Tuesday 28 May 2013

ဘိုင်ယန်သို့ လီဝင်ဒေါစကီး ပြောင်းရွှေ့ရန် သေချာသလောက် ရှိကြောင်း အေးဂျင့် အတည်ပြု

ဘိုင်ယန်သို့ လီဝင်ဒေါစကီး ပြောင်းရွှေ့ရန် သေချာသလောက် ရှိကြောင်း အေးဂျင့် အတည်ပြု  
==================================== 
Tuesday, 28 May 2013 19:20


ဘိုရပ်ရှားဒေါ့တ်မန် အသင်း၏ တိုက်စစ်မှူး ရောဘတ် လီဝင်ဒေါစကီး အနေဖြင့် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ် ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။


၎င်း၏ အေးဂျင့်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဒေါ့တ်မန်တို့ အရေးနိမ့်ခဲ့သည့် ပြည်တွင်း ခါးသီး ပြိုင်ဘက်ထံ ပိုလန် လက်ရွေးစင် ပြောင်းရွှေ့ရန် အသင့် အနေအထားဟု အတည်ပြု ပြောကြားခဲ့သည်။ အေးဂျင့် ဆီဇာရီ ကူချာစကီက "လီဝင်ဒေါစကီးဟာ ဒီနွေရာသီမှာ ဘိုင်ယန်ကို ပြောင်းပါမယ်။ ဘိုင်ယန်ကို မပြောင်းပါဘူးလို့ ဘာကိစ္စနဲ့မှ ဖုံးကွယ် ဟန်ဆောင် နေစရာ မလိုဘူးလေ။ လီဝင်ဒေါစကီးက အသင်းက ထွက်ချင်တယ်။ ပြီးရင် ဒါတွေ ဖြစ်လာမှာပဲ" ဟု မှတ်ချက်ပြု သွားခဲ့သည်။

[ဘိုင်ယန်သို့ ပြောင်းရွှေ့ဖွယ် ရှိသည့် လီဝင်ဒေါစကီး]
၎င်းက "ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်။ လီဝင်ဒေါစကီးက စိန်ခေါ်မှု အသစ်တွေကို လိုချင်တယ်။ သူ့ဘေးမှာ နည်းပြသစ်၊ စိတ်ဓာတ်မြှင့်တင်မှုသစ်၊ ကစားဖော်သစ်တွေ ရှိနေစေချင်တယ်။ ကျွန်တော်တို့ စိတ်ကူးက ရှင်းပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော်တို့ ဘယ်အသင်းနဲ့မှ စာချုပ်မထားဘူး" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်...
အသက်(၂၄)နှစ်ရှိ ကစားသမားကို ဘိုင်ယန်ထံ လက်လွှဲပေးရခြင်းသည် ဒေါ့တ်မန်အတွက် တတိယမြောက် ထိုးနှက်မှုသဖွယ် ဖြစ်လာနိုင်သည်။ ၎င်းတို့၏ အဓိက ကစားသမား တစ်ဦးဖြစ်သော တက်သစ်စ ကွင်းလယ် တိုက်စစ်သမားလေး မာရီယို ဂေါ့ဇီမှာလည်း ခါးသီးလှသည့် ပြိုင်ဘက်အသင်းထံ နွေရာသီတွင် ပြောင်းရွှေ့ရန် ကြိုတင် သဘောတူညီထားသလို စနေနေ့ ညပိုင်းကလည်း ဝင်ဘလေတွင် ဒေါ့တ်မန်တို့ ဘိုင်ယန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ဆုဖလားကြီးနှင့် လက်တစ်ကမ်း အကွာမှ လှည့်ပြန်ခဲ့ရသည်။

Ref: Sky Sports
ဘိုရပ်ရှားဒေါ့တ်မန်အသင်း၏ တိုက်စစ်မှူး ရောဘတ်လီဝင်ဒေါစကီးအနေဖြင့် ဘိုင်ယန်မြူးနစ်သို့ အပြီးသတ် ပြောင်းရွှေ့ရန် သေချာသလောက် ရှိနေပြီဟု သိရသည်။
၎င်း၏ အေးဂျင့်က ချန်ပီယံလိဂ် ဗိုလ်လုပွဲတွင် ဒေါ့တ်မန်တို့ အရေးနိမ့်ခဲ့သည့် ပြည်တွင်း ခါးသီး ပြိုင်ဘက် ထံ ပိုလန်လက်ရွေးစင် ပြောင်းရွှေ့ရန် အသင့် အနေအထားဟု အတည်ပြု ပြောကြား ခဲ့သည်။ အေးဂျင့် ဆီဇာရီ ကူချာစကီက "လီဝင်ဒေါစကီးဟာ ဒီနွေရာသီမှာ ဘိုင်ယန်ကို ပြောင်းပါမယ်။ ဘိုင်ယန်ကို မပြောင်းပါဘူးလို့ ဘာကိစ္စနဲ့မှ ဖုံးကွယ် ဟန်ဆောင် နေစရာ မလိုဘူးလေ။ လီဝင်ဒေါစကီးက အသင်းက ထွက်ချင်တယ်။ ပြီးရင် ဒါတွေ ဖြစ်လာမှာပဲ" ဟု မှတ်ချက်ပြု သွားခဲ့သည်။

[ဘိုင်ယန်သို့ ပြောင်းရွှေ့ဖွယ် ရှိသည့် လီဝင်ဒေါစကီး]
၎င်းက "ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ်အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြမှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်။ လီဝင်ဒေါစကီးက စိန်ခေါ်မှု အသစ်တွေကို လိုချင်တယ်။ သူ့ဘေးမှာ နည်းပြသစ်၊ စိတ်ဓာတ်မြှင့်တင်မှုသစ်၊ ကစားဖော်သစ်တွေ ရှိနေစေချင်တယ်။ ကျွန်တော်တို့ စိတ်ကူးက ရှင်းပါတယ်။ ဒါပေမဲ့ လောလော ဆယ်တော့ ကျွန်တော်တို့ ဘယ်အသင်းနဲ့မှ စာချုပ်မထားဘူး" ဟုလည်း ဆက်လက် ပြောဆိုသွားသည်။

ဘယ်အချိန်လဲ ဆိုတာကိုပဲ ကြည့်ရမယ်။ လာမယ့် တစ်ပတ်အတွင်း၊ ဒါမှမဟုတ်လည်း နှစ်ပတ်၊ သုံးပတ် အတွင်း ကိစ္စတွေ အပြတ်ဖြတ်နိုင်ဖို့ လိုပါတယ်။ ကျွန်တော်တို့က ကလပ်အသင်းဘက်က အချက်ပြ မှုကို စောင့်နေတယ်။ ကိုယ့်ဘက်ကတော့ လုပ်စရာရှိတာ လုပ်ထားပါတယ်...
အသက်(၂၄)နှစ်ရှိ ကစားသမားကို ဘိုင်ယန်ထံ လက်လွှဲပေးရခြင်းသည် ဒေါ့တ်မန်အတွက် တတိယမြောက် ထိုးနှက်မှုသဖွယ် ဖြစ်လာနိုင်သည်။ ၎င်းတို့၏ အဓိက ကစားသမား တစ်ဦးဖြစ်သော တက်သစ်စ ကွင်းလယ် တိုက်စစ်သမားလေး မာရီယို ဂေါ့ဇီမှာလည်း ခါးသီးလှသည့် ပြိုင်ဘက် အသင်း ထံ နွေရာသီတွင် ပြောင်းရွှေ့ရန် ကြိုတင် သဘောတူညီထားသလို စနေနေ့ ညပိုင်းကလည်း ဝင်ဘလေ တွင် ဒေါ့တ်မန်တို့ ဘိုင်ယန်ကို အရေးနိမ့်ကာ ချန်ပီယံလိဂ် ဆုဖလားကြီးနှင့် လက်တစ်ကမ်း အကွာမှ လှည့်ပြန်ခဲ့ရသည်။

Ref: Sky Sports

No comments:

Post a Comment