
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်တဲ့ ၅ ရက်ကြာ သင်တန်းတစ်ခုကို ရှမ်းပြည်နယ်တောင် ပိုင်း၊ တောင်ကြီးမြို့မှာ ဒီကနေ့စတင်ဖွင့်လှစ်ပြီး ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေအပါအ၀င် အရပ်ဖက် လူမှု အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ တက်ရောက်သင်ကြားနေပါတယ်။

ဒီသင်တန်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၊ အင်းတိုင်းရင်းသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ(SNDP)၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) နဲ့ ရှမ်းပြည် လူမျိုးပေါင်း စုံ လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း (ရှမ်းပြည်နယ်)၊ မျိုးဆက်သစ်(ရှမ်းပြည်)၊ ပအိုဝ်းလူငယ်အစည်းအရုံး(PYO)၊ ပအိုဝ်းအမျိုးသမီး ပညာရေး ဖောင်ဒေးရှင်း၊ ရှမ်းပြည်နယ် အမျိုးသမီး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့၊ ရိုးမအလင်းစတဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ကိုယ် စားလှယ် ၁၇ ဦး တက်ရောက်နေတယ်လို့ သိရပါတယ်။
RFA Burmese
No comments:
Post a Comment