Tuesday 28 May 2013

ကန်စွန်းရွက် ၏ ကျန်းမာရေး အကျိုးကျေးဇူးများ

ကန်စွန်းရွက်၏ ကျန်းမာရေး အကျိုးကျေးဇူးများ

မြန်မာများ အစားအသောက် ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးနေ ကြသည့် ကန်စွန်းပင်၏ အိမ်သုံး တိုင်းရင်းဆေးဝါး အဖြစ် အသုံးပြုနိုင်သည့် စနစ်များကို ရေးသားဖော်ပြ လိုက်ပါသည်။ ကန်စွန်းကြီး၊ တရုတ်ကန်စွန်း၊ ကန်စွန်း ရိုးနီများကို မကြာခဏ စားသုံးတတ် ကြပါသည်။ အမှန် တကယ်တွင် သက်သာစေသည့် အပြင် စားသုံးရာတွင် လည်း အာဟာရ ဓာတ်ကိုဖြစ်လွယ်စေ ပါသည်။

မြန်မာ့စားသုံးမှုများ
ကန်စွန်းပင်ကို ငါးများ၊ ပုစွန်များ ဖြင့် အချိုဟင်း တစ်ခွက်အဖြစ် ချက် စားပေးခြင်း၊ ချဉ်ဖတ်နှင့် ပြုတ်၍ သနပ်စုံထည့်စားခြင်း၊ ပဲ၊ ငါး စသည် တို့နှင့် ငါးပေါင်းကြော်အဖြစ်လည်း ကြော်စားနိုင်ကြသည့်အပြင် အခြား ဟင်းရွက်များနှင့် ရောနှော၍ ချက်စား သုံးနိုင်ကြပါသည်။
အဆိပ်အတောက်ပြေစေသည့် ကန်စွန်းရွက်
ကန်စွန်းရွက်ကို မှိုထည့်၍ ချက်စား လေ့ရှိကြပါသည်။ ကန်စွန်းရွက်ကို ဟင်းလျာအဖြစ် စားသုံးကြသကဲ့ သို့ ကျန်းမာရေးကဏ္ဍတွင်လည်း ဆေးဝါး ဓာတ်စာအဖြစ် အသုံးဝင်စေပါသည်။
မြန်မာ့ဆေးကျမ်းများအဆို
ကန်စွန်းရွက်နှင့် ပက်သက်၍ မြန်မာ့ဆေးကျမ်းများထဲတွင် တိုင်းရင်း ဆေးဖက်ဝင် အာနိသင် ရှိပုံများကို အကျယ်တဝင့် ဖော်ပြထားသည့် အနက် ဥတုဘောဇန သင်္ဂဟ ကျမ်းတွင် ရေးသားဖော်ပြချက်များကို လက်ဖတ်ရှုနိုင်ကြစေရန်တင်ပြလိုက်ရပါသည်။ ကန်စွန်းရွက်သည် ချို၏၊ နို့ရည်၊ သုက်တို့ကို ပွားများစေ၏၊ ရှုတော်မူ ဆေးကျမ်းနှင့် ရသဓာတုကျမ်းတွင် ကန်စွန်းရွက်သည် ဝမ်းမီးကို ဖြောင့် စေခြင်း၊ ငန်းမန်းကြေခြင်း၊ သုက်ကို ပွားစေခြင်း၊ ရူးသောအနာ၊ သည်းခြေ နှင့် ယှဉ်သောအနာ၊ အဆိပ်အတောက် အမျိုးမျိုး၊ သွေးကင်း၊ လေကင်း၊ အပုပ် ကင်း၊အဖျားကင်းစသည်တို့ကိုကုသရာ တွင်အသုံးဝင်ကြောင်း ကိုဖော်ပြထားပါသည
ရေနွေးနှင့် မီးလောင်နာ
မိသားစုဝင်များတွင် မကြာခဏ တွေ့ကြုံရတတ်သော ကျန်းမာရေး ပြဿနာအချို့မှာ ရေနွေး ပူလောင် ခြင်းနှင့် မီး ပူလောင်ခြင်းတို့ပင် ဖြစ်ကြ ပေသည်။ ခြေ၊ လက်တို့တွင်လောင် ခြင်း၊ မီးလောင်နာ ကဲ့သို့ အဖုများထပါ က ကန်စွန်းရွက်ကြိတ်ရည်ကို လိမ်း ပေးနိုင်ပါသည်။ ကန်စွန်းရွက်ကြိတ် ညှစ်ရည်နှင့် အိမ်သုံးသကြားတို့ကို လိမ်းပေးခြင်းဖြင့်လည်း အဖုထစေခြင်း ဖြစ်ပေါ်မှုကို ကင်းဝေးစေနိုင်ပါသည်။
မျက်စဉ်းဆေးရည်
ကြိတ်ညှစ်ရည်ကို သားဖွားမိခင်၏ နို့ရည်ဖြင့် ဖျော်စပ်၍ မျက်စဉ်း ဆေးရည်အဖြစ် ခတ်ပေးခြင်းဖြင့် မျက်ခမ်းစပ်နာ၊ မီးယပ်မျက်စိနာ၊ ရိုးရိုး မျက်စိနာ၊ မျက်စိမှုန် ဝါးဝါး ဖြစ်ပေါ် နေသော ဝေဒနာတို့ကို ကုသဆေး အဖြစ် အသုံးပြုနိုင်ကြပါသည်။
အကြောတက်ခြင်းနှင့် ကန်စွန်းရွက်
မကြာခဏ ဇက်ကြောတက်ကြ သူများ၊ ဇက်တောင့်တင်းခြင်း၊ ကိုယ် ငွေ့ နွေးနွေးနှင့် ဖျားချင်သကဲ့သို့ ခံစား ရပြီဆိုလျှင်၊ ကိုယ်လက်များ လေးလံ ခြင်း၊ ချွေးငုပ်ခြင်း လက္ခဏာများ ခံစားရပါလျှင် ကန်စွန်းရွက် ကြိတ် ညှစ်ရည်ထဲသို့ ပရဆေးဆိုင်မှ သိန္ဓော ဆားအနည်းငယ်မျှကို ဝယ်၍ ရော စပ်ပါ။ ထိုဆေးရည်ကို လူကြီးဆေး တစ်ခွက်စာအဖြစ် ဟင်းစားစတီးဇွန်း တစ်ဇွန်းစာကို နံနက်တစ်ကြိမ်၊ နေ့ လယ် တစ်ကြိမ်၊ ညတစ်ကြိမ်၊တစ်နေ့ သုံးကြိမ်တိုက်ကျွေးပေးနိုင်ပါသည်။ အထက်ပါ ဝေဒနာ၏ လက္ခဏာများ အတွက် ဤဆေးရည် တစ်စက်ခန့်ကို သန့်ရှင်းသောရေ ဆယ်စက်နှင့် ရောစပ်၍ မျက်စဉ်းဆေးရည် အဖြစ် ပေးနိုင် ပါ သည်။
ဆေးမှားဖြေဆေး ကန်စွန်းရွက်ရည်
မြန်မာ့တိုင်းရင်းဆေးဝါးများ အနက် သမားကိုင် ဆေးဝါးအချို့တို့ တွင် စိန်အစရှိသည့် ဓာတ်ဆေးများ ကို အသုံးဖော်စပ်ထားကြပါသည်။ အဆိုပါ ဆေးဝါးများကို သုံးဆောင်နေ စဉ်အတွင်း လူနာမှာ သံပရာရည်တစ် ခွက်ကို သောက်မိစေခြင်းဖြင့် စိန်၏ အဆိပ်အတောက်ကို ဖြစ်ပေါ်စေနိုင် ပါသည်။ ထိုသို့လက္ခဏာများ တွေ့ရှိ ပါက လတ်ဆတ်သန့်ရှင်းသော ကန်စွန်း ရွက်ကိုထုထောင်း၍ အရည်နှင့် အဖတ် တို့ကို တိုက်ကျွေးပေးခြင်းဖြင့် အဆိပ် အတောက်များကို ပြေစေနိုင်ပါသည်။
ဟင်းလျာတစ်ခွက် ကျန်းမာရေးအတွက်
လတ်ဆတ်သည့် ကန်စွန်းရိုးနီ၊ ရွက်လှပန်း၊ လိန်ရွက်တို့ကို ရေနွေး ဖျောပြီး ဓားနှင့် ပါးပါးလှီးဖြတ် တောက်၍ ငါးကျည်းခြောက်၊ ငရုတ် သီး၊ ကြက်သွန်နီ၊ ဆီ၊ ဆားတို့ကို ထည့်၍ သံပရာရည်ဆမ်းကာ အသုပ်တစ်ပွဲအဖြစ် မကြာခဏစားသုံးပေး ခြင်းအားဖြင့် အူလမ်းကြောင်း တွင် ဖြစ်ပေါ်စေနိုင်သော ဝမ်းကိုက်ရောဂါ၊ သွေးဝမ်းကိုက်ရောဂါ၊ အမျိုးသမီးတို့ တွင် ဖြစ်ပေါ်စေ တတ်သော မီးယပ် သွေးပုပ်ကျန်သောရောဂါ၊ မီးယပ် သွေးမမှန်သောရောဂါ၊ အမျိုးသမီးများ သားအိမ်လျှောကျသော ရောဂါ၊ နည်းပါးခြင်း၊ ဇက်ကြောထိုးခြင်း၊ ဇက်ကြောတက်ခြင်း၊ ချောင်းဆိုးခြင်း၊ အသားအရေနှင့် ပတ်သက်သော အရေပြားရောဂါများ၊ အသံဝင်၊ အသံ ပျက်ရောဂါအပြင် ဆီးအိမ်နှင့် ပတ်သက်သော ရောဂါတို့တွင် ကုသ ဆေးအဖြစ် အသုံးဝင်စေပါသည်။
ဝမ်းဗိုက်ရောဂါကု ဆေးဝါး ဓာတ်စာ
တစ်ခါတစ်ရံတွင် လူကြီးများ အစားမှားခြင်းကြောင့် ဝမ်းဗိုက်တွင် မအီမသာဖြစ်စေခြင်း၊ မစားချင် မသောက်ချင် ခံတွင်းပျက်ခြင်း၊ နေရထိုင်ရ အခက်အခဲတွေ့ခြင်းနှင့် ကိုယ်လက်များ ယားယံပါက ကန်စွန်း ရွက်နှင့် ထန်းလျက်တို့ကို ဆတူကြိတ်ပါ။ ကြိတ်ပြီးသားများကို ဟင်းစား စတီးဇွန်း တစ်ဝက်စာခန့်ကို နံနက် တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် စားသုံး ပေးခြင်းဖြင့် အစားအစာများ မှား ယွင်းမှုကြောင့်ဖြစ်ပေါ်လာသော ကျန်း မာရေး ပြဿနာတို့ကို ပယ်ဖျက်ပေးပြီး ပကတိအတိုင်း ကျန်းမာမှု ကို ပြန်လည် ရရှိစေနိုင်ပါသည်။
ကျန်းမာရေး
ကန်စွန်းရွက်ကို မကြာခဏ စားသုံးပေးခြင်းအားဖြင့် ကျန်းမာမှုကို မြင့်မားစေနိုင်ပါသည်။ ခွန်အားဗလတို့ ကို တိုးတက်စေနိုင်ခြင်း၊ ဝမ်းတွင်း ရောဂါဝေဒနာတို့ကို သန့်စင်ပေးနိုင် ခြင်း၊ အပူဒဏ်များ၊ အအေးဒဏ် များ ကို ခံနိုင်ရည်ရရှိစေခြင်း၊ မောပန်းမှု များကို ခံနိုင်ရည် ရရှိစေခြင်း၊ အအိပ် ပျက်ခြင်း၊ အစား ပျက်ခြင်း၊ ရောဂါ တစ်စုံတစ်ရာ လွယ်ကူစွာ ဝင်ရောက် မှုတို့ကို တားဆီးကာကွယ်စေရန် ကန်စွန်းပင် စားသုံးခြင်းဖြင့် ကျန်းမာ သုခကို ရရှိနိုင်ကြပါစေဟု ဆန္ဒပြု ရေးသားဖော်ပြလိုက်ပါသည်။
 YOYARLAY

No comments:

Post a Comment