Wednesday 1 May 2013

ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ၊ အခြေအနေမှာ တင်းမာဆဲဖြစ်

 
ဥက္ကံမြို့တွင် မွတ်စလင် အမျိုးသမီးတစ်ဦးနှင့် ကိုရင်တစ်ပါးတို့ ဝင်တိုက်မိရာမှ ဖြစ်ပွားခဲ့သော ပဋိပက္ခကြောင့် ကိုးဦး ဒဏ်ရာရရှိ၊ အခြေအနေမှာ တင်းမာဆဲဖြစ်
 Wednesday,  May 01 ,2013 

ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီးလမ်းအတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ်ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်းငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်၌ သီတင်းသုံး နေထိုင်သည့် ကိုရင် အရှင်ပုည (၁၁ နှစ်) ဘ-ဦးမျိုးသည် ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မ၀င်းဝင်းစိန် (၃၄နှစ်) နှင့် ၀င်ရောက်တိုက်မိပြီး သပိတ်လွတ်ကျကာ အဖုံး ကျကွဲသွားသည်။ ယင်းအတွက် အချင်းများကြရာမှ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင် (၆၂နှစ်) သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး မ၀င်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ဗုဒ္ဓဘာသာဝင် ၂၀၀ ဦးခန့်မှ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာကာ လူ ၁၀ ဦးခန့်မှ အုတ်နီခဲများဖြင့် ပစ်ပေါက် ထွက်ပြေးသွားကြသည်။ ထို့အတွက် ဗလီရှေ့ရှိ ၃×၃ ပေခွဲခန့်ရှိ မှန် ၆ ချပ် ကွဲသွားပြီး လျှပ်စစ်မီတာပုံး နှစ်ပုံးကျိုးပဲ့ ပျက်စီးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်က ဈေးအနီးဆိုင်ခန်း ၂၅ ခန်းအတွင်းရှိ ပစ္စည်းများကို လူ ၂၅ ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ကြသည်။ ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့မှ သေနတ်လေးချက် ခြောက်လှန့် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။

မြို့ပေါ် ဒေသခံအချို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံအချို့က ဥက္ကံမြို့ပေါ်ရှိ ဗလီအချို့၊ ဆိုင်ခန်းများနှင့် နေအိမ်များအား အုပ်စုဖွဲ့ ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း ဥက္ကံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ပြောကြားခဲ့သည်။
မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ရောက်ရှိလာပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲဇာနည် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းနောက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက် လယ်ကွင်းထဲရှိ ကောက်ရိုးပုံအနီးတွင် ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရှိရသဖြင့် ဆေးကုသနိုင်ရေး တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဥက္ကံမြို့နယ်အတွင်းရှိ ကျွဲပုန်းကြီး၊ ကျွဲပုန်းလေး၊ ပနီပင်ကျေးရွာတို့တွင် မီးလောင်ကျွမ်းမှုများရှိခဲ့ပြီး ည ၇ နာရီထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ အဆိုပါဒေသသို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က သတင်းပေးပို့သည်။
ည ၇ နာရီ အချိန်ထိ မီးလောင်မှုအား ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းပဋိပက္ခဖြစ်စဉ်အတွင်း မွတ်စလင်နေ အိမ်အချို့အတွင်းမှ လှောင်ထားသော ဓာတ်ဆီများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဒေသ(၂) ရဲကွပ်ကဲမှု ဌာနစုမှူး ရဲမှူးကြီးဇော်ထွန်းအောင်က ''ပြဿနာက ဘာမှမဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ဥပဒေဘောင်ထဲကပဲ သည်းခံပြီး ဖြေရှင်းသင့်တယ်'' ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုနှင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုအား ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်သူများကို လိုက်လံဖမ်းဆီး ထိန်းသိမ်းလျက်ရှိကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ကိုးဦးရှိပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန် ဒဏ်ရာရရှိသူ ခြောက်ဦးကို ဥက္ကံတိုက်နယ် ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ '' ၆ နာရီ ၄၅ မိနစ်လောက်မှာ ဥက္ကံမြို့ပေါ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကျေးရွာတွေဘက်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရ၀င်းနိုင်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဥက္ကံမြို့တွင် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောကြားခဲ့သည်။
ဥကံ္ကဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း၊ ၎င်းတို့အနက် ရှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း၊ ကျန်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေနေကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဥက္ကံမြို့၏ ပဋိပက္ခအခြေအနေမှာ တည်ငြိမ်မှု ရရှိသွားပြီဖြစ်ကြောင်း ည ၈ နာရီတွင် ထုတ်လွှင့်သည့် နိုင်ငံပိုင် မြန်မာ့ရုပ်မြင်သံကြားသတင်းအရ သိရသည်။
''ကျွန်တော်က ဥက္ကံမြို့မှာ နေလာတာ မွေးကတည်းကပါ။ ဖြစ်စဉ်ဖြစ်ပွားတုန်းက ၀င်ရောက်ဖျက်ဆီးသူတွေထဲမှာ ကျွန်တော်မသိတဲ့လူတွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်အထင်ကတော့ မြို့ခံအချို့နဲ့ ကျေးရွာတွေက ဒေသခံအများစုလို့ ထင်ပါတယ်''ဟု ဥက္ကံဈေးရှေ့တွင် ကုန်စိမ်းရောင်းချသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတိုင်း တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က    ''အခုချိန်ထိတော့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေရတုန်းပါပဲ။ လက်ရှိအချိန်မှာ မြို့ပေါ်ကျေးရွာတွေအားလုံး တည်ငြိမ်နေပါသေးတယ်''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ''ကျွန်တော်တို့အနေနဲ့ မြို့နယ်တစ်ခုလုံးမှာ ရဲတပ်ဖွဲ့ဝင်အင်အား ၄၀၀ ကျော်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၀ နာရီအချိန်က စပြီး အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတဲ့သူတွေနဲ့ နောက်ကွယ်က လူတွေကို စတင်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါပြီ''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်က Eleven Media Group သို့ ပြောသည်။

Eleven Media Group


ပဋိပက္ခဖြစ်စဉ်ကြောင့် ဥက္ကံမြို့တွင်းရှိ အပျက်အစီးများကို ဧပြီ  ၃၀  ရက်  ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ဧပြီ ၃၀ ရက် နံနက် ၉ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ဥက္ကံမြို့ဈေးတောင်ဘက် ဘုရားကြီး လမ်း အတွင်းမှ ဗုဒ္ဓဘာသာဝင် ကိုရင်တစ်ပါးနှင့် မွတ်စလင် အမျိုးသမီးတစ်ဦး မတော်တဆ တိုက်မိပြီး သပိတ်ပြုတ် ကျရာမှ စတင်ခဲ့သော ပဋိပက္ခကြောင့်ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဗလီတစ်လုံး အနည်း ငယ်ပျက်စီးကာ ဆိုင်ခန်း ၂၅ ခန်းရှိ ပစ္စည်းများ လမ်းမပေါ်သို့ ဆွဲချခံခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဖြစ်စဉ်မှာ ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် ဆင်ဖြူရှင်ရပ်ကွက်၊ အလံတိုင်ကျောင်းတိုက်၌ သီတင်း သုံး နေထိုင်သည့် ကိုရင် အရှင်ပုည (၁၁ နှစ်) ဘ-ဦးမျိုးသည် ဆွမ်းခံကြွလာစဉ် ဈေးဝယ်လာသူ မ၀င်းဝင်းစိန် (၃၄နှစ်) နှင့် ၀င်ရောက်တိုက်မိပြီး သပိတ်လွတ်ကျကာ အဖုံး ကျကွဲသွားသည်။ ယင်းအတွက် အချင်းများကြရာမှ အလံတိုင်ကျောင်းတိုက် ကျောင်းအကျိုးတော်ဆောင် ဦးလှိုင်တင် (၆၂နှစ်) သည် တိုက်ကြီးရဲစခန်းသို့ ရောက်ရှိလာပြီး မ၀င်းဝင်းစိန်ကို အရေးယူပေးရန် တိုင်ကြား၍ ဥက္ကံရဲစခန်းမှ (ပ)၁၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ ၂၉၅ ဖြင့် အမှုဖွင့် အရေးယူခဲ့သည်။

အဆိုပါ ဖြစ်စဉ်အပေါ် မကျေနပ်သည့် ဗုဒ္ဓဘာသာဝင် ၂၀၀ ဦးခန့်မှ မွန်းလွဲ ၁ နာရီ ခွဲခန့်တွင် ဥက္ကံမြို့ အနော်ရထာရပ်ကွက်ရှိ ဈေးဗလီသို့ ရောက်ရှိလာကာ လူ ၁၀ ဦးခန့်မှ အုတ်နီခဲများဖြင့် ပစ်ပေါက် ထွက်ပြေး သွားကြသည်။ ထို့အတွက် ဗလီရှေ့ရှိ ၃×၃ ပေခွဲခန့်ရှိ မှန် ၆ ချပ် ကွဲသွားပြီး လျှပ်စစ် မီတာ ပုံး နှစ်ပုံးကျိုးပဲ့ ပျက်စီးသွားကြောင်း၊ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သိရ သည်။

ယင်းနောက် မွန်းလွဲ ၂ နာရီခွဲခန့်က ဈေးအနီးဆိုင်ခန်း ၂၅ ခန်းအတွင်းရှိ ပစ္စည်းများကို လူ ၂၅ ဦးခန့်မှ လမ်းမပေါ်သို့ ဆွဲချခဲ့ကြသည်။ ထို့ကြောင့် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် အခြေအနေကို ထိန်းသိမ်းနိုင်ရန် မြို့နယ်ရဲတပ်ဖွဲ့မှူးအဖွဲ့မှ သေနတ်လေးချက် ခြောက်လှန့် ပစ်ဖောက်ခဲ့ရကြောင်း သိရသည်။

မြို့ပေါ် ဒေသခံအချို့နှင့် ပတ်ဝန်းကျင် ကျေးရွာများရှိ ဒေသခံအချို့က ဥက္ကံမြို့ပေါ်ရှိ ဗလီအချို့၊ ဆိုင်ခန်းများနှင့် နေအိမ်များအား အုပ်စုဖွဲ့ ၀င်ရောက်ဖျက်ဆီးခဲ့ကြောင်း ဥက္ကံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ပြောကြားခဲ့သည်။
မွန်းလွဲ ၃ နာရီ အချိန်တွင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၊ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့ရောက်ရှိလာပြီး နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့ရာ ၃ နာရီ ၁၀ မိနစ်အချိန်တွင် အခြေအနေအားလုံး ထိန်းသိမ်းနိုင်ခဲ့ကြောင်း ရဲဇာနည် ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ယင်းနောက် ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဥက္ကံမြို့ပြင်၊ မင်းရဲကျော်စွာရပ်ကွက် လယ်ကွင်းထဲ ရှိ ကောက်ရိုး ပုံအနီးတွင် ဒဏ်ရာရရှိသူနှစ်ဦးကို တွေ့ရှိရသဖြင့် ဆေးကုသနိုင်ရေး တိုင်းဒေသကြီး ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ ဆေးရုံသို့ ပိုဆောင်ပေးခဲ့ကြောင်းနှင့် ပြစ်မှုကျူးလွန်သူများကို ဥပဒေအရ ဖော်ထုတ်အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဥက္ကံမြို့နယ်အတွင်းရှိ ကျွဲပုန်းကြီး၊ ကျွဲပုန်းလေး၊ ပနီပင်ကျေးရွာတို့တွင် မီးလောင် ကျွမ်းမှု များရှိခဲ့ပြီး ည ၇ နာရီထိ မီးငြှိမ်းသတ်နေရဆဲဖြစ်ကြောင်း၊ အဆိုပါဒေသ သို့ ရောက်ရှိနေသော Eleven Media Group သတင်းထောက်က သတင်းပေးပို့သည်။
ည ၇ နာရီ အချိန်ထိ မီးလောင်မှုအား ထိန်းသိမ်းနိုင်ခြင်း မရှိသေးကြောင်းနှင့် ယင်းပဋိပက္ခဖြစ်စဉ်အတွင်း မွတ်စလင်နေ အိမ်အချို့အတွင်းမှ လှောင်ထားသော ဓာတ်ဆီများကို သိမ်းဆည်းနိုင်ခဲ့ကြောင်း တိုက်ကြီးမြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ဒေသ(၂) ရဲကွပ်ကဲမှု ဌာနစုမှူး ရဲမှူးကြီးဇော်ထွန်းအောင်က ''ပြဿနာက ဘာမှမဖြစ်တာ အကောင်းဆုံးပေါ့။ ဖြစ်ရင်လည်း တစ်ယောက်နဲ့ တစ်ယောက် ဥပဒေဘောင်ထဲကပဲ သည်းခံပြီး ဖြေရှင်းသင့်တယ်'' ဟုပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပဋိပက္ခဖြစ်ပွားမှုနှင့် အုပ်စုဖွဲ့ ဖျက်ဆီးမှုအား ကျူးလွန်ခဲ့သည်ဟု ယူဆရသည့်သူများကို လိုက်လံဖမ်းဆီး ထိန်းသိမ်းလျက်ရှိကြောင်း ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်ကြောင့် ဒဏ်ရာရသူ ကိုးဦးရှိပြီး ဒဏ်ရာပြင်းထန်သူ သုံးဦးအား ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်းနှင့် ကျန် ဒဏ်ရာရရှိသူ ခြောက်ဦးကို ဥက္ကံတိုက်နယ် ဆေးရုံတွင် ကုသပေးလျက်ရှိကြောင်း သိရသည်။ '' ၆ နာရီ ၄၅ မိနစ်လောက်မှာ ဥက္ကံမြို့ပေါ်ကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ကျေးရွာတွေဘက်ကိုတော့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေပါတယ်''ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး သူရ၀င်းနိုင်က Eleven Media Group သို့ ပြောကြားခဲ့သည်။
ထို့ပြင် ဥက္ကံမြို့တွင် ဒေသန္တရအမိန့် ပုဒ်မ ၁၈၈ ထုတ်ပြန်ထားကြောင်း ၎င်းက ဆက်လက် ပြောကြား ခဲ့သည်။
ဥကံ္ကဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူ ၁၀ ဦးရှိကြောင်း၊ ၎င်းတို့အနက် ရှစ်ဦးမှာ စိုးရိမ်ဖွယ် အခြေအနေ မရှိကြောင်း၊ ကျန်နှစ်ဦး၏ ဒဏ်ရာရရှိမှု အခြေနေကို ထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ဥက္ကံမြို့၏ ပဋိပက္ခ အခြေ အနေ မှာ တည်ငြိမ်မှု ရရှိသွားပြီဖြစ်ကြောင်း ည ၈ နာရီတွင် ထုတ်လွှင့် သည့် နိုင်ငံပိုင် မြန်မာ့ ရုပ်မြင် သံကြားသတင်းအရ သိရသည်။
''ကျွန်တော်က ဥက္ကံမြို့မှာ နေလာတာ မွေးကတည်းကပါ။ ဖြစ်စဉ်ဖြစ်ပွားတုန်းက ၀င်ရောက် ဖျက်ဆီး သူတွေထဲမှာ ကျွန်တော်မသိတဲ့လူတွေ အများကြီးတွေ့ရတယ်။ ကျွန်တော့်အထင်ကတော့ မြို့ခံ အချို့နဲ့ ကျေးရွာတွေက ဒေသခံအများစုလို့ ထင်ပါတယ်''ဟု ဥက္ကံဈေးရှေ့တွင် ကုန်စိမ်းရောင်းချသူ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး ဒုတိယ ရဲတိုင်း တပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်လွင်က ''အခုချိန်ထိတော့ လုံခြုံရေးကို တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေရတုန်းပါပဲ။ လက်ရှိအချိန်မှာ မြို့ပေါ်ကျေးရွာတွေ အားလုံး တည်ငြိမ်နေပါသေးတယ်''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
ဥက္ကံမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မောင်က ''ကျွန်တော်တို့အနေနဲ့ မြို့နယ်တစ်ခုလုံးမှာ ရဲတပ်ဖွဲ့ဝင် အင်အား ၄၀၀ ကျော်နဲ့ ဆောင်ရွက်နေတယ်။ ည ၁၀ နာရီအချိန်က စပြီး အုပ်စုလိုက်ဖွဲ့ပြီး ဖျက်ဆီးတဲ့ သူတွေနဲ့ နောက်ကွယ်က လူတွေကို စတင်ဖမ်းဆီးမှုတွေ ပြုလုပ်နေပါပြီ''ဟု ဧပြီ ၃၀ ရက် ည ၁၁ နာရီ ၁၅ မိနစ်က Eleven Media Group သို့ ပြောသည်။

Eleven Media Group

ပဋိပက္ခဖြစ်စဉ်ကြောင့် ဥက္ကံမြို့တွင်းရှိ အပျက်အစီးများကို ဧပြီ ၃၀ ရက် ညနေပိုင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-၀င်းမြင့်ကျော်)

No comments:

Post a Comment