ ခြံစည်းရိုးများ ခတ်ခြင်း၊ နှမ်းခင်းများကို ဘူဒိုဇာဖြင့်ထိုး၍ မြေညှိခြင်းတို့ကို အောက်တိုဘာ ၁၂
ရက်တွင် ပြုလုပ်ခဲ့သောကြောင့် ဒေသခံ တောင်သူများက သွားရောက်တားမြစ်ခဲ့ရာမှ လက်ပံတောင်းတောင် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် တင်းမာမှုများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းဖြစ်စဉ်တွင် ကြေးနီစီမံကိန်းအတွက် တာဝန်ကျ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်အင်အား ၂၀၀ ခန့်နှင့် ဒေသ ခံတောင်သူ ၁၀၀ နီးပါးခန့် ပါဝင်ခဲ့ကြောင်း သိရသည်။ "နိုင်ငံတော် စီမံကိန်း လုပ်ဆောင်နေ တာကြောင့် ခြံစည်းရိုး ကာရံနေတာကို မတားမြစ်ဖို့ လုံခြုံရေး ရဲအရာရှိတွေက ပြောရာ ကနေ နှစ်ဖက် ထိပ်တိုက် ရင်ဆိုင်မှု အရှိန်ပိုမို မြင့်မားလာခဲ့ပါတယ်။ နံနက် ၁၀ နာရီလောက်က စတင်ပြီး ၀မ်ပေါင်ကုမ္ပဏီ ဖက်မှ သံဆန်ကာတွေကို စတင်ကာခဲ့တာကြောင့် ဒေသခံ တောင်သူတွေက တရုတ်၊ အင်္ဂလိပ်၊ မြန်မာစာ သားတွေနဲ့ ငြိမ်းချမ်းရေးနှင့် တရားမျှတရေးဆိုပြီး ရေးထားတဲ့ စာခြောက်ရုပ်တွေကိုင်ပြီး ဆန္ဒပြ ကန့်ကွက်ခဲ့ကြပါတယ်။ နေ့လယ် ၂ နာရီလောက်မှာတော့ လျော်ကြေးငွေ ထုတ်ယူခြင်း မပြုလုပ်ထားတဲ့ မြေယာတွေပေါ်မှာ သံဆန်ကာတွေ ကာရံခြင်း ခံခဲ့ရတဲ့ ဆည်တည်းရွာက တောင်သူတွေ ကို ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဖွဲ့စည်းပေးထားတဲ့ ဖြေလျော့ရေး အဖွဲ့က တွေ့ဆုံခဲ့ပြီး အထက် ကို တင်ပြပေးမယ်လို့ ပြောခဲ့ပါတယ်။
အဲဒီလို တွေ့ဆုံနေတဲ့ အချိန်မှာပဲ ၀မ်ပေါင်ဘက်က တရုတ်တွေ ရောက်လာပြီး လက်ပံတောင်းတောင် ၃၃ လုံးမှာပါတဲ့ ခမိတ်တောင်နဲ့ ဘုရားတောင်ခြေ နေရာကို ခြံစည်းရိုး ဆက်ခတ်ဖို့ ပြင်ဆင်တာမို့ ပိုင်ရှင်ဖြစ်တဲ့
ဆည်တည်းရွာသူ ဒေါ်အမာကြည်က မြေယာလျော်ကြေး ထုတ်ယူမထားတဲ့ မိမိမြေကို ခြံစည်းရိုး မခတ်ဖို့ ၀မ်ပေါင်က တာဝန်ရှိသူ တရုတ်လူမျိုးကို မေတ္တာရပ်ခံခဲ့ပေမယ့် ဆက်ခတ်ဖို့ ကြိုးစားတဲ့ အတွက် ဒေသ ခံတွေက ဆန့်ကျင်ကန့်ကွက် ခဲ့ကြပါတယ်။ ရဲတပ်ဖွဲ့က လူစုလူဝေး မပြုလုပ်ဖို့နဲ့ ပြုလုပ်မယ်ဆိုရင် ဥပဒေအရ အရေးယူရမယ်လို့ ပြောပါတယ်။ ကျွန်တော်တို့ ဒေသခံတွေ ဘက်ကတော့ ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအတိုင်း ကုမ္ပဏီတွေ ဘက်က လိုက်နာဆောင်ရွက် ဖို့လိုကြောင်း သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ၀မ်ပေါင်ကုမ္ပဏီ ကို ပြောခဲ့ပါ တယ်" ဟု လက်ပံတောင်းတောင် ဒေသခံ တစ်ဦးက ပြောပြသည်။
လက်ပံတောင်းတောင်တွင် ဒေသခံများနှင့် ဒေသအာဏာပိုင်များ၊ လုံခြုံရေးများ တင်းမာမှု ဖြစ်ပွားနေ သည်မှာ နှစ်ပတ်နီးပါး ကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment