Saturday 25 May 2013
"အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့ရှိ တပ်ဖွဲ့ဝင်တစ်ဦးမှအမျိုးသမီးတစ်ဦးအား သားမယားပြုကျင့်ကြောင်း ရက် ၂၀ ကြာပြီးမှ တိုင်တန်း၍ဖမ်းဆီးအရေးယူ"
ပုဇွန်တောင်မြို့နယ်၊ ရေကျော်ရပ်၊ မြောင်းကြီးလမ်း၊ အမှတ် (၆၉)နေ မ------၊ ၄၀နှစ်၊ (ဘ)ဦးရွှေထွန်း သည် ၄.၅.၂၀၁၃ ရက်နေ့နံနက် ၀၂၀၀ အချိန်နေအိမ်တွင်ရှိနေစဉ် သူမနှင့်ခင်မင် ရင်းနှီးပြီးနေအိမ် များ သို့ အပြန်အလှန်ဝင်ထွက်သွားလာနေသူ အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်ကြီး တင့်အောင်ဝင်း သည် သူမ၏ချစ်သူ သားသား(ခ)မျိုးသန့် (တပ်ကြပ်ကြီး တင့်အောင်ဝင်း နှင့်လည်းရင်းနှီးသူ) မှာ မူးနေ၍ သွားရောက် ခေါ်ရန်ဖုန်းဖြင့်ဆက်သွယ်ပြောဆိုကာ ခေါ်သဖြင့် ပုဇွန်တောင်မြို့နယ် မှ သာကေတ မြို့နယ်၊ ရှုခင်းသာ လမ်းရှိ တည်းခိုခန်းတစ်ခုသို့ အငှား ယာဉ်ဖြင့်လိုက်ပါလာခဲ့ရာ တည်းခိုခန်း သို့ရောက်ရှိစဉ် မ------၏ချစ်သူမှာအပေါ်ထပ်အခန်းတွင် ရှိနေကြောင်းပြောဆိုခေါ်ယူပြီး အပေါ်ထပ်ရှိ အခန်းတစ်ခန်း အတွင်းအရောက် သူမ၏ချစ်သူ မရှိကြောင်း သိရသဖြင့်ပြန်မည်ပြုရာ တပ်ကြပ်ကြီး တင့်အောင်ဝင်းမှ လက်အားလိမ်ချိုးကာ ဆောင့်တွန်းခဲ့၍ ဦးခေါင်းနှင့်အုတ်နံရံတို့တိုက်မိ ကာ ခေါင်းမူး သွားစဉ် သားမယားအဖြစ်ပြုကျင့်ခဲ့ပြီး သားသား(ခ) မျိုးသန့်အားပြန်ပြောလျှင် သတ်ပစ် မည်ဟုပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း မ------ မှအရေးယူပေးရန် အချင်းဖြစ်ပြီးရက် ၂၀ ကြာမှတိုင်စာဖြင့် တိုင်တန်း သဖြင့် တပ်ကြပ်ကြီး တင့်အောင်ဝင်းအား သာကေတမြို့မရဲစခန်း (ပ)၂၇၇/၂၀၁၃၊ပုဒ်မ ၃၇၆ ဖြင့်ဖမ်းဆီး အရေးယူ ထားရှိပါသည်။
ရဲတပ်ကြပ်ကြီးတင့်အောင်ဝင်းသည် ပြည်သူကို ဥပဒေနှင့်အညီ ကိုယ်တိုင်စောင့်ရှောက်ရမည့်တာဝန်ရှိ တပ်ဖွဲ့ဝင်တစ်ဦးဖြစ်သော်လည်း ကျင့်ဝတ်သိက္ခာ ကိုစောင့်ထိန်းမှုမရှိသောကြောင့် ရဲစည်းကမ်း ထိန်းသိမ်းရေးဥပဒေအရ ထိရောက်စွာပြစ်ဒဏ် ချမှတ်ဆောင်ရွက် သွားမည့်အပြင် နယ်ဘက် ဥပဒေဖြင့်လည်း ထိရောက်သောပြစ်ဒဏ် ရရှိရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
ရဲဇာနည်
1 comment:
    ReplyDelete