Saturday 25 May 2013

“ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်”

Photo: “ကိုယ်ပျောက် ကင်းလှည့်ရေယာဉ် အသုံးပြုရန် အမေရိကန်နှင့်ဗြိတိန် ပြင်ဆင်”

အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင် အသုံးပြုရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ Eclipseဟု အမည်ပေးထားသော လှေငယ်များတွင် လက်နက်တပ်ဆင်ထားပြီး အဓိကအားဖြင့် ပင်လယ်ဓားပြဂိုဏ်းများကို ဖြိုခွင်းရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။ 

အဆိုပါ ရေယာဉ်များ တည်ဆောက်ရာတွင် အသုံးပြုထားသော နည်းပညာအရ ရေဒါဖြင့် နေရာရှာ ထောက်လှမ်းမှု ပြုလုပ်နိုင်ခြင်း မရှိသည့် ကိုယ်ပျောက်စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။

ခေတ်မီ မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် နည်းပညာကို ရေတပ်ကပါ ပြောင်းလဲလက်ခံ အသုံးပြုလာသည့် သဘောမျိုး ဖြစ်ပြီး ယင်းတို့ကို အဝေးထိန်းစနစ်ဖြင့် စေညွှန်ထိန်းချုပ်နိုင်မည်ဟု သိရှိရသည်။

Read more http://www.planet.com.mm/news/read.cfm/id/21617
အမေရိကန်နှင့် ဗြိတိန် ရေတပ်တို့သည် မောင်းသူမဲ့ ကိုယ်ပျောက် ကင်းလှည့်ရေယာဉ်များကို စတင် အသုံးပြုရန် ခြေလှမ်းပြင်နေပြီ ဖြစ်သည်။ Eclipseဟု အမည်ပေးထားသော လှေငယ်များတွင် လက်နက် တပ်ဆင်ထားပြီး အဓိကအားဖြင့် ပင်လယ်ဓားပြဂိုဏ်းများကို ဖြိုခွင်းရာတွင် အသုံးပြုနိုင်ရန် ရည်ရွယ် ထားသည်။

အဆိုပါ ရေယာဉ်များ တည်ဆောက်ရာတွင် အသုံးပြုထားသော နည်းပညာအရ ရေဒါဖြင့် နေရာ ရှာ ထောက်လှမ်းမှု ပြုလုပ်နိုင်ခြင်း မရှိသည့် ကိုယ်ပျောက်စွမ်းရည်ကို ပိုင်ဆိုင် ထားသည်။

ခေတ်မီ မျိုးဆက်သစ် ကိုယ်ပျောက် တိုက်လေယာဉ်များတွင် အသုံးပြုထားသည့် နည်းပညာ ကို ရေတပ် ကပါ ပြောင်းလဲလက်ခံ အသုံးပြုလာသည့် သဘောမျိုး ဖြစ်ပြီး ယင်းတို့ကို အဝေးထိန်း စနစ်ဖြင့် စေညွှန် ထိန်းချုပ်နိုင်မည်ဟု သိရှိရသည်။
 
From...Planet Myanmar Network

No comments:

Post a Comment