Monday 5 August 2013

တန်နက်ဆီ ပြည်နယ်သား တစ်ဦး ခြောက်ရက် ကျော်ကြာ ရေငုပ်၍ စံချိန်တင်နိုင်ခဲ့

နက်စ်ဗေးလ် သြဂုတ် ၃
အမေရိကန် ပြည်ထောင်စု တန်နက်ဆီ ပြည်နယ်သား စကူဘာ ရေငုပ်သမား (ကျောပိုး သယ်ဆောင် နိုင်သော ရေအောက် အသက်ရှူကိရိယာဖြင့် ရေငုပ်ခြင်း) တစ်ဦးသည် ရေအောက် တွင် ခြောက်ရက် ကျော်ကြာအောင် နေပြ၍ စံချိန်သစ် တင်နိုင်ခဲ့ပြီးနောက် သြဂုတ် ၂ ရက်က ရေပြင်ပေါ်သို့ ပြန်လည် ပေါ်ထွက် လာခဲ့ကြောင်း သိရသည်။
ဂျဲရီဟော အမည်ရှိ အဆိုပါ ရေငုပ်သမားသည် ဇူလိုင် ၂၇ ရက် နေ့လယ်ပိုင်းက ရေအောက်ဘက်သို့ ငုပ်လျှိုး သွားခဲ့ခြင်း ဖြစ်ပြီး ခြောက်ရက်နှင့် တစ်နာရီ ၄၂ မိနစ် အကြာတွင် တန်နက်ဆီ ပြည်နယ် အရှေ့မြောက်ထောင့် ရှိ South Holston Cake တွင် ရေပြင်ပေါ်သို့ ပြန်လည် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
ဟောသည် ရေမျက်နှာပြင် ပေါ်သို့ ပြန်ရောက်သော အခါ စိတ်လှုပ်ရှားလျက် ရှိသော်လည်း အားနည်း လျက် ရှိကြောင်း၊ အထူးသဖြင့် မိမိက ၎င်းအား ပွေ့ဖက်ထားသော အခါတွင် အခြေအနေမှာ ပိုဆိုး ခဲ့ကြောင်း  ဟော၏ နည်းပြလည်း ဖြစ်ပြီး ဖခင်လည်း ဖြစ်သော အယ်လာဟဲလ်တန် က ပြောကြား ထား သည်။
အသက် ၄၉ နှစ် ရှိပြီဖြစ်သော ဟောသည် ရေငုပ်နေစဉ်တွင် အရည်ကိုသာ သောက်ဖွယ် ရှိပြီး ရေပေါ် သို့ ပြန်ရောက် ချိန်တွင် ကိုယ်အလေးချိန် ပေါင် ၃ဝ ကျသွားသလို အလွန်အမင်း အားနည်း နေခဲ့ကြောင်း ဟဲလ်တန်က ပြောကြားခဲ့သည်။
ဟော၏ ရေငုပ် စံချိန်သည် ယခင် ငါးရက်ဖြင့် စံချိန်တင်ထားသော ဖလော်ရီဒါ ပြည်နယ် မှ ရေငုပ် သမား၏ စံချိန်ကို ကျော်ဖြတ် နိုင်ခဲ့သောကြောင့် ကမ္ဘာ့စံချိန် တင်နိုင်ရန် အတွက် ဂင်းနစ်စံချိန် အဖွဲ့သို့  တင်ပြသွား မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment