Tuesday 25 June 2013

တရားမ၀င် ကျောက်စိမ်းတုံး များအား တစ်ဖက် တရုတ်နိုင်ငံ သို့ ရောင်း ချ ရန် KIA အဖွဲ့ သယ်ဆောင်

Photo: တရားမ၀င် ကျောက်စိမ်းတုံးများအား တစ်ဖက်တရုတ်နိုင်ငံသို့ ရောင်းချရန် KIAအဖွဲ့ သယ်ဆောင်

ဖားကန့် ကျောက်စိမ်းမှော်မှ ထွက်သော ပိဿာ ၂၀/၃၀ ခန့်ရှိ တရားမ၀င် ကျောက်စိမ်းတုံး ၅၀ ခန့်အား ဆင် ၂ ကောင်ဖြင့် တင်ဆောင်၍ KIA အဖွဲ့တစ်ဖွဲ့က တောလမ်းကြောင်းအတိုင်း ဇွန် ၂၂ ရက် ညနေပိုင်း တွင် သယ်ဆောင် သွားခဲ့သည်ကို ဖားကန့်ကျောက်စိမ်းမှော်မှ လုပ်ငန်းရှင်တစ်ဦးမှ မျက်မြင်တွေ့မြင် ခဲ့ကြောင်း သိရ သည်။

အဆိုပါ ကျောက်စိမ်းတုံးများအား KIA အဖွဲ့က တောလမ်းကြောင်းအတိုင်း KIA တပ်မဟာ(၃)နေရာဟောင်း ၀ရာဘွမ်သို့ သယ်ဆောင်သွားခြင်း ဖြစ်နိုင်ကြောင်း ဖားကန့်ကျောက်စိမ်းမှော်မှ ကျင်းလုပ်သားများထံမှ သိရသည်။

“ အဲဒီ ၀ရာဘွမ် မှာ KIA ဌာနချုပ် လိုင်ဇာက စီးပွားရေးတာဝန်ခံတွေနဲ့ တရုတ်နိုင်ငံ၊ ရင်ကျန်း၊ ရွှေလီ၊ ကူမင်း မြို့တွေက ကျောက်ဝယ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ အမြဲတမ်းအရောင်းအ၀ယ် လုပ်နေကြ တာပဲလေ၊ အခုလည်း အဲဒီ ၀ရာဘွမ် မှာ ကျောက်အရောင်းအ၀ယ်လုပ်ကြမှာပေါ့၊ ကျွန်တော်တို့က ဒီ ဖားကန့်မှော်မှာ အစိုးရဆီ တရားဝင် ကုမ္ပဏီလျှောက်ပြီး အခွန်ဆောင်ပြီးမှ တူးတာပါ၊ သူတို့ KIA အဖွဲ့ ကတော့ နိုင်ငံတော်ပိုင် ကျောက်စိမ်းတုံးတွေကိုတရားမ၀င်ရောင်းစား နေတာပဲလေ၊ နိုင်ငံတော်အနေနဲ ကြည့်ရင် နစ်နာတာပေါ့ဗျာ” ဟု ကျောက်လုပ်ငန်း ရှင်တစ်ဦး၏ ပြောပြချက်အရ သိရှိရ ပါသည်။

နော်တူးဇော်
ဖားကန့် ကျောက်စိမ်းမှော်မှ ထွက်သော ပိဿာ ၂၀/၃၀ ခန့်ရှိ တရားမ၀င် ကျောက်စိမ်းတုံး ၅၀ ခန့်အား ဆင် ၂ ကောင်ဖြင့် တင်ဆောင်၍ KIA အဖွဲ့တစ်ဖွဲ့က တောလမ်းကြောင်းအတိုင်း ဇွန် ၂၂ ရက် ညနေပိုင်း တွင် သယ်ဆောင် သွားခဲ့သည်ကို ဖားကန့်ကျောက်စိမ်းမှော်မှ လုပ်ငန်းရှင် တစ်ဦးမှ မျက်မြင်တွေ့မြင် ခဲ့ကြောင်း သိရ သည်။အဆိုပါ ကျောက်စိမ်းတုံးများအား KIA အဖွဲ့က တောလမ်းကြောင်းအတိုင်း KIA တပ်မဟာ (၃)နေ ရာဟောင်း ၀ရာဘွမ်သို့ သယ်ဆောင် သွားခြင်း ဖြစ်နိုင်ကြောင်း ဖားကန့်ကျောက်စိမ်းမှော်မှ ကျင်းလုပ်သား များထံမှ သိရသည်။

“ အဲဒီ ၀ရာဘွမ် မှာ KIA ဌာနချုပ် လိုင်ဇာက စီးပွားရေးတာဝန်ခံတွေနဲ့ တရုတ်နိုင်ငံ၊ ရင်ကျန်း၊ ရွှေလီ၊ ကူမင်းမြို့တွေက ကျောက်ဝယ်မယ့် စီးပွားရေးလုပ်ငန်းရှင်တွေ အမြဲတမ်းအရောင်းအ၀ယ် လုပ်နေကြတာ ပဲလေ၊ အခုလည်း အဲဒီ ၀ရာဘွမ်မှာ ကျောက်အရောင်းအ၀ယ်လုပ်ကြမှာပေါ့၊ ကျွန်တော်တို့က ဒီ ဖား ကန့်မှော်မှာ အစိုးရဆီ တရားဝင်ကုမ္ပဏီလျှောက်ပြီး အခွန်ဆောင်ပြီးမှ တူးတာပါ၊ သူတို့ KIA အဖွဲ့ ကတော့ နိုင်ငံတော်ပိုင် ကျောက်စိမ်းတုံးတွေကိုတရားမ၀င်ရောင်းစား နေတာပဲလေ၊ နိုင်ငံတော်အနေနဲ ကြည့်ရင် နစ်နာတာပေါ့ဗျာ” ဟု ကျောက်လုပ်ငန်း ရှင်တစ်ဦး ၏ ပြောပြချက်အရ သိရှိရ ပါသည်။

နော်တူးဇော်

No comments:

Post a Comment