Tuesday 16 April 2013

မြန်မာ ဖုန်းလုပ်ငန်း လိုင်စင် အတွက် ကုမ္ပဏီ ၁၂ ခုကို စကာ တင်ရွေးပြီ

Photo: မြန်မာ ဖုန်းလုပ်ငန်းလိုင်စင်အတွက် ကုမ္ပဏီ ၁၂ ခုကို စကာတင်ရွေးပြီ

Tuesday, April 16, 2013

မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေ

မှာ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်နှစ်ခုထုတ်ပေးဖို့ တင်ဒါဆင့်ခေါ်လိုက်ပြီးအဲ

ဒီထဲက ကုမ္ပဏီ ၁၂ ခုကို စကာတင် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီ တွေကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရေး

အတွက် လှုပ်ရှားသူတွေကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့မှုတွေ လုပ်တဲ့ ကုဋေကြွယ် သူဌေး George Soros နဲ့ နီးစပ်တဲ့ Digicel, အန္ဒိယနိုင်ငံက Bharti Airtel, China Mobile, ဂျပန်ရဲ့ KDDI၊ အာဖရိက MTN, စင်္ကာပူ တယ်

လီကွန်မြူနီကေးရှင်း၊ Axiata Group, Millicom International Cellular, Qatar

Telecom, Viettel Group နဲ့ နော်ဝေးရဲ့ Telenor SA တို့ ဖြစ်ကြပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့ လျောက်လွှာတွေကို ဂျွန်လ

၃ ရက် မတိုင်ခင် ထပ်မံပေးပို့ရမှာဖြစ်ပြီး ဂျွန်လ ၂၇ ရက်လောက်မှာတော့ ဘယ်သူ့ကို လုပ်ခွင့် လိုင်စင် ပေးမလဲဆိုတာကို မြန်မာက ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။

မြန်မာအစိုးရက ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်သစ် နှစ်ခု ချပေးဖို့ရှိပြီး

မြန်မာနိုင်ငံမှာ လူဦးရေ ၁၀ % လောက်သာ မိုဘိုင်းဖုန်းကိုင်နိုင်သေးတဲ့

အဆင့် ရှိတဲ့အတွက် ဒီကဏ္ဍမှာ စီးပွားရေးလုပ်ဖို့ အများကြီးအခွင့်အလမ်း

ရှိတယ်လို့ ရှုမြင်နေကြတာကြောင့် လုပ်ခွင့်လိုင်စင်ရဖို့ အလုအယက်

လျောက်ထားကြတာ ဖြစ်ပါတယ်။

ABC Radio Australia

Myawady News
မြန်မာနိုင်ငံမှာ တယ်လီဖုန်းနဲ့ အင်တာနက်ဆက်သွယ်ရေးဆိုင်ရာကိစ္စတွေမှာ လုပ်ပိုင်ခွင့် လုပ်ငန်းလိုင်စင်နှစ်ခုထုတ်ပေးဖို့ တင်ဒါဆင့်ခေါ်လိုက်ပြီးအဲဒီထဲက ကုမ္ပဏီ ၁၂ ခုကို စကာတင် ရွေးချယ်ထားပြီး ဖြစ်ပါတယ်။

စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီ တွေကတော့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရေးအတွက် လှုပ်ရှားသူတွေကို နှစ်ပေါင်းများစွာ ကူညီထောက်ပံ့မှုတွေ လုပ်တဲ့ ကုဋေကြွယ် သူဌေး George Soros နဲ့ နီးစပ်တဲ့ Digicel, အန္ဒိယနိုင်ငံက Bharti Airtel, China Mobile, ဂျပန်ရဲ့ KDDI၊ အာဖရိက MTN, စင်္ကာပူ တယ်လီကွန်မြူနီကေးရှင်း၊ Axiata Group, Millicom International Cellular, QatarTelecom, Viettel Group နဲ့ နော်ဝေးရဲ့ Telenor SA တို့ ဖြစ်ကြပါတယ်။
စကာတင်ရွေးချယ်ခံရတဲ့ ကုမ္ပဏီတွေအနေနဲ့ လျောက်လွှာတွေကို ဂျွန်လ၃ ရက် မတိုင်ခင် ထပ်မံပေးပို့ရမှာဖြစ်ပြီး ဂျွန်လ ၂၇ ရက်လောက်မှာတော့ ဘယ်သူ့ကို လုပ်ခွင့် လိုင်စင် ပေးမလဲဆိုတာကို မြန်မာက ကြေညာဖို့ ရှိတယ်လို့ သိရပါတယ်။
မြန်မာအစိုးရက ဆက်သွယ်ရေးဆိုင်ရာ လိုင်စင်သစ် နှစ်ခု ချပေးဖို့ရှိပြီးမြန်မာနိုင်ငံမှာ လူဦးရေ ၁၀ % လောက်သာ မိုဘိုင်းဖုန်းကိုင်နိုင်သေးတဲ့အဆင့် ရှိတဲ့အတွက် ဒီကဏ္ဍမှာ စီးပွားရေးလုပ်ဖို့ အများကြီးအခွင့်အလမ်း
ရှိတယ်လို့ ရှုမြင်နေကြတာကြောင့် လုပ်ခွင့်လိုင်စင်ရဖို့ အလုအယက်လျောက်ထားကြတာ ဖြစ်ပါတယ်။
ABC Radio Australia
Myawady News

No comments:

Post a Comment