Monday 5 August 2013

ရန်ကုန်မြို့လယ်နှင့် ဆင်ခြေဖုံး မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် နေရာ မလုံလောက်မှု ပြဿနာ တစ်ရပ်ဖြစ်လာ



Photo: ရန်ကုန်မြို့လယ်နှင့် ဆင်ခြေဖုံး မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် နေရာ မလုံလောက်မှု ပြဿနာ တစ်ရပ်ဖြစ်လာ 
Monday, August 05, 2013

ရန်ကုန်မြို့လယ် ခြောက်မြို့နယ်နှင့် လူနေအထူထပ်ဆုံး မြို့ပတ် မြို့နယ်များတွင် အိမ်ထောင် စုတစ်စုလျှင် ယာဉ်တစ်စီးထက် ပိုမိုပိုင်ဆိုင် နေကြသော်လည်း ယာဉ်ညအိပ် ရပ်နားရန် နေရာ မလုံလောက်သည့် အတွက် အဆိုပါ ကိစ္စသည် ပြဿနာ တစ်ရပ်သဖွယ် ဖြေရှင်း ဆောင်ရွက် နေရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့က ပြောကြားခဲ့သည်။

ရန်ကုန်မြို့နယ် လူနေထူထပ်သည့် ဒဂုံဆိပ်ကမ်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့်  ကျောက်တံတား မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် အတွက် လမ်းမကြီးများ ပေါ်တွင် သာနေရာ ရှိခြင်းနှင့် လမ်းသွယ်များ အတွင်း ယာဉ်ရပ်နားရန် နေရာထက် ပိုမိုသော  ယာဉ်အစီးရေ ရှိနေခြင်းတို့ကြောင့် နေရာဦးခြင်းနှင့် နေရာလုခြင်း ဖြစ်ပေါ်လာခဲ့ကာ ယာဉ်ပိုင် ရှင်အချင်းချင်းနှင့် လမ်းသူ၊ လမ်းသားများ အကြား  ပြဿနာ ကြီးငယ်များ ဖြစ်ပေါ်နေရ ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ပြောကြားခဲ့သည်။

ယင်းအပြင် မြို့လယ်မြို့နယ်ကြီးများ ဖြစ်သည့် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေနှင့် ကမာရွတ် မြို့နယ်များ တွင်လည်း ယင်းပြဿနာများကို ဖြေရှင်း နေရကြောင်းလည်း သိရသည်။

''အထပ်မြင့် တိုက်တစ်လုံးမှာ အခန်း ၁၆ ခန်း ပါတယ်ဗျာ။ ကားက ၁၆ စီးမကဘူး။ သူ့အိမ် ရှေ့မှာ မလောက်တော့ သူများ အိမ်ရှေ့မှာ ရပ်တယ်။ အဲဒီမှာ ပြဿနာ ဖြစ်ရော။ အဲဒီအိမ်က ကားက သူ့အိမ်ရှေ့မှာ ရပ်စရာနေရာ မရှိတော့ဘူး ဖြစ်နေတယ်။ တချို့ကားတွေ ဆိုရင် သူများ ရပ်ကွက်မှာ သွားထားရတယ်။ ကားများလာတော့ လမ်းပေါ်မှာကား ကျပ်ရုံတင် မကဘူး၊ ထားစရာ နေရာပါ ရှားသွားတယ်။ ကားသူခိုးတွေလည်း များလာတယ်'' ဟု  အလုံ မြို့နယ် စောရန်ပိုင် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားခဲ့သည်။

မြန်မာ တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် စီးရေ၏ ၃၅ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တော်တွင် တည်ရှိ နေကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့လယ် ခြောက်မြို့နယ်နှင့် လူနေအထူထပ်ဆုံး မြို့ပတ် မြို့နယ်များတွင် အိမ်ထောင် စု တစ်စုလျှင် ယာဉ်တစ်စီးထက် ပိုမိုပိုင်ဆိုင် နေကြသော်လည်း ယာဉ်ညအိပ် ရပ်နားရန် နေရာ မလုံလောက်သည့်အတွက် အဆိုပါကိစ္စသည် ပြဿနာ တစ်ရပ်သဖွယ် ဖြေ ရှင်း ဆောင် ရွက် နေ ရကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူး တချို့က ပြောကြားခဲ့သည်။


ရန်ကုန်မြို့နယ် လူနေထူထပ်သည့် ဒဂုံဆိပ်ကမ်း၊ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်းနှင့် ကျောက်တံတား မြို့နယ်များတွင် ညအိပ်ယာဉ် ရပ်နားရန် အတွက် လမ်းမကြီးများ ပေါ်တွင် သာနေရာ ရှိခြင်းနှင့် လမ်းသွယ်များအတွင်း ယာဉ်ရပ်နားရန် နေရာထက် ပိုမိုသော ယာဉ်အစီးရေ ရှိနေခြင်း တို့ကြောင့် နေရာ ဦးခြင်းနှင့် နေရာလုခြင်း ဖြစ်ပေါ်လာခဲ့ကာ ယာဉ်ပိုင် ရှင်အချင်းချင်းနှင့် လမ်းသူ၊ လမ်းသားများ အကြား ပြဿနာ ကြီးငယ်များ ဖြစ်ပေါ်နေရ ကြောင်း ရပ်ကွက် အုပ်ချုပ်ရေးမှူးများ က ပြောကြား ခဲ့သည်။

ယင်းအပြင် မြို့လယ်မြို့နယ်ကြီးများ ဖြစ်သည့် အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ တာမွေနှင့် ကမာရွတ် မြို့နယ်များ တွင်လည်း ယင်းပြဿနာများကို ဖြေရှင်း နေရကြောင်းလည်း သိရသည်။

''အထပ်မြင့် တိုက်တစ်လုံးမှာ အခန်း ၁၆ ခန်း ပါတယ်ဗျာ။ ကားက ၁၆ စီးမကဘူး။ သူ့အိမ် ရှေ့မှာ မလောက်တော့ သူများ အိမ်ရှေ့မှာ ရပ်တယ်။ အဲဒီမှာ ပြဿနာ ဖြစ်ရော။ အဲဒီအိမ်က ကားက သူ့အိမ်ရှေ့မှာ ရပ်စရာနေရာ မရှိတော့ဘူး ဖြစ်နေတယ်။ တချို့ကားတွေ ဆိုရင် သူများ ရပ်ကွက်မှာ သွားထားရတယ်။ ကားများလာတော့ လမ်းပေါ်မှာကား ကျပ်ရုံတင် မကဘူး၊ ထားစရာ နေရာပါ ရှားသွားတယ်။ ကားသူခိုးတွေလည်း များလာတယ်'' ဟု အလုံ မြို့နယ် စောရန်ပိုင် ရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောကြားခဲ့သည်။

မြန်မာ တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ် စီးရေ၏ ၃၅ ရာခိုင်နှုန်းသည် ရန်ကုန်မြို့တော်တွင် တည်ရှိ နေကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment